၂၀၁၈ ခုႏွစ္မွာ ေရာင္းခ်သြားမယ့္ Epson MOVERIO စမတ္မ်က္မွန္သစ္

[ Zawgyi ]

Epson ဟာ လူသိနည္းတဲ့ MOVERIO ေမာ္ဒယ္ စမတ္မ်က္မွန္အမ်ိဳးအစားကို အြန္လိုင္းမွာ ထုတ္ေဖာ္ျပသလုိက္ပါတယ္။

အခုထုတ္ေဖာ္ျပသလုိက္တဲ့ MOVERIO BT-36E ဟာ ေမာ္ဒယ္သစ္ စမတ္မ်က္မွန္ျဖစ္ပါတယ္။ Epson ရဲ႕ MOVERIO စမတ္မ်က္မွန္ေတြဟာ ကမ႓ာေပၚက အဆင့္အျမင့္ဆုံး လုပ္ငန္းသုံး augmented reality မ်က္မွန္ေတြျဖစ္ပါတယ္။ အခုစမတ္မ်က္မွန္သစ္မွာ 720p HD ႐ုပ္ထြက္အရည္အေသြးရွိၿပီး မ်က္မွန္က ေဖာ္ျပေပးတဲ့ screen အရြယ္အစား ၈၀ လက္မက ၁၆.၄ ေပနဲ႔ ညီမွ်ပါတယ္။ မ်က္မွန္မွာ Si-OLED binocular display နဲ႔ 100,000:1 contrast ratio ပါဝင္လာပါတယ္။

Epson စမတ္မ်က္မွန္ MOVERIO BT-36E ကုိ သုံးစြဲသူရဲ႕ အျမင္အာ႐ုံနဲ႔ ဆရာဝန္ေထာက္ခံခ်က္မလိုဘဲ အသုံးျပဳႏိုင္ပါတယ္။ မ်က္မွန္ကုိလည္း လိုသလို ခ်ိန္ညႇိႏိုင္ပါတယ္။ Epson စမတ္မ်က္မွန္က ဖက္ရွင္မက်ေပမယ့္ အလြန္အသုံးဝင္ပါတယ္။

Epson ရဲ႕augmented reality display ကို ထုတ္ကုန္သစ္ေတြအားလုံးနဲ႔ တြဲဖက္အသုံးျပဳႏိုင္ဖုိ႔ HDMI နဲ႔ USB-C ႏွစ္ခုစလုံးနဲ႔ ခ်ိတ္ဆက္အသုံးျပဳႏိုင္ပါတယ္။ USB-C ကုိ ယေန႔ေခတ္ ထုတ္ကုန္အားလုံးမွာ အသုံးျပဳေနၾကၿပီး စြမ္းအင္၊ ဗီဒီယိုနဲ႔ အခ်က္အလက္ေတြ ထုတ္လႊင့္ရာမွာလည္း သုံးစြဲေနၾကပါတယ္။ ဒါ့အျပင္ Apple မဟုတ္တဲ့ စမတ္ဖုန္းအမ်ားအျပားနဲ႔လည္း အသုံးျပဳႏိုင္ပါတယ္။

Epson စမတ္မ်က္မွန္ေတြကို developer ေတြနဲ႔ လုပ္ငန္းသုံးအျပင္ တစ္ဦးခ်င္းသုံးစြဲသူေတြအတြက္လည္း ပစ္မွတ္ထားေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ MOVERIO BT-36E ကို SDK နဲ႔အတူ တင္ပို႔ေရာင္းခ်တဲ့အတြက္ သုံးစြဲသူေတြက app အတြင္းမွာ ကင္မရာနဲ႔ sensor data အားလုံးကို အျပည့္အဝအသုံးျပဳႏိုင္ပါတယ္။ Epson အေနနဲ႔ စမတ္မ်က္မွန္ေတြကုိ အိမ္တြင္းနဲ႔ အိမ္ျပင္ေတြမွာပါ အသုံးျပဳႏိုင္ေအာင္ ဖန္တီးထားပါတယ္။

