မြန်မာနိုင်ငံအတွက် Social Content များနှင့်ဆက်နွယ်သည့်ဖန်တီးမှုများ Viber ဆောင်ရွက်မည်

Viber အနေနဲ့ Social Content တွေနဲ့ ဆက်နွယ်နေတဲ့ ဖန်တီးမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Viber (SEA and SA) ရဲ့ Asia Regional Head Office မှ Head of Business Development ဖြစ်သူ Anubhav Nayyar ကပြောပါတယ်။

“Social Content တွေနဲ့ဆက်နွယ်နေတဲ့ဖန်တီးမှုတွေကို ကျွန်တော် တို့ဆောင်ရွက်သွားမှာပါ၊ ဥပမာအားဖြင့် ဖွေးဖွေးရဲ့ Viber Public account ဖန်တီးပေးတာမျိုးတွေကိုလုပ်ခဲ့ပြီး နောက်ထပ် လည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲနဲ့ ယှဉ်ရင် Viber အသုံးပြုမှုတိုးတက်လာကြောင်း၊ အဲဒါဟာ အင်တာနက်အသုံးပြုမှု၊ မိုဘိုင်းဖုန်းအသုံးပြုမှုတိုးတက်လာခြင်းကြောင်းဖြစ်ကြောင်း သူကပြော ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ Viber အသုံးပြုသူ သန်း ၃၀ ကျော်ရှိသွားပြီဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ အချစ်နဲ့ပတ်သက်တဲ့ စတစ်ကာတွေကိုကြိုက်ကြလေ့ရှိကြပြီး လူကြီးတွေအနေနဲ့ Video Call ခေါ်တာမျိုးတွေကို သဘောကျတယ်လို့ သိရပါတယ်။

“Viber အသုံးပြုတဲ့အခါ အခြေခံအားဖြင့် အခမဲ့ခေါ်ဆိုတာ၊ အခမဲ့စာတိုပို့တာ အဖွဲ့လိုက်ဖုန်း ခေါ်ဆိုတာ၊ အဖွဲ့လိုက်ချက်တင် ပြုလုပ်တာမျိုးတွေက အခြေခံရပါတယ်။ ပြီးတော့ စတစ်ကာလေး တွေပို့ကြတာ ပေါ့။ ဒီနေ့ခေတ်မှာဆိုရင်လည်း စတစ်ကာတွေကို အသုံးပြုတာအပြင် လျှို့ဝှက်ချက်တင်ပြုလုပ်ထား နိုင်တာတွေလည်းတိုးလာပါတယ်၊ Gif ဖိုင်တွေအသုံးပြုတာ မျိုးတွေလည်း အသုံးပြုလို့ရမှာပါ” လို့သူက ဆက်လက်ပြောကြားပါတယ်။

-ထွန်းထွန်း