မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်မှ ဝင်ခွင့်ရမှတ် ပြောင်းလဲသတ်မှတ်

[ Zawgyi ]




[ Unicode ]

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်ကို ပြောင်းလဲခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

ယခင်က တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၄၇၀ နဲ့အထက် သတ်မှတ်ထားခဲ့ပြီး ယခုအခါ တက္ကသိုလ်ဝင် စာမေးပွဲ စုစုပေါင်းရမှတ် ၄၄၀ နဲ့အထက် ရရှိသူတွေ ထပ်မံ လျှောက်ထားနိုင်မယ်လို့ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ စက်တင်ဘာ ၁၃ ရက် နောက်ဆုံးထားကာ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကို တိုက်ရိုက်လျှောက်ထားရမှာဖြစ်ပါတယ်။

အသေးစိတ်ကို www.mmu.edu.mm မှာ ၀င်ရောက် ကြည့်ရှုနိုင်သလို ဖုန်း – ၀၉၄၅၈၁၃၈၀၇၇ နဲ့ ၀၉၇၉၈၁၈၄၃၃၂ ကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။