Epson စမတ္မ်က္မွန္သစ္ကို MagicSky, FlyMotion နဲ႔ Gresco တို႔ကေန ႀကိဳတင္မွာယူႏိုင္ၿပီး ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၁၅ ရက္မွာ စတင္တင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ေဈးႏႈန္းကေတာ့ ေဒၚလာ ၉၀၀ ျဖစ္ပါတယ္။

စိုးထက္
Ref: SlashGear

[ Unicode ]

Epson ဟာ လူသိနည်းတဲ့ MOVERIO မော်ဒယ် စမတ်မျက်မှန်အမျိုးအစားကို အွန်လိုင်းမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

အခုထုတ်ဖော်ပြသလိုက်တဲ့ MOVERIO BT-36E ဟာ မော်ဒယ်သစ် စမတ်မျက်မှန်ဖြစ်ပါတယ်။ Epson ရဲ့ MOVERIO စမတ်မျက်မှန်တွေဟာ ကမ႓ာပေါ်က အဆင့်အမြင့်ဆုံး လုပ်ငန်းသုံး augmented reality မျက်မှန်တွေဖြစ်ပါတယ်။ အခုစမတ်မျက်မှန်သစ်မှာ 720p HD ရုပ်ထွက်အရည်အသွေးရှိပြီး မျက်မှန်က ဖော်ပြပေးတဲ့ screen အရွယ်အစား ၈၀ လက်မက ၁၆.၄ ပေနဲ့ ညီမျှပါတယ်။ မျက်မှန်မှာ Si-OLED binocular display နဲ့ 100,000:1 contrast ratio ပါဝင်လာပါတယ်။

Epson စမတ်မျက်မှန် MOVERIO BT-36E ကို သုံးစွဲသူရဲ့ အမြင်အာရုံနဲ့ ဆရာဝန်ထောက်ခံချက်မလိုဘဲ အသုံးပြုနိုင်ပါတယ်။ မျက်မှန်ကိုလည်း လိုသလို ချိန်ညှိနိုင်ပါတယ်။ Epson စမတ်မျက်မှန်က ဖက်ရှင်မကျပေမယ့် အလွန်အသုံးဝင်ပါတယ်။

Epson ရဲ့augmented reality display ကို ထုတ်ကုန်သစ်တွေအားလုံးနဲ့ တွဲဖက်အသုံးပြုနိုင်ဖို့ HDMI နဲ့ USB-C နှစ်ခုစလုံးနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ USB-C ကို ယနေ့ခေတ် ထုတ်ကုန်အားလုံးမှာ အသုံးပြုနေကြပြီး စွမ်းအင်၊ ဗီဒီယိုနဲ့ အချက်အလက်တွေ ထုတ်လွှင့်ရာမှာလည်း သုံးစွဲနေကြပါတယ်။ ဒါ့အပြင် Apple မဟုတ်တဲ့ စမတ်ဖုန်းအများအပြားနဲ့လည်း အသုံးပြုနိုင်ပါတယ်။

Epson စမတ်မျက်မှန်တွေကို developer တွေနဲ့ လုပ်ငန်းသုံးအပြင် တစ်ဦးချင်းသုံးစွဲသူတွေအတွက်လည်း ပစ်မှတ်ထားရောင်းချသွားမယ်လို့ သိရပါတယ်။ MOVERIO BT-36E ကို SDK နဲ့အတူ တင်ပို့ရောင်းချတဲ့အတွက် သုံးစွဲသူတွေက app အတွင်းမှာ ကင်မရာနဲ့ sensor data အားလုံးကို အပြည့်အဝအသုံးပြုနိုင်ပါတယ်။ Epson အနေနဲ့ စမတ်မျက်မှန်တွေကို အိမ်တွင်းနဲ့ အိမ်ပြင်တွေမှာပါ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။

Epson စမတ်မျက်မှန်သစ်ကို MagicSky, FlyMotion နဲ့ Gresco တို့ကနေ ကြိုတင်မှာယူနိုင်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှာ စတင်တင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၀၀ ဖြစ်ပါတယ်။

Ref: SlashGear