၁၀ တန်းအောင် ကျောင်းသူ၊ကျောင်းသားများအတွက် နိုင်ငံတကာပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

၁၀ တန်းအောင် ကျောင်းသူ၊ကျောင်းသားတွေအတွက် နိုင်ငံတကာပညာရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်၊ ညနေ ၆ နာရီမှ ၈ နာရီအထိ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲတွင် အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံမှာ တက္ကသိုလ်ဆက်မတက်ဘဲ နိုင်ငံခြားမှာ Medical, Engineering, Business, IT, Science, Arts ဆက်စပ်ဘာသာရပ် သွားရောက်သင်ယူလိုသူတွေအတွက် ကနေဒါနိုင်ငံအစိုးရ Ontario, Ministry of Education အသိအမှတ်ပြု Canada Grade 12 Program (OSSD) အကြောင်းကို ကနေဒါနိုင်ငံ Rosedale Academy က တာဝန်ရှိသူနဲ့ တိုက်ရိုက်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။အမှတ်စာရင်းသိထားတဲ့ မြန်မာ (၁၀) တန်းအောင် ကျောင်းသူ/သားတွေ၊ Secondary 2,3,4 နဲ့ iGCSE ပြီးထားတဲ့ ကျောင်းသူ/သားတွေ၊ မြန်မာနိုင်ငံအတွင်းက British Curriculum/ American Curriculum နဲ့ သင်ယူထားတဲ့ ကျောင်းသူ/သားတွေ၊ နာမည်ကျော် University of Cambridge, University of Oxford, UCLအပြင် University of Toronto, Mc Gill University, University of British Columbia နဲ့ Australia G8 စာရင်းဝင်တက္ကသိုလ်တွေသာမက သက်ဆိုင်ရာနိုင်ငံအသီးသီးက Ranking 1-10 စာရင်းဝင်တက္ကသိုလ်တွေမှာ Bachelor Degree သွားရောက်သင်ကြားလိုသူတွေ၊ နိုင်ငံတကာမှာ Medicine Program (MBBS, Surgery, Biomedical Science အစရှိတဲ့) ဘာသာရပ်တွေကို ကျောင်းကောင်းကောင်းမှာ တက်ရောက်သင်ကြားလိုသူတွေ တက်ရောက်နိုင်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ www.bit.ly/crownevent ကနေတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««