ျမန္မာႏိုင္ငံမိုဘိုင္းလုပ္ငန္း ရွင္မ်ားအသင္း အေထြေထြအတြင္းေရးမွဴး ဦးေက်ာ္ဆန္းဦးႏွင့္ ေတြ႕ဆံုျခင္း

[ Zawgyi ]

ျမန္မာႏိုင္ငံ မိုဘိုင္းလုပ္ငန္းရွင္မ်ားအသင္း (Myanmar Mobile Industry Association) အေနနဲ႔ စတင္ဖြဲ႔စည္းခ်ိန္ကစၿပီး လက္ရွိအခ်ိန္အထိ လုပ္ေဆာင္ေနတာေတြနဲ႔ ပတ္သက္ၿပီး အင္တာနက္ဂ်ာနယ္ကို ဖတ္႐ႈေနတဲ့ စာဖတ္ပရိသတ္ေတြ သိရွိေစဖို႔ အတြက္ ယခုလိုေမးျမန္းျဖစ္ခဲ့ပါတယ္။

အသင္းစတင္ဖြဲ႕စည္းျဖစ္တာ ဘယ္အခ်ိန္ေလာက္ကပါလဲ။

ျမန္မာႏိုင္ငံမိုဘိုင္း လုပ္ငန္းရွင္မ်ားအသင္း (Myanmar Mobile Industry Association) MMIA က ဧၿပီ ၂၂ ရက္မွာ ပဲသေႏၶတည္ ေပါက္ဖြားလာတာ ျဖစ္ပါတယ္။ အဲ့ဒီကေနစၿပီးေတာ့ ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။

အသင္းရဲ႕ရည္ရြယ္ခ်က္ကို သိပါရေစ။

အဓိကရည္ရြယ္ခ်က္ကေတာ့ တစ္ႏိုင္ငံလံုးမွာရွိတဲ့ မိုဘိုင္းလုပ္ငန္းရွင္ေတြကို အစိုးရက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔အညီ ေအးခ်မ္းစြာလုပ္ကိုင္ႏိုင္ရန္ ရည္ရြယ္ပါတယ္။ ၿပီးေတာ့ အဲ့လိုပဲ ႏိုင္ငံေတာ္အစိုးရကိုလည္း လုပ္ငန္းရွင္ေတြရဲ႕ အခက္အခဲေတြကို တင္ျပေပးဖို႔ရယ္။ အခက္အခဲေတြ ကူညီေျဖရွင္းေပး ဖို႔ရယ္ဆိုတဲ့ ေပါင္းကူးတံတားပံု စံမ်ဳိးရပ္တည္ဖို႔အတြက္ ျဖစ္ပါတယ္။ ေနာက္တစ္ခုက ျမန္မာႏိုင္ငံ မိုဘိုင္းလုပ္ငန္းရွင္မ်ား အသင္း၀င္ေတြအတြက္ စြမ္းရည္ျမႇင့္ သင္တန္းမ်ဳိးေတြ၊ ဗဟုသုတမ်ဳိးေတြ မွ်ေ၀ေပးတဲ့ Seminar၊ ေတြ၊ workshop ေတြ စီစဥ္ေပးသြားၿပီး Capacity ျမႇင့္တင္ေပးသြားဖို႔ျဖစ္ပါတယ္။

အခုလက္ရွိ အသင္းရဲ႕ အေနအထားေလးကေရာ။

လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံမို ဘိုင္းလုပ္ငန္းရွင္မ်ားအသင္းကို ဗဟိုေကာ္မတီအမႈေဆာင္ CEC အဖြဲ႕၀င္ ၂၉ ဦးနဲ႔ ဖြဲ႕စည္းထားၿပီး တိုင္းနဲ႔ျပည္နယ္ ၁၄ ခု မွာအ သင္းခြဲေပါင္း ၁၄ ခု ဖြဲ႕ စည္းထားရွိၿပီး ျဖစ္ပါတယ္။

