၁၈ လအရွယ်မှ စတင်တက်ရောက်နိုင်မည့် နွေရာသီအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်

အသက် ၁၈ လအရွယ်မှစတင်ကာ ၁၀ နှစ်အထိ ကလေးငယ်များတက်ရောက်နိုင်တဲ့ နွေရာသီအင်္ဂလိပ်စာ သင်တန်းကို Pingu’s English International Kindergarten မူကြိုကျောင်းမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းကို မတ် ၁၆ ရက်မှစတင်ကာ တနင်္လာမှသောကြာအထိ တက်ရောက်နိုင်မှာဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၉ နာရီ မှ ၁၂ နာရီနဲ့ နေ့လည် ၁ နာရီမှ ၄ နာရီအထိ ဖြစ်ပါတယ်။ အဆိုပါ Summer School မှာ ကလေးငယ်များရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာအောင် မွမ်းမံပေးခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်အောင် ပြုလုပ်ပေးခြင်း၊ ကလေးငယ်များရဲ့စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ဆောင်ရွက်ပေးခြင်း အစရှိတဲ့ အစီအစဉ်များ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Second Language များ သင်ကြားရုံတင်မကဘဲ Critical thinking တိုးတက်စေရန်လည်း မွမ်းမံပေးမှာဖြစ်သလို အရွယ်အလိုက် ပန်းချီ ဆွဲခြင်း၊ အဖွဲ့လိုက်ကစားခြင်း အစရှိတဲ့ ကျောင်းသားဗဟိုပြု စာသင်ခန်း အတွေ့အကြုံများလည်း ပါဝင်မယ်လို့သိရပါတယ်။

အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉ ၉၇၅၇၅၁၈၁၇ နဲ့ ၀၉ ၉၅၃၀၅၃၁၁၃ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ဝေဝေ