၁၃ လက်မ MacBook Pro မှာ မမျှော်လင့်ဘဲ စက်ပိတ်သွားတဲ့ ပြဿနာဖြစ်ပေါ်နေ

၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိတဲ့ ၁၃ လက်မ MacBook Pro မှာ မမျှော်လင့်ဘဲ စက်ပိတ်သွားတဲ့ ပြဿနာရှိပါတယ်။ အဲဒီ ပြဿနာကို Apple က Apple support စာမျက်နှာမှာ အတည်ပြုထားပါတယ်။

၁၃ လက်မ MacBook Pro ရဲ့ဘက်ထရီ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ရောက်ရှိတဲ့အခါ စက်ပိတ်သွားတတ်တယ်လို့ MacRumors forum မှာဖော်ပြထားပါတယ်။ အဲဒီလို စက်ပိတ်သွားရင် charger နဲ့ပြန်လည်ချိတ်ဆက်ပြီး ကွန်ပျူတာကို ပြန်ဖွင့်ရပါတယ်။ အဲဒီပြဿနာ ပေါ်လာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။ MacBook Pro ရဲ့ အားသွင်းစနစ် ၉၀ ရာခိုင်နှုန်းအောက် ရောက်သွားရင် သုံးစွဲသူက charger နဲ့ချိတ်ဆက်ထားသင့်ပါတယ်။ ကွန်ပျူတာမှာ application အားလုံးကို ထွက်ပြီး sleep လုပ်ထားပြီး အနည်းဆုံး ၈ နာရီအထိ အားသွင်းသင့်ပါတယ်။ ပြီးရင်တော့ macOS နောက်ဆုံးဗားရှင်းကို အဆင့်မြှင့်တင်သင့်ပါတယ်။

တကယ်လို့ အဲဒီ နည်းလမ်းအတိုင်း ဆောင်ရွက်ပေမယ့် မမျှော်လင့်ဘဲ ကွန်ပျူတာပိတ်နေရင်တော့ Apple ကို ဆက်သွယ်ပြီး ပြင်ဆင်သင့်ပါတယ်။

စိုးထက်
Ref: Engadget