ျမန္မာႏိုင္ငံၿမိဳ႕ျပဧရိယာ (၅) ေနရာရွိ လူ (၆၄) ရာခိုင္ႏႈန္းသည္ ေခတ္မီေငြေပးေခ်မႈ နည္းလမ္းမ်ားကို အသံုးျပဳရန္ စိတ္ဝင္စား

[ Zawgyi ]

ျမန္မာႏိုင္ငံမွာရွိတဲ့ ၿမိဳ႕ျပဧရိယာ (၅) ေနရာရွိ လူထုရဲ႕ (၆၄) ရာခိုင္ႏႈန္းဟာ ဘဏ္စာရင္းဖြင့္လွစ္ၿပီး ေခတ္မီေငြေပးေခ်မႈ နည္းလမ္းေတြကို အသံုးျပဳရန္ စိတ္ဝင္စားေၾကာင္း Visa Myanmar ရဲ႕ Country Manager ျဖစ္သူ Arturo Planell ကေျပာပါတယ္။

အဲဒီလူထုရဲ႕ ၁၀ ရာခိုင္ႏႈန္းက ဘဏ္စာရင္းဖြင့္လွစ္ ၿပီး ေခတ္မီေငြေပးေခ်မႈ နည္းလမ္းေတြကို အသံုးျပဳေနတယ္လို႔လည္း ဆိုပါတယ္။ “အနည္းဆံုးေတာ့ စားသံုးသူေတြအေနနဲ႔ သူတို႔ရဲ႕ဘဏ္ထဲမွာ ထည့္ထားတဲ့ေငြေတြ ဒါမွမဟုတ္ အေႂကြးဝယ္ခြင့္ ေငြစာရင္းေတြကေန ခ်က္ခ်င္းဝင္ေရာက္ၿပီးေတာ့ အီလက္ထေရာနစ္ ေငြေပးေခ်မႈေတြကို ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္၊ ကုန္သည္ေတြအတြက္ကေတာ့ အီ လက္ထေရာနစ္ ေငြေပးေခ်မႈကို အသံုးျပဳတဲ့အတြက္ ပိုေကာင္းတဲ့ ဝယ္ယူမႈအေတြ႔အႀကံဳကို ပံ့ပိုးေပးႏိုင္ၿပီး ေငြသားနဲ႔ ခ်က္လက္မွတ္ကိုင္ေဆာင္မႈ ကုန္က်စရိတ္ေတြ ေလွ်ာ့ခ်လာႏိုင္မွာလည္းျဖစ္သလို အာမခံခ်က္ရွိတဲ့ ေငြေပးေခ်မႈပံုစံကို သံုးၿပီး ကမာၻတစ္ဝန္းက ဝယ္ယူသံုးစြဲသူေတြနဲ႔ ခ်ိတ္ဆက္ႏိုင္ေတာ့မွာပဲ ျဖစ္ပါတယ္” လို႔ သူကဆိုပါတယ္။

ျမန္မာလူမ်ိဳးအမ်ားစုအေနနဲ႔ အေႂကြးဝယ္ကတ္နဲ႔ ATM ကတ္ေတြ၊ မိုဘိုင္းေငြေပးေခ်မႈေတြ၊ Contactless Payment၊ QR ကုတ္မွတစ္ဆင့္ ေငြေပးေခ်မႈေတြကဲ့သို႔ ေငြသားကိုင္တြယ္အသံုးျပဳဖို႔ မလိုအပ္တဲ့ ေငြေပးေခ်မႈနည္းလမ္းေတြနဲ႔ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈေတြကို ရယူအသံုးျပဳလိုၾကတယ္ လို႔ Visa Myanmar က စစ္တမ္းေကာက္ယူ ထုတ္ျပန္ခဲ့ပါတယ္။

-ထြန္းထြန္း

[ Unicode ]

မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပြဧရိယာ (၅) နေရာရှိ လူထုရဲ့ (၆၄) ရာခိုင်နှုန်းဟာ ဘဏ်စာရင်းဖွင့်လှစ်ပြီး ခေတ်မီငွေပေးချေမှု နည်းလမ်းတွေကို အသုံးပြုရန် စိတ်ဝင်စားကြောင်း Visa Myanmar ရဲ့ Country Manager ဖြစ်သူ Arturo Planell ကပြောပါတယ်။

အဲဒီလူထုရဲ့ ၁၀ ရာခိုင်နှုန်းက ဘဏ်စာရင်းဖွင့်လှစ် ပြီး ခေတ်မီငွေပေးချေမှု နည်းလမ်းတွေကို အသုံးပြုနေတယ်လို့လည်း ဆိုပါတယ်။ “အနည်းဆုံးတော့ စားသုံးသူတွေအနေနဲ့ သူတို့ရဲ့ဘဏ်ထဲမှာ ထည့်ထားတဲ့ငွေတွေ ဒါမှမဟုတ် အကြွေးဝယ်ခွင့် ငွေစာရင်းတွေကနေ ချက်ချင်းဝင်ရောက်ပြီးတော့ အီလက်ထရောနစ် ငွေပေးချေမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်၊ ကုန်သည်တွေအတွက်ကတော့ အီ လက်ထရောနစ် ငွေပေးချေမှုကို အသုံးပြုတဲ့အတွက် ပိုကောင်းတဲ့ ဝယ်ယူမှုအတွေ့အကြုံကို ပံ့ပိုးပေးနိုင်ပြီး ငွေသားနဲ့ ချက်လက်မှတ်ကိုင်ဆောင်မှု ကုန်ကျစရိတ်တွေ လျှော့ချလာနိုင်မှာလည်းဖြစ်သလို အာမခံချက်ရှိတဲ့ ငွေပေးချေမှုပုံစံကို သုံးပြီး ကမ္ဘာတစ်ဝန်းက ဝယ်ယူသုံးစွဲသူတွေနဲ့ ချိတ်ဆက်နိုင်တော့မှာပဲ ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

မြန်မာလူမျိုးအများစုအနေနဲ့ အကြွေးဝယ်ကတ်နဲ့ ATM ကတ်တွေ၊ မိုဘိုင်းငွေပေးချေမှုတွေ၊ Contactless Payment၊ QR ကုတ်မှတစ်ဆင့် ငွေပေးချေမှုတွေကဲ့သို့ ငွေသားကိုင်တွယ်အသုံးပြုဖို့ မလိုအပ်တဲ့ ငွေပေးချေမှုနည်းလမ်းတွေနဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ရယူအသုံးပြုလိုကြတယ် လို့ Visa Myanmar က စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့ပါတယ်။