၁၁ လက်မ Samsung Galaxy Tab S7 မှာ in-display fingerprint sensor မပါဝင်

Samsung ဟာ ဩဂုတ် ၅ ရက် Unpaced ပွဲမှာ Galaxy Z Fold 2 ကို ထုတ်ဖော်ပြသဖွယ် မရှိပါဘူး။ ပွဲမှာ Note 20 ဖုန်းတွေ၊ Galaxy Z Flip 5G နဲ့ Galaxy Watch 3 အပြင် Galaxy Tab S7 အမည်ရ အဆင့်မြင့် tablet ၂ မျိုးကို မိတ်ဆက်ဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့ရက်က Galaxy Tab S7 ကို ၁၁ လက်မနဲ့ ၁၂.၄ လက်မအရွယ် ၂ မျိုး ထုတ်လုပ်မယ်လို့ သတင်းထွက်လာ သလို သရုပ်ဖော်ပုံလည်း ထွက်လာပါတယ်။ ဒီဇိုင်းက iPad Pro နဲ့ ဆင်ပါမယ်။

၁၁ လက်မ မော်ဒယ်မှာ in-display fingerprint scanner မပါဝင်ဘူး။ ပိုမိုကြီးမားတဲ့ ၁၂.၄ လက်မ tablet မှာတော့ in-display sensor ပါဝင်လာပါမယ်။ ၁၂.၄ လက်မ‌ မော်ဒယ်ကို Galaxy Tab S7+ လို့ခေါ်ဆိုပါမယ်။

Galaxy Tab S7 မှာ Qualcomm Snapdragon 865+ chipset နဲပအတူ 5G နဲ့ S Pen ထောက်ပံ့ထားပါတယ်။ S7+ မှာတော့ ဘက်ထရီ 10,090 mAh နဲ့ S7 မှာတော့ ဘက်ထရီ 7,700-7,800 mAh ပါဝင်လာနိုင်ပါတယ်။ မျက်နှာပြင်ကတော့ AMOLED ဖြစ်ပြီး စပီကာကတော့ AKG ကနေ tune လုပ်ထားပါတယ်။

-စိုးထက်