၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ ရန္ကုန္စီးပြားေရးတကၠသုိလ္မွ ညေနပုိင္းမဟာဘြဲ႕သင္တန္း ၀င္ခြင့္ေလွ်ာက္လႊာေခၚယူ

[Zawgyi]

ရန္ကုန္စီးပြားေရးတကၠသုိလ္မွ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ ညေနပိုင္းမဟာဘြဲ႕သင္တန္းမ်ား အတြက္ ၀င္ခြင့္ေလွ်ာက္လႊာေတြ ေခၚယူေနပါတယ္။

ေခၚယူေနတဲ့ သင္တန္းေတြကေတာ့ စီးပြားေရးလုပ္ငန္းစီမံခန္႔ခြဲမႈမဟာဘြဲ႕ (EMBA), ျပည္သူ႔ေရးရာစီမံခန္႔ခြဲမႈမဟာဘြဲ႕ (EMPA), ဖြံ႕ၿဖိဳးေရးပညာမဟာဘြဲ႕ (EMDevs) ေတြပါ။
သင္တန္းေတြကို အသိအမွတ္ျပဳတကၠသုိလ္တစ္ခုခုမွ ဘြဲ႕ရရွိၿပီးသူေတြ၊ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္မွာ အသက္ ၃၀ ျပည့္ၿပီးသူေတြ ေလွ်ာက္ထားႏုိင္ပါတယ္။

တက္ေရာက္လုိသူေတြဟာ အစုိးရ၀န္ထမ္းျဖစ္လွ်င္ ျပန္တမ္း၀င္အရာရွိ လုပ္သက္ (၈) ႏွစ္ ရွိရမွာျဖစ္ၿပီး ကုမၸဏီ၀န္ထမ္းျဖစ္ပါက Executive Level (စီမံခန္႕ခြဲမႈအဆင့္) လုပ္သက္ (၈) ႏွစ္ ရွိရမွာျဖစ္ပါတယ္။
ေလွ်ာက္လႊာေတြကို ဇူလုိင္လ ၉ ရက္မွ စတင္ ရယူႏုိင္မွာျဖစ္ၿပီး ၾသဂုတ္လ ၆ ရက္ ေနာက္ဆံုးထားကာ ျပန္လည္တင္သြင္းရမွာပါ။

ေလွ်ာက္လႊာေတြကိုေတာ့ EMBA သင္တန္းအတြက္ စီမံခန္႔ခြဲမႈပညာဌာန (ပတၱျမားေဆာင္)၊ ပါရမီလမ္း၊ ရန္ကုန္စီးပြားေရးတကၠသုိလ္ (လႈိင္နယ္ေျမ)၊ EMPA သင္တန္းအတြက္ အသုံးခ်ေဘာဂေဗဒဌာန (အခန္း ၁၁၂)၊ ရန္ကုန္စီးပြားေရးတကၠသုိလ္၊ (ကမာရြတ္နယ္ေျမ) အင္းလ်ားလမ္း၊ EMDevS သင္တန္းအတြက္ ေဘာဂေဗဒဌာန (အခန္း-၁၀၆)၊ ရန္ကုန္စီးပြားေရးတကၠသုိလ္ (ကမာရြတ္နယ္ေျမ)၊ အင္းလ်ားလမ္းမွာရယူႏုိင္မွာျဖစ္ပါတယ္။

သင္တန္း၀င္ခြင့္ေရးေျဖစာေမးပြဲကုိ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္ ၁၂ ရက္မွာ EMBA သင္တန္းကို ရန္ကုန္စီးပြားေရးတကၠသုိလ္(လႈိင္နယ္ေျမ) ၊ EMPA နဲ႔ EMDevS သင္တန္းကို ရန္ကုန္စီးပြားေရးတကၠသုိလ္ (ကမာရြတ္နယ္ေျမ) မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကို ဖုန္း-(EMBA – ၀၉ ၇၇၈၈၁၁၀၁၉၊ ၀၉၉၆၃၃၅၉၄၅၉၊ ၀၉၄၄၃၂၆၆၃၈၃၊ (EMPA- ၅၁၂၆၃၃၊ ၀၉-၄၃၁၂၇၂၃၆) ((EMDevS-၅၁၀၂၁၃) ေတြကုိ ဆက္သြယ္ေမးျမန္းႏုိင္မွာျဖစ္ပါတယ္။

-သႏၲာ

[Unicode]

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ညနေပိုင်းမဟာဘွဲ့သင်တန်းများ အတွက် ၀င်ခွင့်လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

ခေါ်ယူနေတဲ့ သင်တန်းတွေကတော့ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (EMBA), ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (EMPA), ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (EMDevs) တွေပါ။
သင်တန်းတွေကို အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှာ အသက် ၃၀ ပြည့်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

တက်ရောက်လိုသူတွေဟာ အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက် (၈) နှစ် ရှိရမှာဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းဖြစ်ပါက Executive Level (စီမံခန့်ခွဲမှုအဆင့်) လုပ်သက် (၈) နှစ် ရှိရမှာဖြစ်ပါတယ်။
လျှောက်လွှာတွေကို ဇူလိုင်လ ၉ ရက်မှ စတင် ရယူနိုင်မှာဖြစ်ပြီး သြဂုတ်လ ၆ ရက် နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမှာပါ။

လျှောက်လွှာတွေကိုတော့ EMBA သင်တန်းအတွက် စီမံခန့်ခွဲမှုပညာဌာန (ပတ္တမြားဆောင်)၊ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)၊ EMPA သင်တန်းအတွက် အသုံးချဘောဂဗေဒဌာန (အခန်း ၁၁၂)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ (ကမာရွတ်နယ်မြေ) အင်းလျားလမ်း၊ EMDevS သင်တန်းအတွက် ဘောဂဗေဒဌာန (အခန်း-၁၀၆)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အင်းလျားလမ်းမှာရယူနိုင်မှာဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၂ ရက်မှာ EMBA သင်တန်းကို ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) ၊ EMPA နဲ့ EMDevS သင်တန်းကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဖုန်း-(EMBA – ၀၉ ရ၇၈၈၁၁၀၁၉၊ ၀၉၉၆၃၃၅၉၄၅၉၊ ၀၉၄၄၃၂၆၆၃၈၃၊ (EMPA- ၅၁၂၆၃၃၊ ၀၉-၄၃၁၂၇၂၃၆) ((EMDevS-၅၁၀၂၁၃) တွေကို ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