၂၀၁၈ ခုႏွစ္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီးသူမ်ားအတြက္ သိန္းတစ္ေထာင္တန္ဖိုးရွိ ပညာသင္ဆု ေပးအပ္မည္

[ Zawgyi ]

၂၀၁၈ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို ထူးခၽြန္စြာေအာင္ျမင္ခဲ့ၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ အတြက္ သိန္းတစ္ေထာင္တန္ဖိုးရွိ ပညာသင္ဆု Founders’ Schlorship ကုိ Myanmar Imperial College (MIC) မွေပးအပ္သြားမယ္လုိ႔ သိရပါတယ္။

ပညာသင္ဆုအေနနဲ႔ ၁၀၀ ရာခုိင္ႏႈန္း တစ္ဦး၊ ၅၀ ရာခုိင္ႏႈန္း တစ္ဦး၊ ၂၅ ရာခုိင္ႏႈန္း ႏွစ္ဦးကို ေပးအပ္သြားမွာျဖစ္တဲ့အျပင္ ၆ ဘာသာဂုဏ္ထူးရွင္မ်ားအတြက္ ၅၀ ရာခုိင္ႏႈန္း၊ ၅ ဘာသာဂုဏ္ထူးရွင္မ်ား အတြက္ ၃၀ ရာခုိင္ႏႈန္း၊ ၄ ဘာသာ ဂုဏ္ထူးရွင္မ်ားအတြက္ ၂၀ ရာခုိင္ႏႈန္း ပညာသင္ဆုေတြကို အသီးသီး ေပးအပ္သြားမွာပါ။

“ ပညာသင္ဆုကို တကၠသိုလ္၀င္တန္းေအာင္ျမင္ၿပီးသူ မည္သူမဆုိ ေလွ်ာက္ထားႏိုင္ပါတယ္။ ဂုဏ္ထူးရေက်ာင္းသားေတြ အေနနဲ႔ ပညာသင္ဆုကို Limit လုပ္မထားပါဘူး၊ ေလွ်ာက္ရင္ ေလွ်ာက္သေလာက္ အစ္မတုိ႔ ေပးသြားမွာပါ။ အစ္မတုိ႔ Founders’ Schlorship ရဲ႕ Main Category ျဖစ္တဲ့ ၁၀၀ ရာခုိင္ႏႈန္း၊ ၅၀ ရာခုိင္ႏႈန္း၊ ၂၅ ရာခိုင္ႏႈန္းေတြ အတြက္ကေတာ့ ပထမဦးဆံုး Registration လုပ္ရမယ္။ ဇြန္လ ၂၀ ရက္ေန႔မွာ ႏွစ္နာရီၾကာ စာေမးပြဲကို ေျဖဆုိရပါမယ္။ စာေမးပြဲဆုိလုိ႔ ဘာမွမေၾကာက္နဲ႔ အလြတ္က်က္စရာ ဘာမွမပါဘူး။ စိတ္ထဲမွာရွိတာကို လြတ္လပ္စြာေရြးခ်ယ္ပိုင္ခြင့္ ရွိတယ္။ စာေမးပြဲမွာ English, General Knowledge, Dream နဲ႔ ပတ္သက္တာေတြကုိ ေမးမွာျဖစ္ပါတယ္။ ဥပမာ ကုိယ္သာ President ျဖစ္ခဲ့ရင္၊ ကုိယ္သာ အိပ္မက္ကို လြတ္လြတ္လပ္လပ္ မက္ခြင့္ရခဲ့ရင္ ေနာင္ငါးႏွစ္မွာ အိပ္မက္ကို ဘယ္လုိျဖစ္ခ်င္တာလဲ၊ ဘယ္လုိပံုေဖာ္ခ်င္တာလဲ ဆုိတဲ့ ေမးခြန္းေတြကို ေမးသြားမွာပါ” လုိ႔ MIC ရဲ႕ Founder မပို႔ပို႔ၾကည္က ပညာသင္ဆုအေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္၊ ဇြန္လ ၃၀ ရက္မွာ ပညာသင္ဆုရရွိသူေတြကို ေၾကညာေပးမွာျဖစ္တဲ့အတြက္ ေလွ်ာက္ထားလုိသူေတြ အေနနဲ႔ MIC ဖုန္း-၀၉၇၃၂၁၀၀၀၁၊ ၀၉၄၂၁၁၀၀၂၂၂ ကုိ ဆက္သြယ္ စံုစမ္းေလွ်ာက္ထားႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် သိန်းတစ်ထောင်တန်ဖိုးရှိ ပညာသင်ဆု Founders’ Schlorship ကို Myanmar Imperial College (MIC) မှပေးအပ်သွားမယ်လို့ သိရပါတယ်။

