မြန်မာနိုင်ငံ၏ ပညာရေးဆိုင်ရာကဏ္ဍတွင် နည်းပညာကုမ္ပဏီ NI ပူးပေါင်းဆောင်ရွက်မည်

နည်းပညာထုတ်ကုန်တွေကို ကမ္ဘာတစ်ဝန်းဖြန့်ချိနေတဲ့ NI (National Instrument) ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံရဲ့ပညာရေးဆိုင်ရာ ကဏ္ဍတွေမှာ နည်းပညာအရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပညာရေးကဏ္ဍမှာ လက်ရှိဆောင်ရွက်နေတာတွေ ရှိပါတယ်၊ NI အနေနဲ့ အခြားအာဆီယံနိုင်ငံတွေမှာလည်း ဆောင်ရွက်နေပါတယ်”လို့ NI ရဲ့ မန်နေဂျင်းဒါရိုက်တာ (ASEAN & ANZ) ဖြစ်သူ Mr Matej Krajnc ကပြောပါတယ်။ ပညာရေးကဏ္ဍကို အထောက်အကူပြုဖို့အတွက် လေ့လာပြီး ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းအချို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အဓိကအားဖြင့် NI ထုတ်ကုန်တွေကို လုပ်ငန်းဆောင်တာတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

NI (National Instrument) ဟာ နည်းပညာ ထုတ်ကုန်တွေကို ထုတ်လုပ်ဖြန့်ချိနေတာဖြစ်ပြီး ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၅၀ ကျော်မှာ ဖြန့်ချိထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ရဲ့အဓိက ထုတ်ကုန်တွေကတော့ LabWindows, LabVIEW, PXI, DAQ, cRIO,TestStand အစရှိတဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ သူတို့ရဲ့ LabVIEW က အသုံးပြုမှုအများဆုံး ထုတ်ကုန်တွေလို့ ဆိုပါတယ်။

-ထွန်းထွန်း