၂၀၁၀ ခုနှစ်တစ်လျှောက် အကြီးမားဆုံး နည်းပညာကျရှုံးမှုများ

အခုဖော်ပြမယ့် စီမံကိန်းတွေဟာ ရောက်ရှိလာတော့မယ့် ဆယ်စုနှစ်မှာ မပါဝင်နိုင်တော့မယ့် နည်းပညာဖြစ်ပါတယ်။ ကုန်ဆုံးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး ကျရှုံးမှုဖြစ်ပေါ်ခဲ့တဲ့ ထုတ်ကုန်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Google Glass

Google Glass ဟာခေတ်ရှေ့ပြေးထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ Augmented reality ဝတ်ဆင်နိုင်တဲ့နည်းပညာထုတ်ကုန်တွေနဲ့ပတ်သက်ပြီး နည်းပညာကုမ္ပဏီတွေက သံသယရှိနေကြပါတယ်။ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Google Glass ဟာ concept ထုတ်ကုန်ဖြစ်ပြီး နှေးကွေးကာ၊ အရွယ်ကြီးမားပြီး လူတွေက သဘောမကျပါဘူး။

Windows Phone

​Microsoft ဟာ Apple နဲ့ Google တို့ထက်စောပေမယ့် အဲဒီကုမ္ပဏီတွေလောက် အောင်မြင်မှုမရရှိခဲ့ပါဘူး။ Microsoft ဟာ PDA ထုတ်ကုန်ခေတ်အတွင်း Windows Mobile ကိုပျံ့နှံ့အောင် ပြုလုပ်ခဲ့ဖူးပါတယ်။ Microsoft အနေနဲ့ Windows Phone ကိုထုတ်လုပ်ဖွယ်မရှိတော့ပါဘူး။ အသစ်ထွက်ရှိမယ့် Surface Duo ဖုန်းအတွက် Android ကိုအသုံးပြုသွားမယ်လို့ သိရပါတယ်။

Fire Phone

Amazon အနေနဲ့ စမတ်ဖုန်းဈေးကွက်အတွင်း အကြီးမားဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ဖို့ အလားအလာရှိပါတယ်။ ဒါပေမဲ့ Amazon ရဲ့ပထမဆုံးဖုန်းက ရလဒ်မကောင်းခဲ့ပါဘူး။ဖုန်းရဲ့ 3D parallax မျက်နှာပြင်က ကြွားလုံးတစ်ခုဖြစ်ပြီး Android ကိုပြင်ဆင်ထားတဲ့ ဗားရှင်းကလည်း မကောင်းပါဘူး။ ဒါ့အပြင် ဘက်ထရီသက်တမ်းကလည်း တာရှည်မခံပါဘူး။ Amazon ကနေ ကုန်ပစ္စည်းဝယ်ယူဖို့ ထူးခြားတဲ့ feature တွေလည်း မပါဝင်ပါဘူး။

HTC First (ဒါမှမဟုတ်) Facebook Phone

Facebook ဟာ HTC First မှာ ‘Facebook Home’ ဆိုတဲ့ interface ထည့်သွင်းပြီး စမတ်ဖုန်းဈေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

Coolest Cooler

Cooles Cooler ဟာ Kickstarter ရဲ့စံချိန်တင် ရန်ပုံငွေရှာဖွေတဲ့ စီမံကိန်းဖြစ်ပြီး ဒေါ်လာ ၁၃ သန်းကျော်ပါတယ်။ Kickstarter မှာရန်ပုံငွေရှာပြီး ၅ နှစ်အကြာ ရန်ပုံငွေထောက်ပံ့သူတွေက ကုန်ပစ္စည်းရရှိဖို့ စောင့်ဆိုင်းနေတုန်းပါပဲ။ ဒါပေမဲ့ ထုတ်ကုန်ကလည်း သာမန်အဆင့်သာသာပဲရှိပါတယ်။အဆိုးဆုံးကတော့ ဒီလအတွင်း ကုမ္ပဏီက ငွေကြေးမရှိတော့တဲ့အတွက် ကုန်ပစ္စည်းဒါမှမဟုတ် ငွေပြန်လည်မအမ်းနိုင်တော့ဖူးလို့ ကြေညာလိုက်တာပဲဖြစ်ပါတယ်။

Google+

Google+ ဟာ Facebook ကိုနီးကပ်စွာ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ Google+ ရဲ့စနစ်ကောင်းမွန်ပြီး အချက်အလက်ကို ထိန်းချုပ်ကာ ဓာတ်ပုံအတွက် ကောင်းစွာ ထောက်ပံ့ပေးနိုင်ပါတယ်။ဒါပေမဲ့ အခြား Google စီမံကိန်းတွေလိုပဲ ရေရှည်မထိန်းသိမ်းနိုင်သလို အသုံးပြုရတာ အနည်းငယ်ရှုပ်ထွေးနေပါတယ်။ Google+ account ၅၀၀,၀၀၀ကျော်ခန့် ပေါက်ကြားထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၈ခုနှစ်အတွင်း ဝန်ဆောင်မှုကို ပိတ်သိမ်းလိုက်ပါတယ်။

