ျမန္မာႏုိင္ငံေတာ္ဗဟိုဘဏ္မွ Digital Currency မ်ားႏွင့္ပတ္သက္၍ ေၾကာညာခ်က္ထုတ္ျပန္

[ Zawgyi ]

ျမန္မာႏုိင္ငံေတာ္ဗဟိုဘဏ္မွ Cryptocurrency အပါအ၀င္ Digital Currency မ်ားကို တရား၀င္ေငြေၾကးအျဖစ္ သတ္မွတ္ထားျခင္းမရွိေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

၎တုိ႔ကုိ ေရာင္း၊ ၀ယ္ လဲလွယ္ျခင္းေတြကို ေဆာင္ရြက္ရန္ ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားသို႔ ခြင့္ျပဳထားျခင္း မရွိေသာေၾကာင့္ Cryptocurrency အပါအ၀င္ Digital Currency မ်ားကို အြန္လိုင္းမွ တစ္ဆင့္ေသာ္လည္းေကာင္း၊ လူကုိယ္တုိင္ေသာ္လည္းေကာင္း ၊ ေရာင္း/၀ယ္လဲလွယ္မႈေတြေဆာင္ရြက္ပါက သံုးစြဲေဆာင္ရြက္သူမ်ား ဆံုး႐ံုးႏုိင္ေျခရွိတယ္လုိ႔ ထုတ္ျပန္ခ်က္မွာ ပါ၀င္ပါတယ္။

Digital Currency ေတြျဖစ္တဲ့ Cryptocurrency: Bitcoin (BTC), Litecoin (LTC), Ethereum (ETH) နဲ႔ Perfect Money (PM) ေတြကို Personal Facebook အေကာင့္မ်ား၊ Web Page ေတြကေန တစ္ဆင့္ ေရာင္း/၀ယ္၊ လဲလွယ္မႈေတြကုိ မိမိကုိယ္တုိင္ေသာ္လည္းေကာင္း၊ ၀န္ေဆာင္မႈေပးတဲ့ပံုစံနဲ႔ေသာ္လည္းေကာင္း ေဆာင္ရြက္ေနၾကသည္ကို ေတြ႕ရွိေနရတဲ့အတြက္ ယခုလုိ အသိေပးေၾကညာခ်က္ ထုတ္ျပန္ရျခင္းျဖစ္တယ္လို႔ သိရပါတယ္။

-သႏၲာ

[ Unicode ]

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Cryptocurrency အပါအဝင် Digital Currency များကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

၎င်းတို့ကို ရောင်း၊ ၀ယ် လဲလှယ်ခြင်းတွေကို ဆောင်ရွက်ရန် ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်း မရှိသောကြောင့် Cryptocurrency အပါအဝင် Digital Currency များကို အွန်လိုင်းမှ တစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ၊ ရောင်း/၀ယ်လဲလှယ်မှုတွေဆောင်ရွက်ပါက သုံးစွဲဆောင်ရွက်သူများ ဆုံးရုံးနိုင်ခြေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

Digital Currency တွေဖြစ်တဲ့ Cryptocurrency: Bitcoin (BTC), Litecoin (LTC), Ethereum (ETH) နဲ့ Perfect Money (PM) တွေကို Personal Facebook အကောင့်များ၊ Web Page တွေကနေ တစ်ဆင့် ရောင်း/၀ယ်၊ လဲလှယ်မှုတွေကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ ၀န်ဆောင်မှုပေးတဲ့ပုံစံနဲ့သော်လည်းကောင်း ဆောင်ရွက်နေကြသည်ကို တွေ့ရှိနေရတဲ့အတွက် ယခုလို အသိပေးကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။