၁၇၉ ဒေါ်လာနဲ့ ရောင်းချမယ့် Apple TV 4K ကို Apple မိတ်ဆက်ကြေညာ

4K Ultra HD resolution ထောက်ပံ့ပေးထားပြီး HDR 10 နဲ့ Dolby Vision ပါဝင်တဲ့ set-top-box သစ် Apple TV 4K ကို Apple က မိတ်ဆက်ကြေညာလိုက်ပါတယ်။
Apple TV သစ်မှာ iPad Pro အတိုင်း A10x fusion chip နဲ့ 3GB RAM အသုံးပြုထားပါတယ်။ ဒီ Apple TV သစ်ဟာ ယခင်မျိုးဆက်ထက် processing power နှစ်ဆပိုမိုတယ်လို့ Apple က ပြောကြားခဲ့ပါတယ်။

Apple ဟာ 4K နဲ့ HDR content တွေအတွက် Hollywood studios, Netflix တို့နဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ software and services မှ စီနီယာဒုဥက္ကဋ္ဌ Eddy Cue က ပြောကြားခဲ့ပါတယ်။ Amazon Prime 4K ဗီဒီယိုအနေနဲ့လည်း ဒီနှစ်ကုန်ပိုင်းမှာ 4K content ကို Apple TV အတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် iTunes သုံးစွဲသူတွေကလည်း လက်ရှိ iTunes library တွေထဲက HD content တွေကို 4K HDR ဗားရှင်းတွေ ထွက်ရှိလာတဲ့အခါ upgrade တွေ အလိုအလျောက်ရရှိမှာ ဖြစ်တယ်လို့ Cue က ပြောကြားပါတယ်။

Apple TV 4K ကို စက်တင်ဘာ ၁၅ ရက်ကစတင်ပြီး ကြိုတင်မှာယူနိုင်ကာ တင်ပို့ရောင်းချမှုတွေကိုတော့ စက်တင်ဘာ ၂၂ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။ တန်ဖိုးက 32GB internal storage အတွက် ၁၇၉ ဒေါ်လာဖြစ်ပြီး 64GB အတွက် ၁၉၉ ဒေါ်လာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: ZDNet