၂၀၁၈ အတြင္း စမတ္ဖုန္း သန္း ၁၀၀ တင္ပို႔ေရာင္းခ်ခဲ့ေၾကာင္း Huawei ထုတ္ျပန္

[ Zawgyi ]

Nova 3 မိတ္ဆက္ပြဲအခမ္းအနားမွာ ကုမၸဏီအေနနဲ႔ ဒီႏွစ္အတြင္း စမတ္ဖုန္း သန္း ၁၀၀ ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း Huawei အႀကီးအကဲ Richard Yu က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္မွာ အခ်ိန္တိုအတြင္း စမတ္ဖုန္း သန္း ၁၀၀ တင္ပို႔ေရာင္းခ်ခဲ့တဲ့ စံခ်ိန္ကိုလည္း တင္ႏိုင္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္က ကုမၸဏီအေနနဲ႔ ဒီဇင္ဘာ ၂၂ ရက္မွသာ အဆိုပါ အေရအတြက္ကို တင္ပို႔ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာေတာ့ ေအာက္တိုဘာ ၁၄ ရက္အထိ ေစာင့္ဆိုင္းခဲ့ရၿပီး ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ စက္တင္ဘာ ၁၂ ရက္မွသာ အလံုးေရ သန္း ၁၀၀ ေရာင္းခ်ခဲ့ေၾကာင္း ေၾကညာႏိုင္ခဲ့ပါတယ္။

ဒီႏွစ္မွာေတာ့ ဇူလိုင္လမွာတင္ စမတ္ဖုန္း သန္း ၁၀၀ ေရာင္းခ်ခဲ့ရတာ ျဖစ္ပါတယ္။ ကုမၸဏီအေနနဲ႔ ဒီဇင္ဘာ ၃၁ ရက္မွာ အလံုးေရ သန္း ၂၀၀ အထိ ေရာင္းခ်ႏိုင္လိမ့္မယ္လို႔လည္း Yu က ေမွ်ာ္မွန္းထားပါတယ္။

ဒီႏွစ္အတြင္း တင္ပို႔ေရာင္းခ်ခဲ့တဲ့ စမတ္ဖုန္းေတြထဲမွာ P20 နဲ႔ P20 Pro ရဲ႕ေရာင္းအားက အေကာင္းဆံုးျဖစ္ၿပီး စုစုေပါင္း ၆ သန္းေက်ာ္ရိွခဲ့ပါတယ္။ ဒါ့အျပင္ လအနည္းငယ္အတြင္း မိတ္ဆက္ဖို႔ရိွတဲ့ Mate 20 ကလည္း Huawei ရဲ႕ေမွ်ာ္မွန္းခ်က္ကို အေထာက္အကူ ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[ Unicode ]

Nova 3 မိတ်ဆက်ပွဲအခမ်းအနားမှာ ကုမ္ပဏီအနေနဲ့ ဒီနှစ်အတွင်း စမတ်ဖုန်း သန်း ၁၀၀ ရောင်းချခဲ့ပြီးဖြစ်ကြောင်း Huawei အကြီးအကဲ Richard Yu က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ အချိန်တိုအတွင်း စမတ်ဖုန်း သန်း ၁၀၀ တင်ပို့ရောင်းချခဲ့တဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ကုမ္ပဏီအနေနဲ့ ဒီဇင်ဘာ ၂၂ ရက်မှသာ အဆိုပါ အရေအတွက်ကို တင်ပို့ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အောက်တိုဘာ ၁၄ ရက်အထိ စောင့်ဆိုင်းခဲ့ရပြီး ပြီးခဲ့တဲ့နှစ်မှာတော့ စက်တင်ဘာ ၁၂ ရက်မှသာ အလုံးရေ သန်း ၁၀၀ ရောင်းချခဲ့ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ဇူလိုင်လမှာတင် စမတ်ဖုန်း သန်း ၁၀၀ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ အလုံးရေ သန်း ၂၀၀ အထိ ရောင်းချနိုင်လိမ့်မယ်လို့လည်း Yu က မျှော်မှန်းထားပါတယ်။

ဒီနှစ်အတွင်း တင်ပို့ရောင်းချခဲ့တဲ့ စမတ်ဖုန်းတွေထဲမှာ P20 နဲ့ P20 Pro ရဲ့ရောင်းအားက အကောင်းဆုံးဖြစ်ပြီး စုစုပေါင်း ၆ သန်းကျော်ရှိခဲ့ပါတယ်။ ဒါ့အပြင် လအနည်းငယ်အတွင်း မိတ်ဆက်ဖို့ရှိတဲ့ Mate 20 ကလည်း Huawei ရဲ့မျှော်မှန်းချက်ကို အထောက်အကူ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Ref: GSMArena