အသင္းအေနနဲ႔ေရာ ဘာေတြေဆာင္ရြက္ ၿပီးသြားပါၿပီလဲ။

အသင္းစတည္ေထာင္တဲ့ အခ်ိန္ကေန လက္ရွိအခ်ိန္အထိအဓိက လုပ္ေဆာင္ႏိုင္ခဲ့တာကေတာ့ မိုဘိုင္းဖုန္းအေရာင္းေျပစာေတြေပၚမွာ အခြန္တံဆိပ္ကပ္ႏွိပ္ရတဲ့ လုပ္ငန္းစဥ္အစား လုပ္ငန္းရွင္မ်ားအတြက္ ပိုလြယ္ကူသလို အစိုးရအတြက္လည္း ကုန္သြယ္လုပ္ငန္းခြန္အား ပိုထိေရာက္စြာ ေကာက္ခံႏိုင္ေစရန္နဲ႔ တရားမ၀င္ကုန္သြယ္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ လက္ကိုင္ဖုန္း ဟန္းဆက္မ်ားကို တင္သြင္းေရာင္းခ်ျဖန္႔ျဖဴးသူမ်ားက တာ၀န္ယူၿပီး ဗူးခြံေပၚမွာသာ က်သင့္ေသာ ကုန္သြယ္ခြန္ကို အျပည့္အ၀ ကပ္ႏွိပ္ေရာင္းခ်တဲ့ စနစ္ျဖစ္ေအာင္ ေျပာင္းလဲေပးဖို႔ လုပ္ငန္းရွင္မ်ားကိုယ္စား တင္ျပေအာင္ျမင္ခဲ့ပါတယ္။

ဒါ့အျပင္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနရဲ႕ ၂၄.၆.၂၀၁၉ မွာ ျပန္ထုတ္ေပးတဲ့ လမ္းညႊန္ခ်က္အတိုင္း ၂၀၁၉ ဇူလိုင္ ၁ ရက္မွစၿပီး မိုဘိုင္းဖုန္း ဗူးခြံမ်ားေပၚမွာ အခြန္တံဆိပ္မ်ား ကပ္ႏွိပ္ေရာင္းခ်ျခင္း လုပ္ငန္းကိုႏိုင္ငံတ၀ွမ္းလံုးမွာရွိတဲ့ လုပ္ငန္းရွင္မ်ား လိုက္နာေဆာင္ရြက္ေရးအတြက္ လႈံ႕ေဆာ္ တိုက္တြန္းေနပါတယ္။

အခုေျပာင္းလိုက္တဲ့ မိုဘိုင္းဖုန္းဗူးခြံေပၚ အခြန္တံဆိပ္ကပ္ႏွိပ္ေရာင္းခ်ျခင္း ညႊန္ၾကားခ်က္အသစ္ ထြက္ေပၚလာဖို႔ရာအတြက္ ၾကားထဲမွာ အစည္းအေ၀းေတြ၊ ကတိက၀တ္ေတြ၊ ပူးေပါင္း
ေဆာင္ရြက္ပါမယ္လို႔ ကတိျပဳခဲ့တာေတြလည္း ရွိခဲ့ပါတယ္။ ဒါ ေတြအတြက္လဲ ေဆာင္ရြက္ရမွာပါ။ ေနာက္ဆက္တြဲေတြ၊ အခြန္ဦးစီးဌာနနဲ႔ နီးနီးကပ္ကပ္ ေဆာင္ရြက္ရမယ့္ဟာေတြ၊ ပူးေပါင္း ေဆာင္ရြက္မႈေတြ၊အေျခအေန တိုးတက္မႈေတြ ျပန္လည္တင္ျပရဖို႔ ရွိပါတယ္။

