၂၀၁၈ ခုႏွစ္အကုန္တြင္ ေက်ာင္းေပါင္း ၁၀၀ သို႔ အင္တာနက္ေထာက္ပံ့မည္ဟု Mytel ေျပာၾကား

[Zawgyi]

၂၀၁၈ ခုႏွစ္ အကုန္မွာ ေက်ာင္းေပါင္း ၁၀၀ ၀န္းက်င္ကို အင္တာနက္ေထာက္ပံ့ဖို႔စီစဥ္ေနတယ္လို႔ Mytel ကေနသိရပါတယ္။

လက္ရွိမွာ ကရင္ျပည္နယ္၊ ေနျပည္ေတာ္၊ ပဲခူး၊ ရခိုင္ျပည္နယ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ တနသၤာရီတိုင္းေဒသႀကီးနဲ႔ ဧရာ၀တီတိုင္းေဒသႀကီးရွိေက်ာင္းေပါင္း ၁၃ ေက်ာင္းမွာ အခမဲ့အင္တာ နက္တပ္ဆင္ထားၿပီးျဖစ္ေၾကာင္း၊ ၂၀၁၈ ခုႏွစ္အကုန္မွာ အစိုးရနဲ႔ ပုဂၢလိကပိုင္ေက်ာင္းေတြ ဘုန္းေတာ္ ႀကီးသင္စာသင္ေက်ာင္းနဲ႔ ပရဟိတေက်ာင္း စုစုေပါင္း ၅၀ မွ ၁၀၀ အထိမွာ ဆက္လက္ေထာက္ပံ့ေပး ဖို႔ရည္ရြယ္ထားေၾကာင္း Mytel ကထုတ္ျပန္ပါတယ္။ စာသင္ေက်ာင္းေတြမွာ အခမဲ့အင္တာနက္ ေထာက္ပံ့ေပးျခင္း၊ အိုင္တီစာသင္ခန္းေတြအျဖစ္တည္ေဆာက္ျခင္းတို႔ေဆာင္ရြက္မယ္လို႔ဆိုပါတယ္။

အဲဒီအစီအစဥ္ကိုအင္တာနက္ေက်ာင္းေတာ္လို႔နာမည္ေပးထားၿပီး 4G အင္တာနက္ကိုအသံုးျပဳထား တယ္လို႔ Mytel ရဲ႕ ျပင္ပဆက္သြယ္ေရးအရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးကေျပာပါတယ္။ အင္တာနက္ ေက်ာင္းေတာ္ အခမ္းအနားတစ္ရပ္ကို ဇူလိုင္ ၂၆ ရက္က ေနျပည္ေတာ္၊ ပုပၸသီရိၿမိဳ႕၊ ေအာင္သာယာ မူလတန္းလြန္ေက်ာင္းမွာ ျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။

-ထြန္းထြန္း

[Unicode]

၂၀၁၈ ခုနှစ် အကုန်မှာ ကျောင်းပေါင်း ၁၀၀ ၀န်းကျင်ကို အင်တာနက်ထောက်ပံ့ဖို့စီစဉ်နေတယ်လို့ Mytel ကနေသိရပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးရှိကျောင်းပေါင်း ၁၃ ကျောင်းမှာ အခမဲ့အင်တာ နက်တပ်ဆင်ထားပြီးဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်အကုန်မှာ အစိုးရနဲ့ ပုဂ္ဂလိကပိုင်ကျောင်းတွေ ဘုန်းတော် ကြီးသင်စာသင်ကျောင်းနဲ့ ပရဟိတကျောင်း စုစုပေါင်း ၅၀ မှ ၁၀၀ အထိမှာ ဆက်လက်ထောက်ပံ့ပေး ဖို့ရည်ရွယ်ထားကြောင်း Mytel ကထုတ်ပြန်ပါတယ်။ စာသင်ကျောင်းတွေမှာ အခမဲ့အင်တာနက် ထောက်ပံ့ပေးခြင်း၊ အိုင်တီစာသင်ခန်းတွေအဖြစ်တည်ဆောက်ခြင်းတို့ဆောင်ရွက်မယ်လို့ဆိုပါတယ်။

အဲဒီအစီအစဉ်ကိုအင်တာနက်ကျောင်းတော်လို့နာမည်ပေးထားပြီး 4G အင်တာနက်ကိုအသုံးပြုထား တယ်လို့ Mytel ရဲ့ ပြင်ပဆက်သွယ်ရေးအရာရှိချုပ် ဦးဇော်မင်းဦးကပြောပါတယ်။ အင်တာနက် ကျောင်းတော် အခမ်းအနားတစ်ရပ်ကို ဇူလိုင် ၂၆ ရက်က နေပြည်တော်၊ ပုပ္ပသီရိမြို့၊ အောင်သာယာ မူလတန်းလွန်ကျောင်းမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

-ထွန်းထွန်း