၁၄၉ ေဒၚလာနဲ႔ ေရာင္းခ်မယ့္ Huawei TalkBand B5

[Zawgyi]

Huawei ဟာ TalkBand B3 ေနရာဆက္ခံမယ့္ TalkBand B5 ကို Nova 3, Nova 3i နဲ႔ Kirin 710 processor တို႔နဲ႔အတူ မိတ္ဆက္ေၾကညာခဲ့ပါတယ္။

Huawei TalkBand B5 ရဲ႕ေစ်းႏႈန္းက ၁၄၉ ေဒၚလာျဖစ္ပါတယ္။ Business ဗားရွင္းအတြက္က ၁၇၈ ေဒၚလာျဖစ္ပါတယ္။ Fashion ဗားရွင္းအတြက္က ၂၂၃ ေဒၚလာ ျဖစ္ပါတယ္။

TalkBand B5 မွာ ၁.၁၃ လက္မ full color touch display နဲ႔ 2.5D curved glass ပါဝင္ပါတယ္။ Screen resolution က 300 x 160 pixels ပါ။ Display က အရင္ေမာ္ဒယ္ထက္ ၂.၄ ဆ ႀကီးမားၿပီး WeChat နဲ႔ QQ ေပၚက content ေတြအျပင္ လုပ္ငန္းစဥ္၊ SMS နဲ႔ သတင္းအပါအဝင္ အျခားအရာေတြကို ေဖာ္ျပေပးႏိုင္ပါတယ္။


TalkBand B5 ဟာ 2-in-1 ထုတ္ကုန္ျဖစ္ၿပီး fitness tracker တစ္ခုအေနနဲ႔သံုးႏိုင္သလို တစ္ဖက္တပ္ Bluetooth headset တစ္ခုအေနနဲ႔လည္း သံုးႏိုင္ပါတယ္။ လက္မွာဝတ္ဆင္ထားတဲ့အခါ fitness tracker တစ္ခုအျဖစ္သံုးႏိုင္ၿပီး ျဖဳတ္လိုက္တဲ့အခါမွာ ဖုန္းေျပာဆိုမႈအတြက္ သံုးႏိုင္တဲ့ Bluetooth headset တစ္ခုအျဖစ္ သံုးႏိုင္မွာ ျဖစ္ပါတယ္။

Pop-up Bluetooth headset မွာ triple-core audio ခ်စ္ပ္နဲ႔ high-definition အသံအျပင္ dual microphone နဲ႔ noise reduction တို႔ ပါဝင္ပါတယ္။ Caller ID support, call mute function နဲ႔ speed dial option တို႔လည္း ပါဝင္ပါတယ္။ Dual MIC noise reduction ကိုေထာက္ပံ့ေပးတဲ့ triple-core audio chip လည္း built-in ပါဝင္ပါတယ္။

ဒါ့အျပင္ အဆိုပါ wearable ထုတ္ကုန္မွာ သံုးစြဲသူရဲ႕ စိတ္ဖိစီးမႈအေျခအေနကို သိရိွၿပီး နွလံုးခုန္ႏႈန္းေျပာင္းလဲမႈကို ေလ့လာဆန္းစစ္ေပးမယ့္ Huawei TruRelax နည္းပညာပါဝင္ပါတယ္။ အဲ့ဒီေနာက္ ဒီထုတ္ကုန္က စိတ္ဖိစီးမႈေလ်ာ့ပါးေစဖို႔အတြက္ အသက္႐ွဴေလ့က်င့္ခန္းကို ေထာက္ပံ့ေပးမွာျဖစ္ပါတယ္။ Huawei TruSleep 2.0 ကလည္း သံုးစြဲသူရဲ႕ အိပ္စက္မႈပံုစံကို ေစာင့္ၾကည့္ေပးမွာျဖစ္ပါတယ္။
Huawei TruSeen 2.0 heart rate နည္းပညာက ေျပးတဲ့အခါ၊ လမ္းေလွ်ာက္တဲ့အခါ၊ စက္ဘီးစီးတဲ့အခါနဲ႔ အျခားလႈပ္ရွားမႈေတြ ျပဳလုပ္တဲ့အခါ ႏွလံုးခုန္ႏႈန္းကို ၂၄ နာရီဆက္တိုက္ ေစာင့္ၾကည့္ေပးႏိုင္ပါတယ္။ ေျခလွမ္းတြက္ခ်က္မႈ၊ ကယ္လိုရီ တြက္ခ်က္မႈနဲ႔ ခရီးအကြာအေဝး တိုင္းတာမႈစနစ္ေတြလည္း ပါဝင္ပါတယ္။
Huawei TalkBank B5 ဟာ IP67 အဆင့္ ေရစိုဒဏ္ခံႏိုင္ပါတယ္။ Bluetooth 4.2 ကေန Android 4.4 အထက္နဲ႔ iOS 9.0 အထက္ ထုတ္ကုန္ေတြနဲ႔ ခ်ိတ္ဆက္ႏိုင္ပါတယ္။ ဘက္ထရီက 108mAh ျဖစ္ၿပီး အားတစ္ႀကိမ္သြင္းရံုနဲ႔ ၆ နာရီၾကာ စကားေျပာႏိုင္ပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္