ေနာက္ထပ္ ဆက္ၿပီးေဆာင္ ရြက္သြားဖို႔ ဘယ္လို အစီအစဥ္ေတြ ရွိပါသလဲ။

ေနာက္တစ္ဆင့္ကေတာ့ အသင္းမွာက မိုဘိုင္းနည္းပညာသင္တန္းေတြ၊ စီမံခန္႔ခြဲမႈ အသိပညာ ေပးေဟာေျပာပြဲေတြ၊ ဥပေဒေရး ရာေတြစတာေတြ မွ်ေ၀ဖို႔ဆီမီနာ ေတြ ၀ပ္ေရွာ့ေတြ လုပ္သြားပါမယ္။ သံုးစြဲသူေတြအေနနဲ႔လည္း အရည္အေသြး ျပည့္မွီတဲ့မိုဘိုင္း ထုတ္ကုန္ေတြကို သံုးစြဲႏိုင္ဖို႔ရာအတြက္ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ဇြန္လတစ္ရက္ေန႔ကေနစၿပီး မိုဘိုင္းဖုန္းအေရာင္းေျပစာေပၚက ေနကုန္သြယ္ခြန္ေကာက္တာနဲ႔ အခုဒီရက္ကေနစၿပီး မိုဘိုင္းဖုန္း ဗူးခြံေပၚ အခြန္တံဆိပ္ ကပ္ႏွိပ္ေရာင္းခ်တာက စားသံုးသူအေပၚမွာ ဘယ္လိုကြာဟခ်က္ေတြ ထိေရာက္မႈေတြ ရွိပါသလဲ။

စားသံုးသူအတြက္ကေတာ့ ဘာမွမထူးပါဘူး။ အခြန္ေဆာင္ရတာက ေဆာင္ရတာပါပဲ။ နဂိုအတိုင္းပါပဲ။ အရင္ကေျပစာေပၚမွာ ကပ္တယ္။ အခုဟာက ဗူးခြံမွာ ကပ္တယ္။ ကပ္တဲ့ေနရာေျပာင္း သြားတာပဲရွိတယ္။ လုပ္ထံုးလုပ္ နည္းေျပာင္းသြားတာပဲ ရွိတယ္။

အခြန္ႏႈန္းထားေျပာင္း သြားတာမဟုတ္ပါဘူး။ အတူတူပါပဲ။ ေရာင္းခ်ေပးသူ အေပၚမွာေတာ့ လုပ္ငန္းစဥ္ေတြ ႐ႈပ္ေထြးမႈ သက္သာတာေပါ့။ ေရာင္းခ်မႈ အဆင့္အတိုင္းမွာ အခြန္ေတြက အဆင့္ဆင့္ ကပ္ေနရာတာပါ။ တင္သြင္းေရာင္းခ်သူကလည္း တစ္ခါကပ္၊ လက္ကား ေရာင္းခ်သူက လက္လီသမား လာေရာင္းရင္လည္း ကပ္ရ၊ လက္လီသမားက End User ဆီေရာင္း
လည္း ကပ္ရဆိုေတာ့ တံဆိပ္ေခါင္းႏွစ္ခါကပ္ရေတာ့ ႏိုင္ငံေတာ္အေနနဲ႔လည္း တံဆိပ္ေခါင္းႏွစ္ခါကုန္တယ္။ လုပ္ငန္းငယ္သမားေတြအေနနဲ႔လည္း အခြန္နဲ႔မရင္းႏွီးေတာ့ အခြန္ေရွာင္တာမ်ဳိး ေတြ ျဖစ္တာ။ အခြန္ေရွာင္ရင္းနဲ႔ အခြန္ေဆာင္တဲ့ဆိုင္က ဒီေမာ္ဒယ္တစ္မ်ဳိးတည္းကိုပဲ အခြန္နဲ႔ တြက္ေရာင္း အခြန္ေရွာင္တဲ့ ဆိုင္ကဒီ ေမာ္ဒယ္တစ္မ်ဳိးတည္းကိုပဲ အခြန္မပါဘဲ ေရာင္းဆိုေတာ့ ေစ်းမညီတာေတြ၊ မွ်တတဲ့ေစ်းကြက္ၿပိဳင္ဆိုင္မႈ မျဖစ္ေတာ့ဘူးေပါ့။ ဒီလိုလုပ္လိုက္ေတာ့ အဆင့္ဆင့္အခြန္ေကာက္စရာလဲ မလိုေတာ့ဘူး။ လြယ္လြယ္ေျပာရရင္ေတာ့ လုပ္ငန္းရွင္ေတြဘက္က လုပ္ငန္း အဆင့္ေတြ အလုပ္႐ႈပ္သက္သြားတာေပါ့။ လုပ္ရ ကိုင္ရ သက္သာ သြားတာေပါ့။ အခြန္လည္း မေလွ်ာ့သြားဘူး။ အဆင့္ေတြသာ သက္သာသြားတာပါ။

