၁၀ လက္မ screen ပါဝင္ၿပီး ၃၉၉ ေဒၚလာနဲ႔ ေရာင္းခ်မယ့္ Microsoft Surface Go tablet

Microsoft ဟာ နာမည္ေက်ာ္ Surface Pro ထက္ အရြယ္ေသးငယ္ၿပီး စြမ္းေဆာင္ရည္နိမ့္တဲ့ Surface Go သစ္နဲ႔အတူ ေစ်းသက္သာတဲ့ tablet ေစ်းကြက္ထဲကို ဝင္ေရာက္လာခဲ့ပါတယ္။

Surface Go မွာ ၁၀ လက္မ screen, integrated kickstand နဲ႔ Windows 10 တို႔ပါဝင္ၿပီး ဒီဇိုင္းက Surface Pro နဲ႔ဆင္တူပါတယ္။ တန္ဖိုးက ၃၉၉ ေဒၚလာျဖစ္ၿပီး ဇူလိုင္ ၁၀ ရက္မွာ စတင္မွာယူႏိုင္ကာ ၾသဂုတ္လမွာ တင္ပို႔ေရာင္းခ်သြားမွာျဖစ္ပါတယ္။

Surface Go မွာ Microsoft ရဲ႕ Surface ဒီဇိုင္းအယူအဆကို ေျပာင္းလဲထားျခင္း မရိွပါဘူး။ 3:2 aspect ratio display (1800 x 1200 pixel resolution) ပါဝင္ၿပီး built-in ပါဝင္တဲ့ kickstand ကို အေနအထား အမ်ိဳးမ်ိဳးနဲ႔ အသံုးျပဳႏုိင္ပါတယ္။ Front-facing ကင္မရာနဲ႔ facial recogniton login လုပ္ႏိုင္သလို desktop dock တစ္ခုနဲ႔ ခ်ိတ္ဆက္ဖို႔နဲ႔ အားသြင္းဖို႔အတြက္ Microsoft ရဲ႕ Surface Connector port ပါဝင္လာပါတယ္။ ဒါ့အျပင္ USB-C 3.1 port တစ္ခု ပါဝင္တာေၾကာင့္ tablet ကို အားသြင္းရာမွာ သံုးႏိုင္သလို ဗီဒီယိုနဲ႔ ေဒတာေတြကို external device ေတြထံ ေရႊ႕ေျပာင္းရာမွာလည္း သံုးႏိုင္ပါတယ္။

Go ရဲ႕ 3:2 touchscreen ကို landscape mode နဲ႔ အလြယ္တကူ အသံုးျပဳႏိုင္သလို Windows 10 မွာ သံုးႏိုင္တဲ့ split-screen နဲ႔ multitasking mode အားလံုးကိုလည္း ေထာက္ပံ့ေပးထားပါတယ္။ အေလးခ်ိန္က ၁.၅ ေပါင္ရိွၿပီး iPad ထက္ အနည္းငယ္ေလးေပမယ့္ Surface Pro ထက္ ေပါင္ဝက္ ပိုမိုေပါ့ပါးပါတယ္။ Pro လိုပဲ Go မွာ ႀကီးမားတဲ့ screen bezel ေတြ ပါဝင္ပါတယ္။ ဒီ bezel ေတြဟာ tablet ကို ကိုင္တြယ္အသံုးျပဳဖို႔အတြက္ ေထာက္ပံ့ေပးႏိုင္သလို keyboard နဲ႔ ခ်ိတ္ဆက္အသံုးျပဳတဲ့အခါမွာလည္း ပိုၿပီးအဆင္ေျပေစမွာ ျဖစ္ပါတယ္။

Surface Pro လိုပဲ Surface Go မွာ optional keyboard cover တစ္ခုပါဝင္ၿပီး optional Surface Pen နဲ႔ တြဲဖက္အသံုးျပဳႏိုင္ပါတယ္။ Keyboard ရဲ႕တန္ဖိုးက အေရာင္ေပၚမူတည္ၿပီး ၉၉ ေဒၚလာကေန ၁၂၉ ေဒၚလာ အထိ က်သင့္ႏိုင္ပါတယ္။ Pen အတြက္က ေနာက္ထပ္ ၉၉ ေဒၚလာက်သင့္မွာျဖစ္ပါတယ္။

Surface Go မွာ Intel ရဲ႕ Pentium Gold 4415Y ပ႐ိုဆက္ဆာကို အသံုးျပဳထားပါတယ္။ RAM ကို 4GB နဲ႔ 8GB ဆိုၿပီးရရိွႏိုင္သလို သိုေလွာင္မႈပမာဏကိုလည္း 64GB နဲ႔ 128GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ ပ႐ိုဆက္ဆာက dual-core 7th-generation ေမာ္ဒယ္ျဖစ္ပါတယ္။ Go ကို ဘက္ထရီနဲ႔ ၉ နာရီၾကာ အသံုးျပဳႏိုင္တယ္လို႔ Microsoft က ေျပာၾကားခဲ့ပါတယ္။ ကနဦးမွာ Go ရဲ႕ Wi-Fi ဗားရွင္းကို ျဖန္႔ခ်ိသြားမွာျဖစ္ၿပီး LTE ေမာ္ဒယ္ကိုေတာ့ ႏွစ္ကုန္ပိုင္းမွာ ျဖန္႔ခ်ိသြားမယ္လို႔ ဆိုပါတယ္။

