၁၅.၆ လက်မ display ပါဝင်တဲ့ Mi Notebook Pro ကို Xiaomi မိတ်ဆက်

Xiaomi ဟာ Mi MIX 2 မိတ်ဆက်ပွဲမှာ Mi Notebook Pro လို့ခေါ်တဲ့ laptop သစ်တစ်မျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

Mi Notebook Pro မှာ ၁၅.၆ လက်မ display နဲ့အတူ Intel ရဲ့နောက်ဆုံးပေါ် quad-core i7 processor တွေနဲ့ Nvidia GeForce MX150 graphics တို့ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 16GB အထိ ရရှိနိုင်ပြီး သိုလှောင်မှုပမာဏကိုလည်း 1TB SSD အထိ ရရှိနိုင်ပါတယ်။


Fingerprint sensor ကို trackpad မှာ ထည့်သွင်းထားပြီး 3-in-1 card reader တစ်ခု၊ USB-C port နှစ်ခု၊ သာမန် USB port နှစ်ခုနဲ့ HDMI port တစ်ခု ပါဝင်ပါတယ်။

Mi Notebook Pro ရဲ့တန်ဖိုးက Intel Core i7 နဲ့ 16GB RAM အတွက် ၆,၉၉၉ ယွမ် (ဒေါ်လာ ၁၀၇၄)၊ Intel Core i7 နဲ့ 8GB RAM အတွက် ၆,၃၉၉ ယွမ် (ဒေါ်လာ ၉၈၀)၊ Intel Core i5 နဲ့ 8GB RAM အတွက် ၅,၅၉၉ ယွမ် (ဒေါ်လာ ၈၆၀) အသီးသီး ကျသင့်မှာဖြစ်ပါတယ်။

Ref: TheVerge/Gadgets360