(၁၆) ကြိမ်မြောက် Mathemania သင်္ချာပြိုင်ပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်

(၁၆) ကြိမ်မြောက် Mathemania သင်္ချာပြိုင်ပွဲကို BFI ပညာရေးမှ နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် အွန်လိုင်းမှ တစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှာ ကျင်းပမှာဖြစ်ပြီး ယခုနှစ်မှာ မူလတန်းမြင့်နဲ့ အလယ်တန်းကျောင်းသားတွေ အတွက် ရည်ရွယ်တဲ့မေးခွန်းများအပေါ် အခြေခံကာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၉ နှစ်မှ ၁၆ နှစ်အရွယ်အထိ ကျောင်းသား၊ ကျောင်းသူများအားလုံး သတ်မှတ်ထားတဲ့ Level အတိုင်း ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်တယ်လို့ သိရပါတယ်။ Level တွေကို အသက်အရွယ် ခွဲခြားသတ်မှတ်ထားပြီး Primary Level (Age 9-10), Secondary Level I (Age 11-12), Secondary Level II (Age 13-14), Secondary Level III (Age 15-16) တို့ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နိုဝင်ဘာ ၃ဝ ရက် နောက်ဆုံး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဆုကြေးအနေနဲ့ပထမဆု ၂၀၀,၀၀၀ ကျပ်အပြင် ရွှေတံဆိပ်နှင့်လက်မှတ်၊ ဒုတိယဆု ၁၅၀,၀၀၀ ကျပ် အပြင် ငွေတံဆိပ်နှင့်လက်မှတ်၊ တတိယဆု ၁၀၀,၀၀၀ ကျပ် အပြင် ကြေးတံဆိပ်နှင့်လက်မှတ် ရရှိမှာဖြစ်ပါတယ်။ မှတ်ပုံတင်ကြေး ၅,၀၀၀ ကျပ် ကောက်ခံမှာဖြစ်ပြီး ရရှိတဲ့ မှတ်ပုံတင်ကြေးမှ Covid-19 အတွက် ၁ဝ ရာခိုင်နုန်း လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို www.bfi-edu.com/mathemania မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Mathemania ပြိုင်ပွဲဟာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဂဏန်းသင်္ချာဉာဏ်စွမ်းနှင့် အမြင်ကျွမ်းကျင်မှုတို့ကို တိုးမြင့်စေပြီး ဂဏန်းရေတွက်နည်းဗျူဟာများနှင့် ကျိုးကြောင်းဆင်ခြင်နည်းလမ်းတို့ကိုလည်း ပိုပြီး တိုးတက်ကောင်းမွန်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««