၁၆ ႏိုင္ငံသို႔ တစ္မိနစ္လွ်င္ ၂၇ က်ပ္ျဖင့္ဖုန္းေခၚဆိုႏိုင္ရန္ Telenor ျပဳလုပ္

[ Zawgyi ]

Telenor ဖုန္းနဲ႔ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံကို တစ္မိနစ္ ၂၇ က်ပ္နဲ႔ဖုန္းေခၚဆိုႏိုင္ဖို႔ျပဳလုပ္လိုက္တယ္ လို႔သိရပါတယ္။

ဇူလိုင္လကေနစၿပီးေခၚႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။ Telenor ရဲ႕ prepaid နဲ႔ star postpaid အသံုးျပဳသူေတြအေနနဲ႔ အေမရိကန္ ျပည္ေထာင္စု၊ ကေနဒါ၊ မကၠဆီကို၊ ထိုင္း၊ မေလးရွား၊ တ႐ုတ္၊ စင္ကာပူ၊ ေတာင္ကိုရီးယား၊ ေဟာင္ေကာင္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ ၾသစေၾတးလ်၊ နယူးဇီလန္၊ ေနာ္ေဝ၊ ဂ်ာမနီနဲ႔ အစၥေရးႏိုင္ငံေတြကိုေခၚဆိုႏိုင္မွာျဖစ္ပါတယ္။ မည္သည့္ မိုဘိုင္းဖုန္းနဲ႔ လိုင္း ဖုန္းနံပါတ္ ေတြကို မဆို (ၿဂိဳဟ္တုဖုန္းႏွင့္ ပရီမီယမ္နံပါတ္မ်ားမပါ၀င္ဘဲ) တစ္မိနစ္လွ်င္ ၂၇ က်ပ္ႏႈန္းထားနဲ႔ တိုက္႐ိုက္ ဖုန္းေခၚဆိုႏိုင္မယ္လို႔ ဆိုပါတယ္။ အဲဒီႏိုင္ငံေတြကို တိုက္႐ိုက္ဖုန္းေခၚဆိုမႈ ပံုမွန္ႏႈန္းထားေတြဟာ ႏိုင္ငံအေပၚမူတည္ၿပီး ၂၀၀ က်ပ္မွ ၈၀၀ က်ပ္ အထိက်သင့္ေလ့ရွိေၾကာင္း၊ အခုျပဳလုပ္လိုက္တဲ့ ပရိုမိုးရွင္း အစီအစဥ္ကို အသံုးျပဳျခင္းအားျဖင့္ ၉၇% အထိ သက္သာႏိုင္ေၾကာင္း ဆိုပါတယ္။

“ဒီ Call Like Home အထူး ႏိုင္ငံရပ္ျခား ဖုန္းေခၚဆိုမႈ ပရိုမိုးရွင္းအစီအစဥ္ကို ၂၀၁၈ ခုႏွစ္၊ ေမလမွာ စတင္မိတ္ဆက္ခဲ့ၿပီး အာရွႏိုင္ငံ ၃ ႏိုင္ငံျဖစ္တဲ့ ထိုင္း၊ တ႐ုတ္နဲ႔ မေလးရွားႏိုင္ငံေတြနဲ႔စတင္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ဖုန္းေခၚဆိုႏိုင္တဲ့ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံအထိ ရွိလာခဲ့ပါၿပီ” လို႔ Telenor Myanmar ရဲ႕ ေစ်းကြက္ေဖာ္ေဆာင္ေရး အရာရွိခ်ဳပ္ Amaresh Kumar ကေျပာပါတယ္။ Call Like Home လို႔နာမည္ေပးထားၿပီး အဲဒီအစီအစဥ္ကို My Telenor App မွတဆင့္ စာရင္းသြင္း ရယူႏိုင္မွာျဖစ္ပါတယ္။ အပတ္စဥ္သံုး ဖုန္း ေခၚဆိုမႈ အစီအစဥ္အား ရယူလိုရင္ 500 သို႔ IW27 ဟု စာတိုေပးပို႔ျခင္းျဖင့္ျဖစ္ေစ၊ *979*2*5*1# သို႔ ဖုန္းေခၚဆိုၿပီး ျဖစ္ေစလည္း ရယူႏိုင္တယ္လို႔ သိရပါတယ္။ လစဥ္သံုး ဖုန္းေခၚဆိုမႈအစီအစဥ္ကို 500 သို႔ IM27 ဟု စာတို ေပးပို႔ျခင္း ျဖင့္ျဖစ္ေစ၊ *979*2*5*2# သို႔ ဖုန္းေခၚဆို၍ ျဖစ္ေစ ရယူႏိုင္ပါတယ္။ အပတ္စဥ္သံုး ဖုန္းေခၚဆိုမႈ အစီအစဥ္ကို တစ္ႀကိမ္စာရင္းသြင္းယူဖို႔ ကုန္သြယ္လုပ္ငန္းခြန္ အပါအဝင္ ၄၅၀ က်ပ္ က်သင့္မွာ ျဖစ္ၿပီး လစဥ္သံုး ဖုန္းေခၚဆိုမႈ အစီအစဥ္အား တစ္ခါ စာရင္းသြင္းရယူပါက ကုန္သြယ္လုပ္ငန္းခြန္ အပါအဝင္ ၁၅၀၀ က်ပ္ က်သင့္မယ္လို႔ဆိုပါတယ္။

