(၁၅) ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲနှင့် (၅) ကြိမ်မြောက် ဂျပန်ပုံပြင် ဘာသာပြန်ပွဲ ကျင်းပမည်

(၁၅) ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနဲ့ (၅) ကြိမ်မြောက် ဂျပန်ပုံပြင် ဘာသာပြန်ပွဲ ကို ဖေဖေါ်ဝါရီ ၂ ရက်၊ ရန်ကုန်မြို့ ရှိ MAJA Education Center နဲ့ မန္တလေးမြို့ ရှိ MAJA Office (Mandalay Branch) တွေမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ဇန်နဝါရီ ၇ ရက် မှ ဇန်နဝါရီ ၂၄ ရက် အထိ လျှောက်လွှာပုံစံတွေကို လူကိုယ်တိုင်လာရောက်ထုတ်ယူ၍ဖြစ်စေ MAJA facebook စာမျက်နှာမှ ဖြစ်စေ Download ရယူကာ MAJA Head Office နဲ့ MAJA Office (Mandalay Branch) မှာ လျှောက်ထားနိုင်ပါတယ်။ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေ အနေနဲ့ မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူတွေ ဖြစ်ရမယ့်အပြင် ယခင်ဘာသာပြန်ပြိုင်ပွဲများမှာ ဆုရရှိခဲ့ဖူးသူများ မဖြစ်ရဘူးလို့ သိရပါတယ်။ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲမှာ ဂျပန်ဘာသာအရည်အချင်း N1 (သို့) N2 အဆင့်ရှိတဲ့ စကားလုံးများ ပါဝင်မှာဖြစ်ပြီး (၅) ကြိမ်မြောက် ဂျပန်ပုံပြင်ဘာသာပြန်ပြိုင်ပွဲမှာတော့ ဂျပန်ဘာသာအရည်အချင်း N3 အဆင့်ရှိသော စကားလုံးများပါဝင်မယ်လို့ သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

-သန္တာ