ဒီလိုအခြန္ေကာက္ပံုစံ ေျပာင္းလဲလိုက္တဲ့အတြက္ ေနာက္ထပ္အက်ဳိးသက္ေရာက္မႈေတြ ရွိႏိုင္ပါေသးလား။

ဒီထက္ပိုၿပီးႀကီးမားတဲ့ သက္ေရာက္မႈေတြလည္း ရွိပါတယ္။ မိုဘိုင္းဖုန္း တင္သြင္းမႈအမ်ားစုက ၿပီးခဲ့တဲ့ လပိုင္းအထိ တရားမ၀င္တင္သြင္းမႈေတြ အရမ္းမ်ားတယ္။ အဲ့ဒီေတာ့ တရား၀င္တင္သြင္းတဲ့သူေတြက အရမ္းနစ္နာပါတယ္။ အခုဟာက်ေတာ့ ဗူးခြံေပၚ တံဆိပ္ေခါင္း ကပ္ရမယ္။ အဲ့တံဆိပ္ေခါင္း ဘယ္ကရမလဲ။ ၀ယ္ရမယ္။ ၀ယ္ရမယ္ဆိုေတာ့ ဒီအတိုင္း၀ယ္လို႔ မရဘူးေလ။ တရား၀င္ တင္သြင္းထားတဲ့ စာရြက္စာတမ္းေတြနဲ႔ ခုႏွိမ္ၿပီး လိုတာကို၀ယ္ရတယ္။ အခု ဒီစနစ္သံုးလိုက္ေတာ့ တရားမ၀င္ တင္သြင္းတဲ့ကိစၥေတြပါ ပေပ်ာက္ကုန္ပါမယ္။ တစ္ရာရာခိုင္ႏႈန္း ပေပ်ာက္မယ္လို႔ေတာ့ မဆိုလိုပါဘူး။ အင္မတန္ေသးငယ္တဲ့ ပမာဏေလာက္ေတာ့ က်န္မွာေပါ့။ ေစ်းကြက္ေ၀စုေတြ အမ်ားဆံုးရယူထားတဲ့ Brand ႀကီးေတြ အားလံုးကလည္း ပူးေပါင္းေဆာင္ရြက္တဲ့အတြက္ ႏိုင္ငံေတာ္အတြက္ အရမ္းအက်ဳိးေက်းဇူး ရွိပါလိမ့္မယ္။ ႏိုင္ငံေတာ္ကလည္း မိုဘိုင္းဖုန္းေရာင္းခ်မႈနဲ႔ ပတ္သတ္ၿပီးရလာမယ့္ အခြန္မွာ အရင္ကာလေတြနဲ႔ လံုး၀မတူတဲ့အခြန္ေငြကို ရရွိပါလိမ့္မယ္။

-ေက်ာ္ေဇယ်

[ Unicode ]

မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်း (Myanmar Mobile Industry Association) အနေနဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး လက်ရှိအချိန်အထိ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး အင်တာနက်ဂျာနယ်ကို ဖတ်ရှုနေတဲ့ စာဖတ်ပရိသတ်တွေ သိရှိစေဖို့ အတွက် ယခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

အသင်းစတင်ဖွဲ့စည်းဖြစ်တာ ဘယ်အချိန်လောက်ကပါလဲ။

မြန်မာနိုင်ငံမိုဘိုင်း လုပ်ငန်းရှင်များအသင်း (Myanmar Mobile Industry Association) MMIA က ဧပြီ ၂၂ ရက်မှာ ပဲသန္ဓေတည် ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ အဲ့ဒီကနေစပြီးတော့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ရည်ရွယ်ချက်ကို သိပါရစေ။

အဓိကရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မိုဘိုင်းလုပ်ငန်းရှင်တွေကို အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အေးချမ်းစွာလုပ်ကိုင်နိုင်ရန် ရည်ရွယ်ပါတယ်။ ပြီးတော့ အဲ့လိုပဲ နိုင်ငံတော်အစိုးရကိုလည်း လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို တင်ပြပေးဖို့ရယ်။ အခက်အခဲတွေ ကူညီဖြေရှင်းပေး ဖို့ရယ်ဆိုတဲ့ ပေါင်းကူးတံတားပုံ စံမျိုးရပ်တည်ဖို့အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များ အသင်းဝင်တွေအတွက် စွမ်းရည်မြှင့် သင်တန်းမျိုးတွေ၊ ဗဟုသုတမျိုးတွေ မျှဝေပေးတဲ့ Seminar၊ တွေ၊ workshop တွေ စီစဉ်ပေးသွားပြီး Capacity မြှင့်တင်ပေးသွားဖို့ဖြစ်ပါတယ်။

အခုလက်ရှိ အသင်းရဲ့ အနေအထားလေးကရော။

လက်ရှိမှာတော့ မြန်မာနိုင်ငံမို ဘိုင်းလုပ်ငန်းရှင်များအသင်းကို ဗဟိုကော်မတီအမှုဆောင် CEC အဖွဲ့ဝင် ၂၉ ဦးနဲ့ ဖွဲ့စည်းထားပြီး တိုင်းနဲ့ပြည်နယ် ၁၄ ခု မှာအ သင်းခွဲပေါင်း ၁၄ ခု ဖွဲ့ စည်းထားရှိပြီး ဖြစ်ပါတယ်။

အသင်းအနေနဲ့ရော ဘာတွေဆောင်ရွက် ပြီးသွားပါပြီလဲ။

အသင်းစတည်ထောင်တဲ့ အချိန်ကနေ လက်ရှိအချိန်အထိအဓိက လုပ်ဆောင်နိုင်ခဲ့တာကတော့ မိုဘိုင်းဖုန်းအရောင်းပြေစာတွေပေါ်မှာ အခွန်တံဆိပ်ကပ်နှိပ်ရတဲ့ လုပ်ငန်းစဉ်အစား လုပ်ငန်းရှင်များအတွက် ပိုလွယ်ကူသလို အစိုးရအတွက်လည်း ကုန်သွယ်လုပ်ငန်းခွန်အား ပိုထိရောက်စွာ ကောက်ခံနိုင်စေရန်နဲ့ တရားမဝင်ကုန်သွယ်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် လက်ကိုင်ဖုန်း ဟန်းဆက်များကို တင်သွင်းရောင်းချဖြန့်ဖြူးသူများက တာဝန်ယူပြီး ဗူးခွံပေါ်မှာသာ ကျသင့်သော ကုန်သွယ်ခွန်ကို အပြည့်အဝ ကပ်နှိပ်ရောင်းချတဲ့ စနစ်ဖြစ်အောင် ပြောင်းလဲပေးဖို့ လုပ်ငန်းရှင်များကိုယ်စား တင်ပြအောင်မြင်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ၂၄.၆.၂၀၁၉ မှာ ပြန်ထုတ်ပေးတဲ့ လမ်းညွှန်ချက်အတိုင်း ၂၀၁၉ ဇူလိုင် ၁ ရက်မှစပြီး မိုဘိုင်းဖုန်း ဗူးခွံများပေါ်မှာ အခွန်တံဆိပ်များ ကပ်နှိပ်ရောင်းချခြင်း လုပ်ငန်းကိုနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရေးအတွက် လှုံ့ဆော် တိုက်တွန်းနေပါတယ်။

အခုပြောင်းလိုက်တဲ့ မိုဘိုင်းဖုန်းဗူးခွံပေါ် အခွန်တံဆိပ်ကပ်နှိပ်ရောင်းချခြင်း ညွှန်ကြားချက်အသစ် ထွက်ပေါ်လာဖို့ရာအတွက် ကြားထဲမှာ အစည်းအဝေးတွေ၊ ကတိကဝတ်တွေ၊ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ကတိပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒါ တွေအတွက်လဲ ဆောင်ရွက်ရမှာပါ။ နောက်ဆက်တွဲတွေ၊ အခွန်ဦးစီးဌာနနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်ရမယ့်ဟာတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ၊အခြေအနေ တိုးတက်မှုတွေ ပြန်လည်တင်ပြရဖို့ ရှိပါတယ်။