-ထြန္းထြန္း

[ Unicode ]

Telenor ဖုန်းနဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံကို တစ်မိနစ် ၂၇ ကျပ်နဲ့ဖုန်းခေါ်ဆိုနိုင်ဖို့ပြုလုပ်လိုက်တယ် လို့သိရပါတယ်။

ဇူလိုင်လကနေစပြီးခေါ်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။ Telenor ရဲ့ prepaid နဲ့ star postpaid အသုံးပြုသူတွေအနေနဲ့ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ မက္ကဆီကို၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ နယူးဇီလန်၊ နော်ဝေ၊ ဂျာမနီနဲ့ အစ္စရေးနိုင်ငံတွေကိုခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ မည်သည့် မိုဘိုင်းဖုန်းနဲ့ လိုင်း ဖုန်းနံပါတ် တွေကို မဆို (ဂြိုဟ်တုဖုန်းနှင့် ပရီမီယမ်နံပါတ်များမပါ၀င်ဘဲ) တစ်မိနစ်လျှင် ၂၇ ကျပ်နှုန်းထားနဲ့ တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီနိုင်ငံတွေကို တိုက်ရိုက်ဖုန်းခေါ်ဆိုမှု ပုံမှန်နှုန်းထားတွေဟာ နိုင်ငံအပေါ်မူတည်ပြီး ၂၀၀ ကျပ်မှ ၈၀၀ ကျပ် အထိကျသင့်လေ့ရှိကြောင်း၊ အခုပြုလုပ်လိုက်တဲ့ ပရိုမိုးရှင်း အစီအစဉ်ကို အသုံးပြုခြင်းအားဖြင့် ၉၇% အထိ သက်သာနိုင်ကြောင်း ဆိုပါတယ်။

“ဒီ Call Like Home အထူး နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှု ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ မေလမှာ စတင်မိတ်ဆက်ခဲ့ပြီး အာရှနိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံတွေနဲ့စတင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဖုန်းခေါ်ဆိုနိုင်တဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံအထိ ရှိလာခဲ့ပါပြီ” လို့ Telenor Myanmar ရဲ့ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Amaresh Kumar ကပြောပါတယ်။ Call Like Home လို့နာမည်ပေးထားပြီး အဲဒီအစီအစဉ်ကို My Telenor App မှတဆင့် စာရင်းသွင်း ရယူနိုင်မှာဖြစ်ပါတယ်။ အပတ်စဉ်သုံး ဖုန်း ခေါ်ဆိုမှု အစီအစဉ်အား ရယူလိုရင် 500 သို့ IW27 ဟု စာတိုပေးပို့ခြင်းဖြင့်ဖြစ်စေ၊ *979*2*5*1# သို့ ဖုန်းခေါ်ဆိုပြီး ဖြစ်စေလည်း ရယူနိုင်တယ်လို့ သိရပါတယ်။ လစဉ်သုံး ဖုန်းခေါ်ဆိုမှုအစီအစဉ်ကို 500 သို့ IM27 ဟု စာတို ပေးပို့ခြင်း ဖြင့်ဖြစ်စေ၊ *979*2*5*2# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ ရယူနိုင်ပါတယ်။ အပတ်စဉ်သုံး ဖုန်းခေါ်ဆိုမှု အစီအစဉ်ကို တစ်ကြိမ်စာရင်းသွင်းယူဖို့ ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၄၅၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး လစဉ်သုံး ဖုန်းခေါ်ဆိုမှု အစီအစဉ်အား တစ်ခါ စာရင်းသွင်းရယူပါက ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၁၅၀၀ ကျပ် ကျသင့်မယ်လို့ဆိုပါတယ်။

-ထွန်းထွန်း