MoviePass

ရုပ်ရှင်ဝါသနာအိုးတွေအတွက် တစ်လ ၁၀ ဒေါ်လာနဲ့ ရုပ်ရှင်များစွာကြည့်နိုင်မယ့် ဝန်ဆောင်မှုကို MoviePass ကပြုလုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လစဉ်ပျှမ်းမျှ ရုပ်ရှင်လက်မှတ်တစ်စောင်ဈေးနှုန်းနဲ့ အကန့်အသတ်မရှိ ရုပ်ရှင်ကြည့်ဖို့ ခွင့်ပြုတဲ့ လုပ်ငန်းဟာ အမြတ်မရှာဖွေနိုင်ပါဘူး။MoviePass ဟာငွေကြေးကုန်သွားခဲ့ပြီး ဈေးနှုန်းနဲ့ အကျိုးအမြတ်တွေ ပြောင်းလဲမှု ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ကျန်ရှိတဲ့ လစဉ်ကြေးပေးသွင်းသူတွေက ဒေါသထွက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ အကြွေးရှင်တွေကို ငွေကြေးမပေးသွင်းနိုင်တော့တာကြောင့် လုပ်ငန်းကို ပိတ်သိမ်းလိုက်ပါတယ်။

Wii U

Wii U မှာ Super Mario 3D World, Super Smash Bros 4 နဲ့ Skyward Sword အပြင် Breath of the Wild လိုမျိုး ဂိမ်းကောင်းတွေရှိပါတယ်။ ဒါပေမဲ့ Wii U ဟာ Xbox One နဲ့ PS4 လမ်းကြောင်းပေါ် မရောက်ခဲ့ပါဘူး။ ရုပ်ထွက်အရည်အသွေးက နိမ့်ပါးပြီး ဂိမ်းခလုတ်ကလည်း အလွန်ဆန်းနေပါတယ်။

Ouya

Wii U ကတော့ Android အခြေခံ Ouya ထက်စာရင် ရောင်းအားကောင်းပါသေးတယ်။ ၉၉ ဒေါ်လာတန် ဂိမ်းခလုတ် Ouya ဟာ Kickstarter မှာအောင်မြင်ခဲ့ပေမယ့် ပြဿနာများစွာနဲ့ တွေ့ကြုံခဲ့ရပြီး gaming လောကထဲ မရောက်လာတော့ပါဘူး။

Samsung Galaxy Note 7

Galaxy Note 7 ဟာ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးဖုန်းဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ Galaxy Note 7 ဟာပေါက်ကွဲတတ်တဲ့အတွက် လေယာဉ်ပေါ် သယ်ဆောင်ခွင့်ကို FAA ပိတ်ပင်ခဲ့ပါတယ်။ Samsung ဟာဖုန်းတွေကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖုန်းလုပ်ဆောင်ချက်ကို ပိတ်ပင်ဖို့ update ကိုဖြန့်ချိခဲ့ပါတယ်။

Project Ara

Project Ara ဟာဖုန်းကို အစိတ်အပိုင်းတစ်ခုစီ ပြင်ဆင်၊ အဆင့်မြှင့်တင်နိုင်တဲ့ Google concept ထုတ်ကုန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထိရောက်စွာဖြန့်ချိ ရှုပ်ထွေးလှတဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။

Vine

Vine ရဲ့ ၆ စက္ကန့်ခွဲ ဗီဒီယိုတွေက နည်းပညာလောကအပေါ် ရိုက်ခတ်ခဲ့ပါတယ်။ Vine ကြောင့် Instagram ကဗီဒီယိုထည့်သွင်းခဲ့ပြီး TikTok လည်းပေါ်ပေါက်လာတာဖြစ်ပါတယ်။Vine မှာဗီဒီယိုဖန်တီးသူတွေက ဘယ်လိုငွေကြေးရှာဖွေမလဲဆိုတာ ဖြေရှင်းဖို့ခက်ခဲပါတယ်။ ဒါကြောင့် Vine ရဲ့သက်တမ်းက တိုတောင်းပေမယ့် platform ကဗီဒီယိုဖန်တီးသူတွေက အခြား platform ပေါ်မှာ ဆက်လက်ရှိနေကြသေးပါတယ်။

LeEco

LeEco ဟာအချိန်တိုအတွင်း တိုးတက်လာခဲ့ပြီး Vizio ကို၂ ဘီလျံနဲ့ ဝယ်ယူဖို့ကြိုးစားခဲ့ပါတယ်။ Faraday Future ကိုလည်းငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ဒါပေမဲ့ LeEco ဟာငွေကြေးကုန်ဆုံးသွားခဲ့ပြီး ချက်ခြင်းဆိုသလိုပဲ နည်းပညာလောကအတွင်း ပျောက်ကွယ်သွားပါတယ်။

