၁၅ လက်မအရွယ် Microsoft ရဲ့ Surface Pro 7 ဓာတ်ပုံနဲ့အချက်အလက် ပေါက်ကြားထွက်ပေါ်

Microsoft ရဲ့ Surface ထုတ်ကုန်သစ်ဓာတ်ပုံတွေကို ဂျာနယ်လစ်နဲ့ leaker တစ်ဦးဖြစ်တဲ့ Evan Blass က ထုတ်ဖော်ပြသလိုက်ပါတယ်။

Blass ဟာ Twitter မှာ အသစ်ထွက်ရှိမယ့် Surface Pro 7, Surface Laptop 3 (၁၃ လက်မနဲ့ ၁၅ လက်မ) နဲ့ ARM ထောက်ပံ့ထားတဲ့ Surface 2-in-1 ထုတ်ကုန် ဓာတ်ပုံများစွာကို မိတ်ဆက်ခဲ့ပါတယ်။

ထုတ်ကုန်တွေက Microsoft ရဲ့ဓာတ်ပုံအစစ်အမှန်တွေ ဖြစ်နိုင်ပါတယ်။ Blass အနေနဲ့ နှစ်ပေါင်းများစွာအတွင်း ထုတ်ကုန်များစွာ တရားဝင် မဖြန့်ချိခင်မှာ ဓာတ်ပုံတွေများစွာကို ဖော်ပြပေးလေ့ရှိပါတယ်။ Microsoft အနေနဲ့ အောက်တိုဘာ၂ ရက်၊ နယူးယောက်စီးတီးမှာ ပြုလုပ်မယ့် Surface hardware ပွဲမှာ အခုထုတ်ကုန်တွေအားလုံး ကို မိတ်ဆက်နိုင်ပါတယ်။

စိုးထက်
Ref: TheVerge