
၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှ ာကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယခုကျင်းပပြုလုပ်တဲ့ ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 အခမ်းအနားဟာ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ(International Schools)တို့ ပထမဆုံးအကြိမ် ပေါင်းစည်းကျင်းပသဖြင့် မြန်မာ့ ပညာရေးတွင် ထူးခြားသော ကျောင်းသားပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိ၊ အားလုံးပါဝင်မှုကို အဓိကဆောင်ရွက်ပြီး မည်သူ တစ်ဦးတစ်ယောက်မျှမကျန်စေရဟူသော ပညာရေးမူဝါဒကို အမြဲလက်ကိုင်ထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းသားများကို နိုင်ငံသားကောင်းများဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်မှုသည် အလွန်အရေးကြီးပါကြောင်း၊ တစ်ဦးချင်းစီ၏ စိတ်ဓာတ်ကောင်းများကို ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်သင်ယူရန်လိုအပ်ပါကြောင်း၊ သင်ယူမှုလုပ်ငန်းများကို ဇုန်(၅)ဇုန်ခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသဖြင့် ထိုဇုန်များတွင် ကျောင်းသား ကျောင်းသူများအချင်းချင်း ပူးပေါင်းသင်ယူကြရန်နှင့် ကျောင်း သင်ခန်းစာတစ်ခုအနေဖြင့် Project Based Learning ကို ထည့်သွင်းဆောင်ရွက်ကြရန် အရေး ကြီးပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကပြောကြားခဲ့ပါတယ်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက်မှ ပုဂ္ဂိုလ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ပါတယ်။
-သန္တာ