Faraday Future

Faraday Future ဟာ Tesla ပြီးရင် အလားအလာအရှိဆုံး လျှပ်စစ်ကားကုမ္ပဏီဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကတိပျက်ကွက်မှုတွေနဲ့ အမှုဆောင်တွေအကြား အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

BlackBerry

စမတ်ဖုန်းလောကမှာ touchscreen keyboard တွေက hardware keyboard တွေထက် ပိုမိုကောင်းမွန်လာတဲ့အခါ BlackBerry အနေနဲ့ ရပ်တည်ဖို့ ခက်ခဲလာပါတယ်။ BlackBerry ဟာ BlackBerry 10 နဲ့ Adroid နဲ့ iOS ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာ BlackBerry Mobile အမှတ်တံဆိပ်နဲ့ TCL ကို Android ဖုန်းတွေ ထုတ်လုပ်ခွင့်ပေးခဲ့ပါတယ်။ တစ်ခါက ရေပန်စားခဲ့တဲ့ BalckBerry Messenger လည်းကုမ္ပဏီ ကျဆုံးမှုနဲ့အတူ မရှင်သန်နိုင်တော့ပါဘူး။

Juicero

ဒေါ်လာ ၄၀၀တန် အသီးဖျော်စက်ဟာ အသင့်ပြုလုပ်ပြီးသား အသီးဖျော်ရည်အထုပ်ကိုပဲ ညှစ်တတ်ပါတယ်။ ဒါ့အပြင် အင်တာနက် မချိတ်ဆက်ထားရင် အလုပ်မလုပ်ပါဘူး။

Palm Pre and WebOS

Palm နဲ့ WebOS platform ဟာအလားအလာရှိတဲ့ စမတ်ဖုန်းဖြစ်ခဲ့ပါတယ်။ ခေတ်သစ်စမတ်ဖုန်းတွေက webOS ကနေ စိတ်ကူးဉာဏ်ကွန့်မြူးတာ ဒါမှမဟုတ် ကူးယူခဲ့တာ ဖြစ်ပါတယ်။ WebOS မှာ Universal search အပြင် card တွေကတစ်ဆင့် multitasking လုပ်တာ၊ OTA update တွေ၊ gesture လမ်းညွှန်မှု၊ သတိပေးချက် စီမံခန့်ခွဲမှု၊ web ​app တွေပါဝင်ပြီး Palm ကစွန့်ဦးတီထွင်ခဲ့တာ ဖြစ်ပါတယ်။ Palm ရဲ့ထုတ်ကုန်ကတော့ software လောက် တာရှည်မခံခဲ့ပါဘူး။

HP က WebOS ကိုဝယ်ယူပြီး အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ အခုဆိုရင် LG က တီဗီတွေမှာ software အဖြစ်အသုံးပြုနေပါတယ်။

Pebble

မူလ Pebble စမတ်နာရီတွေက Kickstarter မှာအောင်မြင်မှုရခဲ့ပါတယ်။ Pebble ဟာထုတ်ကုန်ကောင်းများစွာ ရောင်းချနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြွေးတွေဖြေရှင်းဖို့ ငွေကြေးမရှိတော့တဲ့အတွက် မရှင်သန်နိုင်တော့ပါဘူး။

AirPower

Apple ဟာ ထုတ်ကုန် ၃မျိုးစလုံး တစ်ပြိုင်နက်တည်း အားသွင်းနိုင်မယ့် hardware ကိုထုတ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ လက်တွေ့ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

Samsung Galaxy Fold (ပထမဆုံးဗားရှင်း)

Samsung ရဲ့ Galaxy Fold ဟာအပြုသဘောဆောင်တဲ့ သုံးသပ်ချက်တွေများစွာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့အခုလိုမအောင်မြင်ခင်က အဆိုးဝါးဆုံး ထုတ်ကုန်မိတ်ဆက်မှု ဖြစ်ခဲ့ပါတယ်။Samsung Galaxy Fold ကိုသုံးသပ်ချက်ရေးဖို့ ပထမအသုတ်ဖြန့်ချိခဲ့ပါတယ်။ အစောဆုံး ထုတ်ကုန်စမ်းသပ်သူတွေ ရရှိတဲ့ Galaxy Fold ကွဲတာ ဒါမှမဟုတ် အလုပ်မလုပ်တဲ့ပြဿနာတွေနဲ့ တွေ့ကြုံခဲ့ပါတယ်။ Galaxy Fold ရဲ့ပတ္တာထဲ ဖုန်ဝင်တာ ဒါမှမဟုတ် အကာကွယ်မရှိတဲ့ display ကွဲကြေတဲ့ ကိစ္စတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဖုန်းရဲ့ အစောပိုင်းဗားရှင်းဟာ ကွဲလွယ်တာကို တွေ့ခဲ့ရပါတယ်။

နောက်ပိုင်း Samsung ကအားနည်းချက်တွေကို ပြင်ဆင်ပြီး ထုတ်လုပ်ခဲ့တဲ့အတွက် အောင်မြင်မှုရရှိလာပါတယ်။

စိုးထက်

Ref: TheNextWeb