[Unicode]

Huawei ဟာ TalkBand B3 နေရာဆက်ခံမယ့် TalkBand B5 ကို Nova 3, Nova 3i နဲ့ Kirin 710 processor တို့နဲ့အတူ မိတ်ဆက်ကြေညာခဲ့ပါတယ်။

Huawei TalkBand B5 ရဲ့စျေးနှုန်းက ၁၄၉ ဒေါ်လာဖြစ်ပါတယ်။ Business ဗားရှင်းအတွက်က ၁၇၈ ဒေါ်လာဖြစ်ပါတယ်။ Fashion ဗားရှင်းအတွက်က ၂၂၃ ဒေါ်လာ ဖြစ်ပါတယ်။

TalkBand B5 မှာ ၁.၁၃ လက်မ full color touch display နဲ့ 2.5D curved glass ပါဝင်ပါတယ်။ Screen resolution က 300 x 160 pixels ပါ။ Display က အရင်မော်ဒယ်ထက် ၂.၄ ဆ ကြီးမားပြီး WeChat နဲ့ QQ ပေါ်က content တွေအပြင် လုပ်ငန်းစဉ်၊ SMS နဲ့ သတင်းအပါအဝင် အခြားအရာတွေကို ဖော်ပြပေးနိုင်ပါတယ်။


TalkBand B5 ဟာ 2-in-1 ထုတ်ကုန်ဖြစ်ပြီး fitness tracker တစ်ခုအနေနဲ့သုံးနိုင်သလို တစ်ဖက်တပ် Bluetooth headset တစ်ခုအနေနဲ့လည်း သုံးနိုင်ပါတယ်။ လက်မှာဝတ်ဆင်ထားတဲ့အခါ fitness tracker တစ်ခုအဖြစ်သုံးနိုင်ပြီး ဖြုတ်လိုက်တဲ့အခါမှာ ဖုန်းပြောဆိုမှုအတွက် သုံးနိုင်တဲ့ Bluetooth headset တစ်ခုအဖြစ် သုံးနိုင်မှာ ဖြစ်ပါတယ်။

Pop-up Bluetooth headset မှာ triple-core audio ချစ်ပ်နဲ့ high-definition အသံအပြင် dual microphone နဲ့ noise reduction တို့ ပါဝင်ပါတယ်။ Caller ID support, call mute function နဲ့ speed dial option တို့လည်း ပါဝင်ပါတယ်။ Dual MIC noise reduction ကိုထောက်ပံ့ပေးတဲ့ triple-core audio chip လည်း built-in ပါဝင်ပါတယ်။

ဒါ့အပြင် အဆိုပါ wearable ထုတ်ကုန်မှာ သုံးစွဲသူရဲ့ စိတ်ဖိစီးမှုအခြေအနေကို သိရှိပြီး နှလုံးခုန်နှုန်းပြောင်းလဲမှုကို လေ့လာဆန်းစစ်ပေးမယ့် Huawei TruRelax နည်းပညာပါဝင်ပါတယ်။ အဲ့ဒီနောက် ဒီထုတ်ကုန်က စိတ်ဖိစီးမှုလျော့ပါးစေဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Huawei TruSleep 2.0 ကလည်း သုံးစွဲသူရဲ့ အိပ်စက်မှုပုံစံကို စောင့်ကြည့်ပေးမှာဖြစ်ပါတယ်။
Huawei TruSeen 2.0 heart rate နည်းပညာက ပြေးတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ စက်ဘီးစီးတဲ့အခါနဲ့ အခြားလှုပ်ရှားမှုတွေ ပြုလုပ်တဲ့အခါ နှလုံးခုန်နှုန်းကို ၂၄ နာရီဆက်တိုက် စောင့်ကြည့်ပေးနိုင်ပါတယ်။ ခြေလှမ်းတွက်ချက်မှု၊ ကယ်လိုရီ တွက်ချက်မှုနဲ့ ခရီးအကွာအဝေး တိုင်းတာမှုစနစ်တွေလည်း ပါဝင်ပါတယ်။
Huawei TalkBank B5 ဟာ IP67 အဆင့် ရေစိုဒဏ်ခံနိုင်ပါတယ်။ Bluetooth 4.2 ကနေ Android 4.4 အထက်နဲ့ iOS 9.0 အထက် ထုတ်ကုန်တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဘက်ထရီက 108mAh ဖြစ်ပြီး အားတစ်ကြိမ်သွင်းရုံနဲ့ ၆ နာရီကြာ စကားပြောနိုင်ပါတယ်။

Ref: GizmoChina

-နောင်နောင်