ျမန္မာႏုိင္ငံလံုးဆုိင္ရာ Cloud ႏွင့္ AI နည္းပညာၿပိဳင္ပြဲ က်င္းပမည္

[ Zawgyi ]

ျမန္မာႏုိင္ငံလံုးဆုိင္ရာ Cloud နဲ႔ AI နည္းပညာၿပိဳင္ပြဲျဖစ္တဲ့ Myanmar National Clolud & AI Contest ကို ပထမဆံုးအႀကိမ္အျဖစ္ က်င္းပျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။

ၿပိဳင္ပြဲကို ျမန္မာႏုိင္ငံပါေမာကၡခ်ဳပ္မ်ားေကာ္မတီ၊ ျမန္မာႏုိင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္၊ ပညာေရး၀န္ႀကီးဌာနမွ သုေတသန ႏွင့္ ဆန္းသစ္တီထြင္မႈဦးစီးဌာနတုိ႔ ပူးေပါင္းကာ Huawei Myanmar ရဲ႕ ကူညီေထာက္ပံ့မႈနဲ႔ က်င္းပတာျဖစ္ပါတယ္။ ၿပိဳင္ပြဲ ၀င္ေတြ အေနနဲ႔ ၾသဂုတ္ ၂၀ ရက္ ေနာက္ဆံုးထားကာ ၿပိဳင္ပြဲ၀င္ Cloud နဲ႔ AI နည္းပညာ Solutions ေတြကို ေပးပို႔ရမွာျဖစ္ၿပီး စိုက္ပ်ိဳးေရး၊ ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈ၊ အျခားစီးပြားေရးလုပ္ငန္းေတြ အစရွိသျဖင့္ မိမိ ႀကိဳက္ႏွစ္သက္ရာက႑ကို ၀င္ေရာက္ ယွဥ္ၿပိဳင္ႏုိင္ပါတယ္။ Solution ေတြကုိ Windows, Linux, Android, iOS နဲ႔ အျခားသင့္ေလ်ာ္တဲ့ OS ေတြကိုအသံုးျပဳကာ အဂၤလိပ္ဘာသာျဖင့္ ျဖစ္ေစ၊ ျမန္မာဘာသာျဖင့္ ျဖစ္ေစ ေရးသားႏုိင္တယ္လုိ႔ သိရပါတယ္။

ၿပိဳင္ပြဲ၀င္တစ္ဖြဲ႕လွ်င္ ေက်ာင္းသား ၃ ဦး နဲ႔ Tutor တစ္ဦး ပါ၀င္ခြင့္ရွိမွာျဖစ္ပါတယ္။ ပထမဆုအေနနဲ႔ Huawei Certificate Voucher, Huawei Myanmar Internship, Huawei Matebook Laptop, Huawei Cloud Voucher $1000, HoE Award ကုိလည္းေကာင္း၊ ဒုတိယ ဆုအေနနဲ႔ Huawei Certificate Voucher, Myanmar Leading ICT Company, Internship, Huawei Mate 20, Huawei Cloud Voucher $500, HoE Award ကုိလည္းေကာင္း၊ တတိယဆုအေနနဲ႔ Huawei Certificate Voucher, Myanmar Leading ICT Company, Internship, Huawei Y9 2019, Huawei Cloud Voucher $300, HoE Award ကုိလည္းေကာင္း၊ Practice Prize အေနနဲ႔ HoE Award ေတြကုိ လည္းေကာင္း ေပးအပ္ခ်ီးျမွင့္သြားမွာ ျဖစ္ပါတယ္။

ဆန္ခါတင္အဆင့္ ၿပိဳင္ပြဲ၀င္ အဖြဲ႕ ၁၀ ဖြဲ႕ကို ၾသဂုတ္လကုန္မွာ ေၾကညာေပးသြားမွာျဖစ္ပါတယ္။ အေသးစိတ္ကုိ Huawei Myanmar ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ လည္းေကာင္း [email protected] သို႔ လည္းေကာင္း ဆက္သြယ္ ေမးျမန္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နဲ့ AI နည်းပညာပြိုင်ပွဲဖြစ်တဲ့ Myanmar National Clolud & AI Contest ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြိုင်ပွဲကို မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပညာရေးဝန်ကြီးဌာနမှ သုတေသန နှင့် ဆန်းသစ်တီထွင်မှုဦးစီးဌာနတို့ ပူးပေါင်းကာ Huawei Myanmar ရဲ့ ကူညီထောက်ပံ့မှုနဲ့ ကျင်းပတာဖြစ်ပါတယ်။ ပြိုင်ပွဲ ၀င်တွေ အနေနဲ့ သြဂုတ် ၂၀ ရက် နောက်ဆုံးထားကာ ပြိုင်ပွဲဝင် Cloud နဲ့ AI နည်းပညာ Solutions တွေကို ပေးပို့ရမှာဖြစ်ပြီး စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြားစီးပွားရေးလုပ်ငန်းတွေ အစရှိသဖြင့် မိမိ ကြိုက်နှစ်သက်ရာကဏ္ဍကို ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ Solution တွေကို Windows, Linux, Android, iOS နဲ့ အခြားသင့်လျော်တဲ့ OS တွေကိုအသုံးပြုကာ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့် ဖြစ်စေ ရေးသားနိုင်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်တစ်ဖွဲ့လျှင် ကျောင်းသား ၃ ဦး နဲ့ Tutor တစ်ဦး ပါ၀င်ခွင့်ရှိမှာဖြစ်ပါတယ်။ ပထမဆုအနေနဲ့ Huawei Certificate Voucher, Huawei Myanmar Internship, Huawei Matebook Laptop, Huawei Cloud Voucher $1000, HoE Award ကိုလည်းကောင်း၊ ဒုတိယ ဆုအနေနဲ့ Huawei Certificate Voucher, Myanmar Leading ICT Company, Internship, Huawei Mate 20, Huawei Cloud Voucher $500, HoE Award ကိုလည်းကောင်း၊ တတိယဆုအနေနဲ့ Huawei Certificate Voucher, Myanmar Leading ICT Company, Internship, Huawei Y9 2019, Huawei Cloud Voucher $300, HoE Award ကိုလည်းကောင်း၊ Practice Prize အနေနဲ့ HoE Award တွေကို လည်းကောင်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဆန်ခါတင်အဆင့် ပြိုင်ပွဲဝင် အဖွဲ့ ၁၀ ဖွဲ့ကို သြဂုတ်လကုန်မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကို Huawei Myanmar ဖေ့စ်ဘွတ်စာမျက်နှာမှာ လည်းကောင်း [email protected] သို့ လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။