Go မွာ Windows 10 in S mode ကို အသံုးျပဳထားပါတယ္။ ဒါေၾကာင့္ Edge browser နဲ႔ Microsoft Store က app ေတြကိုပဲ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ ဆႏၵရိွတယ္ဆိုရင္ Surface Laptop လို S mode သံုးထားတဲ့ အျခားထုတ္ကုန္ေတြလိုပဲ သံုးစြဲသူေတြက Widnows 10 full version ကို အခမဲ့ ေျပာင္းလဲအသံုးျပဳႏုိင္တယ္လို႔ သိရပါတယ္။

https://www.youtube.com/watch?v=krRRskzHWFE

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

Microsoft ဟာ နာမည်ကျော် Surface Pro ထက် အရွယ်သေးငယ်ပြီး စွမ်းဆောင်ရည်နိမ့်တဲ့ Surface Go သစ်နဲ့အတူ စျေးသက်သာတဲ့ tablet စျေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။

Surface Go မှာ ၁၀ လက်မ screen, integrated kickstand နဲ့ Windows 10 တို့ပါဝင်ပြီး ဒီဇိုင်းက Surface Pro နဲ့ဆင်တူပါတယ်။ တန်ဖိုးက ၃၉၉ ဒေါ်လာဖြစ်ပြီး ဇူလိုင် ၁၀ ရက်မှာ စတင်မှာယူနိုင်ကာ သြဂုတ်လမှာ တင်ပို့ရောင်းချသွားမှာဖြစ်ပါတယ်။

Surface Go မှာ Microsoft ရဲ့ Surface ဒီဇိုင်းအယူအဆကို ပြောင်းလဲထားခြင်း မရှိပါဘူး။ 3:2 aspect ratio display (1800 x 1200 pixel resolution) ပါဝင်ပြီး built-in ပါဝင်တဲ့ kickstand ကို အနေအထား အမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ Front-facing ကင်မရာနဲ့ facial recogniton login လုပ်နိုင်သလို desktop dock တစ်ခုနဲ့ ချိတ်ဆက်ဖို့နဲ့ အားသွင်းဖို့အတွက် Microsoft ရဲ့ Surface Connector port ပါဝင်လာပါတယ်။ ဒါ့အပြင် USB-C 3.1 port တစ်ခု ပါဝင်တာကြောင့် tablet ကို အားသွင်းရာမှာ သုံးနိုင်သလို ဗီဒီယိုနဲ့ ဒေတာတွေကို external device တွေထံ ရွှေ့ပြောင်းရာမှာလည်း သုံးနိုင်ပါတယ်။

Go ရဲ့ 3:2 touchscreen ကို landscape mode နဲ့ အလွယ်တကူ အသုံးပြုနိုင်သလို Windows 10 မှာ သုံးနိုင်တဲ့ split-screen နဲ့ multitasking mode အားလုံးကိုလည်း ထောက်ပံ့ပေးထားပါတယ်။ အလေးချိန်က ၁.၅ ပေါင်ရှိပြီး iPad ထက် အနည်းငယ်လေးပေမယ့် Surface Pro ထက် ပေါင်ဝက် ပိုမိုပေါ့ပါးပါတယ်။ Pro လိုပဲ Go မှာ ကြီးမားတဲ့ screen bezel တွေ ပါဝင်ပါတယ်။ ဒီ bezel တွေဟာ tablet ကို ကိုင်တွယ်အသုံးပြုဖို့အတွက် ထောက်ပံ့ပေးနိုင်သလို keyboard နဲ့ ချိတ်ဆက်အသုံးပြုတဲ့အခါမှာလည်း ပိုပြီးအဆင်ပြေစေမှာ ဖြစ်ပါတယ်။

Surface Pro လိုပဲ Surface Go မှာ optional keyboard cover တစ်ခုပါဝင်ပြီး optional Surface Pen နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ Keyboard ရဲ့တန်ဖိုးက အရောင်ပေါ်မူတည်ပြီး ၉၉ ဒေါ်လာကနေ ၁၂၉ ဒေါ်လာ အထိ ကျသင့်နိုင်ပါတယ်။ Pen အတွက်က နောက်ထပ် ၉၉ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

Surface Go မှာ Intel ရဲ့ Pentium Gold 4415Y ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM ကို 4GB နဲ့ 8GB ဆိုပြီးရရှိနိုင်သလို သိုလှောင်မှုပမာဏကိုလည်း 64GB နဲ့ 128GB ဆိုပြီး ရရှိနိုင်ပါတယ်။ ပရိုဆက်ဆာက dual-core 7th-generation မော်ဒယ်ဖြစ်ပါတယ်။ Go ကို ဘက်ထရီနဲ့ ၉ နာရီကြာ အသုံးပြုနိုင်တယ်လို့ Microsoft က ပြောကြားခဲ့ပါတယ်။ ကနဦးမှာ Go ရဲ့ Wi-Fi ဗားရှင်းကို ဖြန့်ချိသွားမှာဖြစ်ပြီး LTE မော်ဒယ်ကိုတော့ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။

Go မှာ Windows 10 in S mode ကို အသုံးပြုထားပါတယ်။ ဒါကြောင့် Edge browser နဲ့ Microsoft Store က app တွေကိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဆန္ဒရှိတယ်ဆိုရင် Surface Laptop လို S mode သုံးထားတဲ့ အခြားထုတ်ကုန်တွေလိုပဲ သုံးစွဲသူတွေက Widnows 10 full version ကို အခမဲ့ ပြောင်းလဲအသုံးပြုနိုင်တယ်လို့ သိရပါတယ်။

https://www.youtube.com/watch?v=krRRskzHWFE

-နောင်နောင်
Ref: TheVerge