ျမန္မာႏုိင္ငံ၏ ေစ်းကြက္ရွာေဖြေရးစနစ္သည္ ဒီဂ်စ္တယ္စနစ္ေပၚမီီွခုိ သည့္ စနစ္အျဖစ္အသြင္ေျပာင္းလာ

[ Zawgyi ]

ျမန္မာႏုိင္ငံရဲ႕ ေစ်းကြက္ရွာေဖြေရးစနစ္သည္ ဒီဂ်စ္တယ္စနစ္သုိ႔ ဦးတည္သြားၿပီးျဖစ္ၿပီး အနာဂတ္တြင္ ဒီဂ်စ္တယ္ မားကက္တင္းႏွင့္ ပက္သက္ေသာ အလုပ္အကိုင္မ်ားကုိ ပုိမုိေခၚယူႏုိင္ဖြယ္ရွိေၾကာင္း JobNet.com.mm မွျပဳလုပ္ေသာSales & Marketing Career Conference 2018 အတြင္းပညာရွင္မ်ားရဲ႕ ထုတ္ေဖာ္ေျပာၾကားခ်က္အရ သိရပါတယ္။

“ဒီဂ်စ္တယ္ မားကတ္တင္းက ျမန္မာႏုိင္ငံမွာ အားေကာင္းလာပါတယ္။ ေရွ႕ဆက္ၿပီးေတာ့လည္း ဒီဂ်ငစ္တယ္မားကတ္တင္းက အလားအေကာင္းေတြ ရွိပါတယ္။ ဒီဂ်စ္တယ္ မားကတ္တင္းဆုိရင္ ႀကိဳတင္ျပင္ဆင္ၿပီး လုပ္ေဆာင္ရတာေတြလည္းရွိပါတယ္။ ဒီေန႔ေဆြးေႏြးပြဲမွာ အားလုံးက ဒီဂ်စ္တယ္ မီဒီယာက ဖြံ႔ၿဖိဳးလာၿပီး ပုိအားေကာင္းလာတာကုိ ေဆြးေႏြးခဲ့ၾကပါတယ္” ဟု Ooredoo ရဲ႕ Marketing ႏွင့္ Communication Director ေဒၚပြင့္ဦးေဆြကေျပာပါတယ္။

ျမန္မာႏိုင္ငံ၏ ထိပ္တန္းအလုပ္အကုိင္ရွာေဖြေရး Website တစ္ခုျဖစ္ေသာ JobNet.com.mm မွ ႀကီးမွဴးၿပီး Sales & Marketing Career Conference 2018 အလုပ္အကုိင္ျပပြဲႀကီးကို ၂၀၁၈ ခုနွစ္ ၊ ဇြန္လ ၃ ရက္ေန႔၊ မနက္ (၉) နာရီမွစတင္ကာ ညေန (၅) နာရီ ထိ ရန္ကုန္ျမိဳ႕ရိွ Rose Garden ဟုိတယ္ႀကီးတြင္ က်င္းပျပဳလုပ္ခဲ့ၿပီး အဆုိပါပြဲႀကီးသည္ ျမန္မာႏိုင္ငံတြင္း Sales ႏွင့္ Marketing ပိုင္းလုပ္သားေခၚယူလိုေသာ ကုမၸဏီႀကီးမ်ားက ႏိုင္ငံတြင္းရိွ Sales ႏွင့္ Marketing ပိုင္းမ်ားမွ လုပ္သားမ်ားအား အလုပ္ေခၚယူခဲ့ၾကၿပီး အလုပ္အကုိင္ ရွာေဖြသူေပါင္း ၃ ေထာင္ေက်ာ္ တက္ေရာက္ခဲ့ၾကသည္။

အဆိုပါ Sales & Marketing Career Conference 2018 ႀကီးတြင္ MPT၊ Coca Cola၊ YOMA၊ OOREDOO Wall Street English ၊ CDSG ၊ Cannel + စေသာ ထိပ္တန္းကုမၸဏီမ်ားအျပင္ ကုမၸဏီ ေပါင္း ၃၀ ေက်ာ္မွ ပါဝင္ပ့ံပိုးေပးတယ္လုိ႔ သိရပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

မြန်မာနိုင်ငံရဲ့ စျေးကွက်ရှာဖွေရေးစနစ်သည် ဒီဂျစ်တယ်စနစ်သို့ ဦးတည်သွားပြီးဖြစ်ပြီး အနာဂတ်တွင် ဒီဂျစ်တယ် မားကက်တင်းနှင့် ပက်သက်သော အလုပ်အကိုင်များကို ပိုမိုခေါ်ယူနိုင်ဖွယ်ရှိကြောင်း JobNet.com.mm မှပြုလုပ်သောSales & Marketing Career Conference 2018 အတွင်းပညာရှင်များရဲ့ ထုတ်ဖော်ပြောကြားချက်အရ သိရပါတယ်။

“ဒီဂျစ်တယ် မားကတ်တင်းက မြန်မာနိုင်ငံမှာ အားကောင်းလာပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီဂျငစ်တယ်မားကတ်တင်းက အလားအကောင်းတွေ ရှိပါတယ်။ ဒီဂျစ်တယ် မားကတ်တင်းဆိုရင် ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ရတာတွေလည်းရှိပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ အားလုံးက ဒီဂျစ်တယ် မီဒီယာက ဖွံ့ဖြိုးလာပြီး ပိုအားကောင်းလာတာကို ဆွေးနွေးခဲ့ကြပါတယ်” ဟု Ooredoo ရဲ့ Marketing နှင့် Communication Director ဒေါ်ပွင့်ဦးဆွေကပြောပါတယ်။

မြန်မာနိုင်ငံ၏ ထိပ်တန်းအလုပ်အကိုင်ရှာဖွေရေး Website တစ်ခုဖြစ်သော JobNet.com.mm မှ ကြီးမှူးပြီး Sales & Marketing Career Conference 2018 အလုပ်အကိုင်ပြပွဲကြီးကို ၂၀၁၈ ခုနှစ် ၊ ဇွန်လ ၃ ရက်နေ့၊ မနက် (၉) နာရီမှစတင်ကာ ညနေ (၅) နာရီ ထိ ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲကြီးသည် မြန်မာနိုင်ငံတွင်း Sales နှင့် Marketing ပိုင်းလုပ်သားခေါ်ယူလိုသော ကုမ္ပဏီကြီးများက နိုင်ငံတွင်းရှိ Sales နှင့် Marketing ပိုင်းများမှ လုပ်သားများအား အလုပ်ခေါ်ယူခဲ့ကြပြီး အလုပ်အကိုင် ရှာဖွေသူပေါင်း ၃ ထောင်ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါ Sales & Marketing Career Conference 2018 ကြီးတွင် MPT၊ Coca Cola၊ YOMA၊ OOREDOO၊ Wall Street English ၊ CDSG ၊ Cannel + စသော ထိပ်တန်းကုမ္ပဏီများအပြင် ကုမ္ပဏီ ပေါင်း ၃၀ ကျေုာ် မှ ပါဝင်ပ့ံပိုးပေးတယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း