ျမန္ႏႈန္းျမင့္မားတဲ့ Samsung ရဲ႕ Thunderbolt 3 SSD

[ Zawgyi ]

Samsung ဟာ ဖိုင္အႀကီးစားေတြကုိ လ်င္ျမန္စြာကူးယူဖို႔ လိုအပ္တဲ့ IT ကၽြမ္းက်င္သူေတြနဲ႔ content ဖန္တီးသူေတြအတြက္ ကုမၸဏီရဲ႕ပထမဆုံး NVME အေျခခံ SSD ျဖစ္တဲ့ Portable SSD X5 ကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။

အဲဒီ SSD ရဲ႕ read ျမန္ႏႈန္းက တစ္စကၠန္႔ 2,800MB ျဖစ္ၿပီး write ျမန္ႏႈန္းက တစ္စကၠန္႔ 2,300MB (500GB ေမာ္ဒယ္မွာေတာ့ တစ္စကၠန္႔ 2,100MB) ျဖစ္ပါတယ္။ အဲဒီ read နဲ႔ write ျမန္ႏႈန္းေတြက 40Gbps bandwidth Thunderbolt 3 ေပါင္းစပ္ ထားတဲ့အတြက္ X5 ပုိင္ဆိုင္သူေတြအေနနဲ႔ ၁၂ စကၠန္႔ေလာက္နဲ႔ 20GB ဖုိင္ကုိ ကူးယူႏိုင္တယ္လို႔ Samsung က ေျပာပါတယ္။

4K ဗီဒီယိုဖိုင္ ဒါမွမဟုတ္ ႐ုပ္ထြက္အရည္အေသြးျမင့္ ဓာတ္ပုံေတြကို ကူးယူတဲ့အခါမွာ Samsung ရဲ႕ Portable SSD X5 က အသုံးဝင္လာမွာ ျဖစ္ပါတယ္။ Portable SSD X5 ကုိအသုံးျပဳႏိုင္ဖို႔ Thunderbolt 3 port ပါဝင္တဲ့ Mac ဒါမွမဟုတ္ PC လိုအပ္ၿပီး USB နဲ႔ အသုံးမျပဳႏိုင္ပါဘူး။ အဲဒီ drive ရဲ႕အေလးခ်ိန္က ၁၅၀ ဂရမ္ရွိၿပီး အၾကမ္းခံႏိုင္ရည္ရွိသလို အပူခ်ိန္လြန္ကဲမႈမျဖစ္ေအာင္ ကာကြယ္ထားပါတယ္။ ဒ့ါအျပင္ အခ်က္အလက္ေတြကုိ ကာကြယ္ဖို႔ AES 256-bit hardware encryption ပါဝင္လာပါတယ္။ X5 ကို စက္တင္ဘာလ ၃ ရက္မွာ 500GB ေမာ္ဒယ္ကို ေဒၚလာ ၄၀၀၊ 1TB ေမာ္ဒယ္ကုိ ေဒၚလာ ၇၀၀၊ 2TB ေမာ္ဒယ္ကို ေဒၚလာ ၁,၄၀၀ အသီးသီးနဲ႔ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ Portable SSD X5 မွာ သုံးႏွစ္ အာမခံ ပါဝင္ပါတယ္။

စိုးထက္
Ref: Engadget

[ Unicode ]

Samsung ဟာ ဖိုင်အကြီးစားတွေကို လျင်မြန်စွာကူးယူဖို့ လိုအပ်တဲ့ IT ကျွမ်းကျင်သူတွေနဲ့ content ဖန်တီးသူတွေအတွက် ကုမ္ပဏီရဲ့ပထမဆုံး NVME အခြေခံ SSD ဖြစ်တဲ့ Portable SSD X5 ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။

အဲဒီ SSD ရဲ့ read မြန်နှုန်းက တစ်စက္ကန့် 2,800MB ဖြစ်ပြီး write မြန်နှုန်းက တစ်စက္ကန့် 2,300MB (500GB မော်ဒယ်မှာတော့ တစ်စက္ကန့် 2,100MB) ဖြစ်ပါတယ်။ အဲဒီ read နဲ့ write မြန်နှုန်းတွေက 40Gbps bandwidth Thunderbolt 3 ပေါင်းစပ် ထားတဲ့အတွက် X5 ပိုင်ဆိုင်သူတွေအနေနဲ့ ၁၂ စက္ကန့်လောက်နဲ့ 20GB ဖိုင်ကို ကူးယူနိုင်တယ်လို့ Samsung က ပြောပါတယ်။

4K ဗီဒီယိုဖိုင် ဒါမှမဟုတ် ရုပ်ထွက်အရည်အသွေးမြင့် ဓာတ်ပုံတွေကို ကူးယူတဲ့အခါမှာ Samsung ရဲ့ Portable SSD X5 က အသုံးဝင်လာမှာ ဖြစ်ပါတယ်။ Portable SSD X5 ကိုအသုံးပြုနိုင်ဖို့ Thunderbolt 3 port ပါဝင်တဲ့ Mac ဒါမှမဟုတ် PC လိုအပ်ပြီး USB နဲ့ အသုံးမပြုနိုင်ပါဘူး။ အဲဒီ drive ရဲ့အလေးချိန်က ၁၅၀ ဂရမ်ရှိပြီး အကြမ်းခံနိုင်ရည်ရှိသလို အပူချိန်လွန်ကဲမှုမဖြစ်အောင် ကာကွယ်ထားပါတယ်။ ဒ့ါအပြင် အချက်အလက်တွေကို ကာကွယ်ဖို့ AES 256-bit hardware encryption ပါဝင်လာပါတယ်။ X5 ကို စက်တင်ဘာလ ၃ ရက်မှာ 500GB မော်ဒယ်ကို ဒေါ်လာ ၄၀၀၊ 1TB မော်ဒယ်ကို ဒေါ်လာ ရ၀၀၊ 2TB မော်ဒယ်ကို ဒေါ်လာ ၁,၄၀၀ အသီးသီးနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Portable SSD X5 မှာ သုံးနှစ် အာမခံ ပါဝင်ပါတယ်။

စိုးထက်
Ref: Engadget