ျမန္မာႏိုင္ငံမွ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္သူမ်ားအတြက္ ရည္ရြယ္သည့္ Google Maps Application စတင္အသံုးျပဳႏိုင္

[ Zawgyi ]

Google Maps Application အတြက္ “Motorcycle Mode” ေခၚေနာက္ဆံုးထြက္ Feature အသစ္တစ္ခုကို မိတ္ဆက္ လိုက္ ပါတယ္။

အဲဒီ Application ဟာ ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္သူေတြကို မီးပိြဳင့္လမ္းေၾကာင္းေတြ အလြယ္တကူ ျဖတ္သန္းသြားလာ နိုင္ဖို႔ ကူညီေပးမယ္လို႔ Google ကသတင္းထုတ္ျပန္ပါတယ္။ Google Maps မွာ မိမိသြားလိုတဲ့ေနရာကို ၫႊန္ျပႏိုင္တဲ့ေျမပံု feature ေတြရွိခဲ့ေပမယ့္ ျမန္မာႏိုင္ငံအတြင္းက စာရင္းသြင္းထားၿပီးတဲ့ ဆိုင္ကယ္ေတြအတြက္ ရည္ရြယ္ထားတဲ့ လမ္းျပစနစ္မရွိဘူးလို႔ သိရပါတယ္။ အခုအခါမွာေတာ့ အဲဒီဆိုုင္ကယ္ေတြအတြက္ ေဆာင္ရြက္လိုက္တာ ျဖစ္ပါတယ္။

လက္ရွိ ပါဝင္လာတဲ့ Google Maps ရဲ႕ Motorcycle Mode ဟာ “ပိုမိုတိက်ေသာ သြားလာမႈအခ်ိန္ စီးႏွင္းမႈမ်ား အေျခခံ၍ လူမ်ား အသုံျပဳမႈမ်ားေလ ခန္႔မွန္းမႈ ပိုမိုတိက်လာသည့္ သင္ယူႏိုင္ေသာ ယႏၲရားကို အသုံးျပဳထားျခင္း၊ အထင္ကရ ေနရာမ်ားကို အသုံးျပဳကာ ခရီးမတိုင္ခင္ ႀကိဳတင္တြက္ခ်က္မႈမ်ား ျပဳလုပ္ၿပီး မိမိတို႔တည္ရွိေနေသာ ေနရာႏွင့္ လမ္းေၾကာင္းတို႔ကို မွတ္မိသိရွိေစျခင္း” စတဲ့ အားသာခ်က္ေတြကို လုပ္ေဆာင္ႏိုင္မယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္တို႔အေနနဲ႔ လူထုက ရင္းႏွီးအဆင္ေျပတဲ့ အေတြ႕အႀကဳံေတြကို ေပးစြမ္းခ်င္ပါတယ္၊ ျမန္မာႏိုင္ငံမွ ျပည္သူလူထုေတြကို Motorcycle နဲ႔ သြားလာရလြယ္ကူေအာင္ စြမ္းေဆာင္ေပးႏိုင္တယ္ လို႔ေမွ်ာ္လင့္ထားတဲ့ Feature တစ္ခုကို ေပးစြမ္းႏိုင္လို႔ အရမ္းကို ေက်နပ္မိပါတယ္၊ ကြၽန္ေတာ္တို႔ အေနနဲ႔ ဆိုင္ကယ္ေမာင္းႏွင္သူမ်ား သြားလိုတဲ့ေနရာေတြကို ယုံၾကည္စိတ္ခ်စြာ သြားလာႏိုင္ၿပီး ျမန္မာႏိုင္ငံႀကီး ေ႐ြ႕ရွားႏိုင္ေအာင္ ကူညီေပးခ်င္ပါတယ္” လို႔ Google Inc မွ Emerging Markets ရဲ႕ ဆက္သြယ္ေရး ေခါင္းေဆာင္ Zeffri Yusof ကေျပာပါတယ္။

-ထြန္းထြန္း

[ Unicode ]

Google Maps Application အတွက် “Motorcycle Mode” ခေါ်နောက်ဆုံးထွက် Feature အသစ်တစ်ခုကို မိတ်ဆက် လိုက် ပါတယ်။

အဲဒီ Application ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မော်တော်ဆိုင်ကယ်မောင်းနှင်သူတွေကို မီးပွိုင့်လမ်းကြောင်းတွေ အလွယ်တကူ ဖြတ်သန်းသွားလာ နိုင်ဖို့ ကူညီပေးမယ်လို့ Google ကသတင်းထုတ်ပြန်ပါတယ်။ Google Maps မှာ မိမိသွားလိုတဲ့နေရာကို ညွှန်ပြနိုင်တဲ့မြေပုံ feature တွေရှိခဲ့ပေမယ့် မြန်မာနိုင်ငံအတွင်းက စာရင်းသွင်းထားပြီးတဲ့ ဆိုင်ကယ်တွေအတွက် ရည်ရွယ်ထားတဲ့ လမ်းပြစနစ်မရှိဘူးလို့ သိရပါတယ်။ အခုအခါမှာတော့ အဲဒီဆိုုင်ကယ်တွေအတွက် ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ပါဝင်လာတဲ့ Google Maps ရဲ့ Motorcycle Mode ဟာ “ပိုမိုတိကျသော သွားလာမှုအချိန် စီးနှင်းမှုများ အခြေခံ၍ လူများ အသုံပြုမှုများလေ ခန့်မှန်းမှု ပိုမိုတိကျလာသည့် သင်ယူနိုင်သော ယန္တရားကို အသုံးပြုထားခြင်း၊ အထင်ကရ နေရာများကို အသုံးပြုကာ ခရီးမတိုင်ခင် ကြိုတင်တွက်ချက်မှုများ ပြုလုပ်ပြီး မိမိတို့တည်ရှိနေသော နေရာနှင့် လမ်းကြောင်းတို့ကို မှတ်မိသိရှိစေခြင်း” စတဲ့ အားသာချက်တွေကို လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ လူထုက ရင်းနှီးအဆင်ပြေတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းချင်ပါတယ်၊ မြန်မာနိုင်ငံမှ ပြည်သူလူထုတွေကို Motorcycle နဲ့ သွားလာရလွယ်ကူအောင် စွမ်းဆောင်ပေးနိုင်တယ် လို့မျှော်လင့်ထားတဲ့ Feature တစ်ခုကို ပေးစွမ်းနိုင်လို့ အရမ်းကို ကျေနပ်မိပါတယ်၊ ကျွန်တော်တို့ အနေနဲ့ ဆိုင်ကယ်မောင်းနှင်သူများ သွားလိုတဲ့နေရာတွေကို ယုံကြည်စိတ်ချစွာ သွားလာနိုင်ပြီး မြန်မာနိုင်ငံကြီး ရွေ့ရှားနိုင်အောင် ကူညီပေးချင်ပါတယ်” လို့ Google Inc မှ Emerging Markets ရဲ့ ဆက်သွယ်ရေး ခေါင်းဆောင် Zeffri Yusof ကပြောပါတယ်။

-ထွန်းထွန်း