ပညာသင်ဆုအနေနဲ့ ၁၀၀ ရာခိုင်နှုန်း တစ်ဦး၊ ၅၀ ရာခိုင်နှုန်း တစ်ဦး၊ ၂၅ ရာခိုင်နှုန်း နှစ်ဦးကို ပေးအပ်သွားမှာဖြစ်တဲ့အပြင် ၆ ဘာသာဂုဏ်ထူးရှင်များအတွက် ၅၀ ရာခိုင်နှုန်း၊ ၅ ဘာသာဂုဏ်ထူးရှင်များ အတွက် ၃၀ ရာခိုင်နှုန်း၊ ၄ ဘာသာ ဂုဏ်ထူးရှင်များအတွက် ၂၀ ရာခိုင်နှုန်း ပညာသင်ဆုတွေကို အသီးသီး ပေးအပ်သွားမှာပါ။

“ ပညာသင်ဆုကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။ ဂုဏ်ထူးရကျောင်းသားတွေ အနေနဲ့ ပညာသင်ဆုကို Limit လုပ်မထားပါဘူး၊ လျှောက်ရင် လျှောက်သလောက် အစ်မတို့ ပေးသွားမှာပါ။ အစ်မတို့ Founders’ Schlorship ရဲ့ Main Category ဖြစ်တဲ့ ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းတွေ အတွက်ကတော့ ပထမဦးဆုံး Registration လုပ်ရမယ်။ ဇွန်လ ၂၀ ရက်နေ့မှာ နှစ်နာရီကြာ စာမေးပွဲကို ဖြေဆိုရပါမယ်။ စာမေးပွဲဆိုလို့ ဘာမှမကြောက်နဲ့ အလွတ်ကျက်စရာ ဘာမှမပါဘူး။ စိတ်ထဲမှာရှိတာကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိတယ်။ စာမေးပွဲမှာ English, General Knowledge, Dream နဲ့ ပတ်သက်တာတွေကို မေးမှာဖြစ်ပါတယ်။ ဥပမာ ကိုယ်သာ President ဖြစ်ခဲ့ရင်၊ ကိုယ်သာ အိပ်မက်ကို လွတ်လွတ်လပ်လပ် မက်ခွင့်ရခဲ့ရင် နောင်ငါးနှစ်မှာ အိပ်မက်ကို ဘယ်လိုဖြစ်ချင်တာလဲ၊ ဘယ်လိုပုံဖော်ချင်တာလဲ ဆိုတဲ့ မေးခွန်းတွေကို မေးသွားမှာပါ” လို့ MIC ရဲ့ Founder မပို့ပို့ကြည်က ပညာသင်ဆုအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ပညာသင်ဆုရရှိသူတွေကို ကြေညာပေးမှာဖြစ်တဲ့အတွက် လျှောက်ထားလိုသူတွေ အနေနဲ့ MIC ဖုန်း-၀၉၇၃၂၁၀၀၀၁၊ ၀၉၄၂၁၁၀၀၂၂၂ ကို ဆက်သွယ် စုံစမ်းလျှောက်ထားနိုင်ပါတယ်။

-သန္တာ