၂၀၁၈ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းထုတ္ျပန္မည့္ အစီအစဥ္ ေၾကညာ

[ Zawgyi ]

၂၀၁၈ ခုႏွစ္၊ မတ္လအတြင္းက က်င္းပစစ္ေဆးခဲ့တဲ့ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ားကို ဇြန္လ ၂ ရက္၊ စေနေန႔ နံနက္ ၆ နာရီမွာ ထုတ္ျပန္ေၾကညာသြားမွာျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

ေအာင္စာရင္းမ်ားကို သက္ဆိုင္ရာ ၿမိဳ႕နယ္အသီးသီးရွိ သက္ဆိုင္ရာ စာစစ္ဌာနေက်ာင္းေတြမွာ တစ္ခ်ိန္တည္း ကပ္ထားမွာျဖစ္ပါတယ္။ အင္းစိန္ၿမိဳ႕နယ္၊ အမွတ္ (၁) အေျခခံပညာ အထက္တန္းေက်ာင္း၊ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္ (၁) အေျခခံပညာ အထက္တန္းေက်ာင္း၊ ကမာရြတ္ၿမိဳ႕နယ္၊ အမွတ္ (၃) အေျခခံပညာ အထက္တန္းေက်ာင္း၊ လမ္းမေတာ္ၿမိဳ႕နယ္၊ အမွတ္ (၁) အေျခခံပညာ အထက္တန္းေက်ာင္း၊ ဒဂုံၿမိဳ႕နယ္၊ အမွတ္ (၂) အေျခခံပညာ အထက္တန္းေက်ာင္းနဲ႔ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ အမွတ္(၁) အေျခခံပညာ အထက္တန္းေက်ာင္းေတြမွာလည္း တိုင္းေဒသႀကီး/ျပည္နယ္မ်ားရဲ႕ ေအာင္စာရင္းေတြကို ကပ္ထားမွာျဖစ္တယ္လို႔ သိရပါတယ္။

တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ ေအာင္စာရင္းမ်ားအား သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္ ပညာေရးမႉး႐ုံးမ်ားမွာ လည္းေကာင္း၊ ခရိုင္အလိုက္ သိရွိလိုပါက သက္ဆိုင္ရာ ခရိုင္ပညာေရးမႉး႐ုံးမ်ားမွာ လည္းလည္းေကာင္း၊ ၿမိဳ႕နယ္အလိုက္ သိရွိလိုပါက သက္ဆိုင္ရာ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားမွာ လည္းေကာင္း၊ ဇြန္ ၂ ရက္၊ နံနက္ ၆ နာရီ ေနာက္ပိုင္း စုံစမ္းေမးျမန္းႏိုင္တယ္လို႔သိရပါတယ္။ ပညာေရးဝန္ႀကီးဌာန Website ျဖစ္တဲ့ ဒီေနရာမွ တစ္ဆင့္လည္းေကာင္း၊ ျမန္မာနိုင္ငံစာစစ္ဦးစီးဌာန Website ျဖစ္တဲ့ ဒီေနရာမွာ လည္းေကာင္း ေအာင္စာရင္းထုတ္ျပန္တဲ့ နံနက္ ၆ နာရီမွာလည္းေကာင္း ဝင္ေရာက္ ၾကည့္ရႈနိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိတယ္လို႔ သိရပါတယ္။

၂၀၁၆ ခုႏွစ္က တကၠသိုလ္၀င္တန္းစာေမးပဲြကို ၀င္ေရာက္ေျဖဆိုသူ ၆၃၆,၂၃၇ ဦး ရွိတဲ့အနက္ ေအာင္ျမင္သူ ၁၉၀,၃၈၈ ဦး ရွိခဲ့ၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ ၂၉ ဒသမ ၉၂ ရာခိုင္ႏႈန္းရွိခဲ့ကာ ၂၀၁၇ ခုႏွစ္အတြက္ တကၠသိုလ္၀င္တန္းစာေမးပဲြကို ၀င္ေရာက္ေျဖဆိုသူ ၇၁၆,၁၁၈ ဦးရွိတဲ့အနက္ ၂၄၂,၇၃၆ ဦး ေအာင္ျမင္ခဲ့ၿပီး ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ ၃၃ ဒသမ ၈၉ ရာခိုင္ႏႈန္း ရွိခဲ့တဲ့အတြက္ ယခင္ႏွစ္ထက္ ေအာင္ခ်က္ျမင့္မားခဲ့ပါတယ္။

-ေဝေဝ

==========

[ Unicode ]

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့် အစီအစဉ် ကြေညာ

==========

၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂ ရက်၊ စနေနေ့ နံနက် ၆ နာရီမှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းတွေမှာ တစ်ချိန်တည်း ကပ်ထားမှာဖြစ်ပါတယ်။ အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွေမှာလည်း တိုင်းဒေသကြီး/ပြည်နယ်များရဲ့ အောင်စာရင်းတွေကို ကပ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများမှာ လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများမှာ လည်းလည်းကောင်း၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှာ လည်းကောင်း၊ ဇွန် ၂ ရက်၊ နံနက် ၆ နာရီ နောက်ပိုင်း စုံစမ်းမေးမြန်းနိုင်တယ်လို့သိရပါတယ်။ ပညာရေးဝန်ကြီးဌာန Website ဖြစ်တဲ့ ဒီနေရာမှ တစ်ဆင့်လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ ဒီနေရာမှာ လည်းကောင်း အောင်စာရင်းထုတ်ပြန်တဲ့ နံနက် ၆ နာရီမှာလည်းကောင်း ဝင်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုသူ ၆၃၆,၂၃၇ ဦး ရှိတဲ့အနက် အောင်မြင်သူ ၁၉၀,၃၈၈ ဦး ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၇ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုသူ ရ၁၆,၁၁၈ ဦးရှိတဲ့အနက် ၂၄၂,၇၃၆ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း ရှိခဲ့တဲ့အတွက် ယခင်နှစ်ထက် အောင်ချက်မြင့်မားခဲ့ပါတယ်။

-ဝေဝေ