ျမန္မာႏိုင္ငံအတြင္းက ပံုမွန္မဟုတ္ေသာစုေပါင္းလႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ေနသည့္ အေကာင့္ႏွင့္ စာမ်က္ႏွာမ်ားကို Facebook နဲ႔ Instagram ေပၚမွာဖယ္ရွား

[ Zawgyi ]

ျမန္မာႏိုင္ငံအတြင္းက ပံုမွန္မဟုတ္တဲ့ စုေပါင္းလႈံ႕ေဆာ္မႈေတြ ျပဳလုပ္ေနတဲ့ အေကာင့္ေတြနဲ႔ စာမ်က္ႏွာေပါင္းမ်ားစြာကို Facebook နဲ႔ Instagram ေပၚမွာ ဖယ္ရွားလိုက္ၿပီျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ကြန္ရက္ေပၚမွာ ဖယ္ရွားခံလို္က္ရတဲ့ Facebook အေကာင့္ ၈၉ ခု၊ စာမ်က္ႏွာ ၁၀၇ ခု၊ အသင္းအဖြဲ႔ ၁၅ ခုနဲ႔ Instagram အေကာင့္ ၅ ခု ရွိခဲ့ေၾကာင္း၊ Page မ်ားသည္ Followers ၉ သိန္းထက္မနည္း ရွိသလို ဖယ္ရွားခံလို္က္ရတဲ့ Group တစ္ခုဟာလည္း လူဦးေရအနည္းဆံုး ၆၇,၀၀၀ ခန္႔ေရာက္ရွိတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီအေကာင့္ေတြကို ေဒသတြင္းပုံမွန္မဟုတ္တဲ့ စုေပါင္းလႈံ႕ေဆာ္မႈေတြ ေစာင့္ၾကည့္ေလ့လာတဲ့ ကိုယ္ပိုင္ စုံစမ္းစစ္ေဆးမႈေတြကေန တစ္ဆင့္ ေဖာ္ထုတ္ခဲ့တာလို႔ သိရပါတယ္။

ပံုမွန္မဟုတ္ေသာ စုေပါင္းလံႈ႕ေဆာ္မႈေတြကို ျပဳလုပ္ေနသူေတြဟာ ၎တို႔ရဲ႕ ေနာက္ကြယ္မွ အခ်က္အလက္မ်ားကို ဖံုးကြယ္ရန္ ႀကိဳးစားခဲ့ၾကေသာ္လည္း စံုစမ္းစစ္ေဆးမႈအရ အခ်ိဳ႕ေသာ လံႈ႕ေဆာ္မႈမ်ားသည္ ျမန္မာစစ္တပ္ႏွင့္ ဆက္စပ္မႈရွိေနသည့္ ပုဂၢိဳလ္မ်ားပါ၀င္ေနသည္ကို ေဖာ္ထုတ္ႏိုင္သည္ဟု ေဖ့စ္ဘြတ္ဆိုက္ဘာလံုၿခံဳလံုေရးေပၚလစီ အႀကီးအကဲ Mr. Nathaniel Gleicher ကေျပာၾကားခဲ့ပါတယ္။

ေဖ့စ္ဘြတ္အေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အမုန္းစကားႏွင့္သတင္းအမွားကို ကိုင္တြယ္ေျဖရွင္းႏိုင္ရန္ နည္းပညာအဆင့္ျမႇင့္တင္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္း ၊ အလားတူ ၂၀၂၀ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲအတြက္လည္း ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ေဆာင္ေနေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

-ေဝေဝ

[ Unicode ]

မြန်မာနိုင်ငံအတွင်းက ပုံမှန်မဟုတ်တဲ့ စုပေါင်းလှုံ့ဆော်မှုတွေ ပြုလုပ်နေတဲ့ အကောင့်တွေနဲ့ စာမျက်နှာပေါင်းများစွာကို Facebook နဲ့ Instagram ပေါ်မှာ ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကွန်ရက်ပေါ်မှာ ဖယ်ရှားခံလို်က်ရတဲ့ Facebook အကောင့် ၈၉ ခု၊ စာမျက်နှာ ၁၀၇ ခု၊ အသင်းအဖွဲ့ ၁၅ ခုနဲ့ Instagram အကောင့် ၅ ခု ရှိခဲ့ကြောင်း၊ Page များသည် Followers ၉ သိန်းထက်မနည်း ရှိသလို ဖယ်ရှားခံလို်က်ရတဲ့ Group တစ်ခုဟာလည်း လူဦးရေအနည်းဆုံး ၆၇,၀၀၀ ခန့်ရောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအကောင့်တွေကို ဒေသတွင်းပုံမှန်မဟုတ်တဲ့ စုပေါင်းလှုံ့ဆော်မှုတွေ စောင့်ကြည့်လေ့လာတဲ့ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုတွေကနေ တစ်ဆင့် ဖော်ထုတ်ခဲ့တာလို့ သိရပါတယ်။

ပုံမှန်မဟုတ်သော စုပေါင်းလှုံ့ဆော်မှုတွေကို ပြုလုပ်နေသူတွေဟာ ၎င်းတို့ရဲ့ နောက်ကွယ်မှ အချက်အလက်များကို ဖုံးကွယ်ရန် ကြိုးစားခဲ့ကြသော်လည်း စုံစမ်းစစ်ဆေးမှုအရ အချို့သော လှုံ့ဆော်မှုများသည် မြန်မာစစ်တပ်နှင့် ဆက်စပ်မှုရှိနေသည့် ပုဂ္ဂိုလ်များပါ၀င်နေသည်ကို ဖော်ထုတ်နိုင်သည်ဟု ဖေ့စ်ဘွတ်ဆိုက်ဘာလုံခြုံလုံရေးပေါ်လစီ အကြီးအကဲ Mr. Nathaniel Gleicher ကပြောကြားခဲ့ပါတယ်။

ဖေ့စ်ဘွတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမုန်းစကားနှင့်သတင်းအမှားကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းပညာအဆင့်မြှင့်တင်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ၊ အလားတူ ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။