၁၇၉.၉၉ဒေါ်လာနဲ့ ရောင်းချမယ့် Microsoft ရဲ့ Xbox Elite 2

[Zawgyi]




စိုးထက်
Ref: TheVerge

[Unicode]

Microsoft ဟာ E3 2019 ပွဲမှာ နာမည်ကျော် Xbox Elite ဂိမ်းခလုတ်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဂိမ်းခလုတ်သစ်အမည်က Xbox Elite Wireless Controller Series 2 ဖြစ်ပြီး အစအဆုံး ပြန်လည် တည်ဆောက်ထားတယ်လို့ Microsoft ကပြောခဲ့ပါတယ်။ ဂိမ်းခလုတ်သစ်မှာ အဆင့်မြှင့်ထားတဲ့ တိကျမှု tool တစ်ခုကို အသုံးပြုပြီး ချိန်ညှိနိုင်တဲ့ ဘုလုံးခလုတ်တွေ ပါဝင်လာပါတယ်။

Microsoft ဟာ USB-C ထောက်ပံ့မှုနဲ့ Bluetooth ကိုထည့်သွင်းထားပြီး အားတစ်ခါသွင်းရင် နာရီ ၄၀ အထိ အသုံးပြုနိုင်ပါတယ်။ ခလုတ်ဒီဇိုင်းအတွက် လက်ကိုင်မှာ ရာဘာကိုအသုံးပြုထားပါတယ်။ ဂိမ်းခလုတ်ထဲမှာ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ option တွေနဲ့ ဂိမ်မာတွေ တောင်းဆိုနေတဲ့ key connectivity ထောက်ပံ့မှုတွေလည်း ထည့်သွင်းထားပါတယ်။

Microsoft ဟာ သြဂုတ်လမှာ အဖြူရောင်စက်ရုပ်သစ် တစ်မျိုးနဲ့ Elite ဂိမ်းခလုတ်ကို အဆင့်မြှင့်တင်ခဲ့ပေမယ့် feature သစ် မပါဝင်ပါဘူး။ ဒုတိယမျိုးဆက် Elite ဂိမ်းခလုတ်ကို တစ်နှစ်ကျော်အကြာမှ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Xbox Elite Wireless Controller Series 2 ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၁၇၉.၉၉ ဒေါ်လာနဲ့ ၂၄ နိုင်ငံ အတွင်း နိုဝင်ဘာ ၄ ရက်မှာ ဝယ်ယူနိုင်ပါမယ်။

စိုးထက်
Ref: TheVerge