၂၀၁၆ တရုတ်စမတ်ဖုန်းဈေးကွက်ကို OPPO ဦးဆောင်

တရုတ်စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ဟာ ပြီးခဲ့တဲ့နှစ်မှာ စမတ်ဖုန်း ၇၈.၄ သန်း တင်ပို့ရောင်းချခဲ့ပြီး နာမည်ကြီး Huawei နဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Vivo တို့ကို ကျော်တက်ကာ တရုတ်စမတ်ဖုန်း ရောင်းအားစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ပထမဆုံးအကြိမ် ရပ်တည်နိုင်ခဲ့တယ်လို့ IDC က ထုတ်ပြန်လိုက်ပါတယ်။

Huawei နဲ့ Vivo ဟာ ဟန်းဆက် ၇၆.၇ သန်းနဲ့ ၆၉.၂ သန်း အသီးသီး တင်ပို့ရောင်းချခဲ့ပြီး ဒုတိယနဲ့ တတိယနေရာမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ရင် OPPO, Huawei နဲ့ Vivo တို့ရဲ့ရောင်းအားက ၁၂၂.၂ ရာခိုင်နှုန်း၊ ၂၁.၈ ရာခိုင်နှုန်းနဲ့ ၉၆.၉ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ပါတယ်။ ဝင်ငွေနည်းပါးတဲ့မြို့တွေမှာ Mid-range စမတ်ဖုန်းတွေကို ပရိုမိုးရှင်း အကြီးအကျယ်လုပ်တာက OPPO နဲ့ Vivo ရဲ့ အောင်မြင်မှုမှာ အဓိကကျခဲ့တယ်လို့ ဆိုပါတယ်။

Apple နဲ့ Xiaomi ကတော့ တရုတ်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း အမှတ်တံဆိပ်စာရင်းမှာ စတုတ္ထနဲ့ ပဉ္စမနေရာတို့မှာ အသီးသီး ရပ်တည်ခဲ့ပါတယ်။ Apple ရဲ့ ရောင်းအားဟာ ၂၀၁၅ ခုနှစ်ကထက် ၂၃.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Xiaomi ကတော့ ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

၂၀၁၆ တစ်နှစ်လုံးမှာတော့ တရုတ်ဈေးကွက်က ၈.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး နိုင်ငံအတွင်းရောင်းချခဲ့တဲ့ စုစုပေါင်းဟန်းဆက် အရေအတွက်က ၄၆၇.၃ အထိရှိခဲ့တယ်လို့ IDC က ဖော်ပြခဲ့ပါတယ်။

Ref: ZDNet