၂၀၁၈ ခုႏွစ္အတြင္း Fortnite ကေန အျမတ္ေငြ ၃ ဘီလ်ံ Epic ရရွိႏိုင္

[ Zawgyi ]

ဗီဒီယိုဂိမ္းေလာကရဲ႕ နာမည္ေက်ာ္ဂိမ္းျဖစ္တဲ့ Fortnite ဟာ ၂၀၁၈ ခုႏွစ္အတြင္းမွာ အျမတ္ေငြမ်ားစြာ ရရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

Fortnite: Battle Royale ကုိ Epic Games က ထုတ္လုပ္တာျဖစ္ၿပီး download ျပဳလုပ္ၿပီး အခမဲ့ကစားႏိုင္ပါတယ္။ Epic Games ဟာ Fortnite ေၾကာင့္ ၂၀၁၈ ခုႏွစ္အတြင္း ေဒၚလာ ၃ ဘီလ်ံေလာက္ အျမတ္အစြန္း ရရွိႏိုင္တယ္လို႔ ကုမၸဏီရဲ႕ ဘ႑ာေရးကုိ သိရွိသူတစ္ဦးရဲ႕ ေျပာစကားကုိ ကုိးကားၿပီး TechCrunch ကေဖာ္ျပခဲ့ပါတယ္။ Epic ဟာ မၾကာေသးမီက ရန္ပုံေငြစုေဆာင္းမႈအတြင္း ေဒၚလာ ၁၅ ဘီလ်ံ ရရွိထားတယ္လို႔ Wall Street Journal ကေဖာ္ျပထားပါတယ္။

Fortnite ဂိမ္းဟာ ၂၀၁၇ ခုႏွစ္အေစာပုိင္းမွာ ထြက္ရွိၿပီးေနာက္ပုိင္း ေပါ့ပ္ယဥ္ေက်းမႈ ျဖစ္စဥ္ႀကီးတစ္ခု ျဖစ္လာသလို ကစားသူေတြ ႏွစ္သက္တဲ့ supply ေတြရွာေဖြတာ၊ အေဆာက္အအုံ တည္ေဆာက္တာေတြလည္း ပါဝင္လာပါတယ္။ ဒါ့အျပင္ Fortnite ဂိမ္းဟာ အားကစားေတြနဲ႔ ေပါ့ပ္စူပါစတားျဖစ္တဲ့ ဒရိတ္လိုမ်ိဳး အဆိုေတာ္ေတြကို ဆြဲေဆာင္ႏိုင္ပါတယ္။

Fortnite ဂိမ္းကို ကစားသူ သန္း ၂၀၀ ေက်ာ္ရွိတယ္လို႔ ႏိုဝင္ဘာလမွာ Epic ကေျပာၾကားထားခဲ့ပါတယ္။ အဲဒီအေရအတြက္ ဇြန္လမွာ ကစားသူ ၁၂၅ သန္းကေန ၆၀ ရာခုိင္ႏႈန္းအထိ ျမႇင့္တက္လာတာ ျဖစ္ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

ဗီဒီယိုဂိမ်းလောကရဲ့ နာမည်ကျော်ဂိမ်းဖြစ်တဲ့ Fortnite ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ အမြတ်ငွေများစွာ ရရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Fortnite: Battle Royale ကို Epic Games က ထုတ်လုပ်တာဖြစ်ပြီး download ပြုလုပ်ပြီး အခမဲ့ကစားနိုင်ပါတယ်။ Epic Games ဟာ Fortnite ကြောင့် ၂၀၁၈ ခုနှစ်အတွင်း ဒေါ်လာ ၃ ဘီလျံလောက် အမြတ်အစွန်း ရရှိနိုင်တယ်လို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးကို သိရှိသူတစ်ဦးရဲ့ ပြောစကားကို ကိုးကားပြီး TechCrunch ကဖော်ပြခဲ့ပါတယ်။ Epic ဟာ မကြာသေးမီက ရန်ပုံငွေစုဆောင်းမှုအတွင်း ဒေါ်လာ ၁၅ ဘီလျံ ရရှိထားတယ်လို့ Wall Street Journal ကဖော်ပြထားပါတယ်။

Fortnite ဂိမ်းဟာ ၂၀၁၇ ခုနှစ်အစောပိုင်းမှာ ထွက်ရှိပြီးနောက်ပိုင်း ပေါ့ပ်ယဉ်ကျေးမှု ဖြစ်စဉ်ကြီးတစ်ခု ဖြစ်လာသလို ကစားသူတွေ နှစ်သက်တဲ့ supply တွေရှာဖွေတာ၊ အဆောက်အအုံ တည်ဆောက်တာတွေလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် Fortnite ဂိမ်းဟာ အားကစားတွေနဲ့ ပေါ့ပ်စူပါစတားဖြစ်တဲ့ ဒရိတ်လိုမျိုး အဆိုတော်တွေကို ဆွဲဆောင်နိုင်ပါတယ်။

Fortnite ဂိမ်းကို ကစားသူ သန်း ၂၀၀ ကျော်ရှိတယ်လို့ နိုဝင်ဘာလမှာ Epic ကပြောကြားထားခဲ့ပါတယ်။ အဲဒီအရေအတွက် ဇွန်လမှာ ကစားသူ ၁၂၅ သန်းကနေ ၆၀ ရာခိုင်နှုန်းအထိ မြှင့်တက်လာတာ ဖြစ်ပါတယ်။

Ref: CNET