၂၀၁၅ ေနာက္ပိုင္း ဆိုက္ဘာလံုျခံဳေရး အဓိကျဖစ္လာ

[ Zawgyi ]

ဘဏ္လုပ္ငန္းေတြရဲ႕ ဘ႑ာေရးက႑ဟာ ၂၀၁၅ ေနာက္ပိုင္းမွာ Cyber Security ပိုင္းအရ အရမ္းလိုလာတဲ့ က႑တစ္ခုျဖစ္လာေၾကာင္း ဇူလိုုင္ ၁၄ ရက္ကျပဳလုပ္တဲ့ Cyber Security & Data Privacy ICT Talk ေဆြးေႏြးပြဲမွာ Myanmar Payment Union က CEO ျဖစ္သူ ဦးေဇာ္လင္းထြဋ္ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

၂၀၁၂ ေနာက္ပိုင္းမွာ ဘဏ္ေတြေတာ္ေတာ္မ်ားမ်ားဟာ Core Banking ေတြသံုးလာၾက ေၾကာင္း၊ ဗဟိုထိန္းခ်ဳပ္မႈ စနစ္ေတြလည္း လုပ္လာၾကေၾကာင္း၊ အဲ့ဒီေဆာင္ရြက္မႈေတြေၾကာင့္ ဝန္ေဆာင္မႈအသစ္ aပးလာၾကသလို၊ ဒီဂ်စ္တယ္ကတ္စနစ္၊ အင္တာနက္ ဘဏ္စနစ္၊ မိုဘိုင္းဘဏ္ စနစ္ဝန္ေဆာင္မႈ ေပးလာၾကေၾကာင္း ၎ကဆက္ေျပာပါတယ္။

“အြန္လိုင္းေပၚတက္မယ္ဆိုရင္ Cyber Security ကအဓိကျဖစ္လာတယ္၊ ၂၀၁၅ ေနာက္ပိုင္း မွာ ဆုရင္ေတာ့ Cyber Security မွာ ဘ႑ာေရးက႑မွာ တကယ့္ကိုေပၚျပဴလာ ျဖစ္လာပါတယ္” လို႔ ဦးေဇာလင္းထြဋ္ကေျပာၾကားခဲ့ပါတယ္။ ယခင္က ျမန္မာႏိုင္ငံရဲ႕ ဗဟိုထိန္းခ်ဳပ္စနစ္ကို မသံုးဘဲ သက္ဆိုင္ရာဘဏ္ခြဲေတြမွာ သူ႔ဆာဗာနဲ႔ သူ႔စနစ္နဲ႔ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အမ်ားအားျဖင့္ ဘဏ္ေတြရဲ႕ေငြလႊဲ လုပ္ငန္းေတြဟာ ဖက္စ္စနစ္နဲ႔ အသံုးျပဳတာေတြရွိေၾကာင္း၊ ထို႔အတြက္ေၾကာင့္ ဘ႑ာေရး က႑ေတြဟာ ဖြံ႔ၿဖိဳးတိုးတက္ မရွိေၾကာင္း ၎ကဆက္ေျပာပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ဘဏ်လုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးကဏ္ဍဟာ ၂၀၁၅ နောက်ပိုင်းမှာ Cyber Security ပိုင်းအရ အရမ်းလိုလာတဲ့ ကဏ္ဍတစ်ခုဖြစ်လာကြောင်း ဇူလိုုင် ၁၄ ရက်ကပြုလုပ်တဲ့ Cyber Security & Data Privacy ICT Talk ဆွေးနွေးပွဲမှာ Myanmar Payment Union က CEO ဖြစ်သူ ဦးဇော်လင်းထွဋ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

၂၀၁၂ နောက်ပိုင်းမှာ ဘဏ်တွေတော်တော်များများဟာ Core Banking တွေသုံးလာကြ ကြောင်း၊ ဗဟိုထိန်းချုပ်မှု စနစ်တွေလည်း လုပ်လာကြကြောင်း၊ အဲ့ဒီဆောင်ရွက်မှုတွေကြောင့် ဝန်ဆောင်မှုအသစ် aပးလာကြသလို၊ ဒီဂျစ်တယ်ကတ်စနစ်၊ အင်တာနက် ဘဏ်စနစ်၊ မိုဘိုင်းဘဏ် စနစ်ဝန်ဆောင်မှု ပေးလာကြကြောင်း ၎င်းကဆက်ပြောပါတယ်။

“အွန်လိုင်းပေါ်တက်မယ်ဆိုရင် Cyber Security ကအဓိကဖြစ်လာတယ်၊ ၂၀၁၅ နောက်ပိုင်း မှာ ဆုရင်တော့ Cyber Security မှာ ဘဏ္ဍာရေးကဏ္ဍမှာ တကယ့်ကိုပေါ်ပြူလာ ဖြစ်လာပါတယ်” လို့ ဦးဇောလင်းထွဋ်ကပြောကြားခဲ့ပါတယ်။ ယခင်က မြန်မာနိုင်ငံရဲ့ ဗဟိုထိန်းချုပ်စနစ်ကို မသုံးဘဲ သက်ဆိုင်ရာဘဏ်ခွဲတွေမှာ သူ့ဆာဗာနဲ့ သူ့စနစ်နဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ အများအားဖြင့် ဘဏ်တွေရဲ့ငွေလွှဲ လုပ်ငန်းတွေဟာ ဖက်စ်စနစ်နဲ့ အသုံးပြုတာတွေရှိကြောင်း၊ ထို့အတွက်ကြောင့် ဘဏ္ဍာရေး ကဏ္ဍတွေဟာ ဖွံ့ဖြိုးတိုးတက် မရှိကြောင်း ၎င်းကဆက်ပြောပါတယ်။

-အောင်သက်ကို