နောက်ထပ် ဆက်ပြီးဆောင် ရွက်သွားဖို့ ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။

နောက်တစ်ဆင့်ကတော့ အသင်းမှာက မိုဘိုင်းနည်းပညာသင်တန်းတွေ၊ စီမံခန့်ခွဲမှု အသိပညာ ပေးဟောပြောပွဲတွေ၊ ဥပဒေရေး ရာတွေစတာတွေ မျှဝေဖို့ဆီမီနာ တွေ ၀ပ်ရှော့တွေ လုပ်သွားပါမယ်။ သုံးစွဲသူတွေအနေနဲ့လည်း အရည်အသွေး ပြည့်မှီတဲ့မိုဘိုင်း ထုတ်ကုန်တွေကို သုံးစွဲနိုင်ဖို့ရာအတွက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ဇွန်လတစ်ရက်နေ့ကနေစပြီး မိုဘိုင်းဖုန်းအရောင်းပြေစာပေါ်က နေကုန်သွယ်ခွန်ကောက်တာနဲ့ အခုဒီရက်ကနေစပြီး မိုဘိုင်းဖုန်း ဗူးခွံပေါ် အခွန်တံဆိပ် ကပ်နှိပ်ရောင်းချတာက စားသုံးသူအပေါ်မှာ ဘယ်လိုကွာဟချက်တွေ ထိရောက်မှုတွေ ရှိပါသလဲ။

စားသုံးသူအတွက်ကတော့ ဘာမှမထူးပါဘူး။ အခွန်ဆောင်ရတာက ဆောင်ရတာပါပဲ။ နဂိုအတိုင်းပါပဲ။ အရင်ကပြေစာပေါ်မှာ ကပ်တယ်။ အခုဟာက ဗူးခွံမှာ ကပ်တယ်။ ကပ်တဲ့နေရာပြောင်း သွားတာပဲရှိတယ်။ လုပ်ထုံးလုပ် နည်းပြောင်းသွားတာပဲ ရှိတယ်။

အခွန်နှုန်းထားပြောင်း သွားတာမဟုတ်ပါဘူး။ အတူတူပါပဲ။ ရောင်းချပေးသူ အပေါ်မှာတော့ လုပ်ငန်းစဉ်တွေ ရှုပ်ထွေးမှု သက်သာတာပေါ့။ ရောင်းချမှု အဆင့်အတိုင်းမှာ အခွန်တွေက အဆင့်ဆင့် ကပ်နေရာတာပါ။ တင်သွင်းရောင်းချသူကလည်း တစ်ခါကပ်၊ လက်ကား ရောင်းချသူက လက်လီသမား လာရောင်းရင်လည်း ကပ်ရ၊ လက်လီသမားက End User ဆီရောင်းလည်း ကပ်ရဆိုတော့ တံဆိပ်ခေါင်းနှစ်ခါကပ်ရတော့ နိုင်ငံတော်အနေနဲ့လည်း တံဆိပ်ခေါင်းနှစ်ခါကုန်တယ်။ လုပ်ငန်းငယ်သမားတွေအနေနဲ့လည်း အခွန်နဲ့မရင်းနှီးတော့ အခွန်ရှောင်တာမျိုး တွေ ဖြစ်တာ။ အခွန်ရှောင်ရင်းနဲ့ အခွန်ဆောင်တဲ့ဆိုင်က ဒီမော်ဒယ်တစ်မျိုးတည်းကိုပဲ အခွန်နဲ့ တွက်ရောင်း အခွန်ရှောင်တဲ့ ဆိုင်ကဒီ မော်ဒယ်တစ်မျိုးတည်းကိုပဲ အခွန်မပါဘဲ ရောင်းဆိုတော့ စျေးမညီတာတွေ၊ မျှတတဲ့စျေးကွက်ပြိုင်ဆိုင်မှု မဖြစ်တော့ဘူးပေါ့။ ဒီလိုလုပ်လိုက်တော့ အဆင့်ဆင့်အခွန်ကောက်စရာလဲ မလိုတော့ဘူး။ လွယ်လွယ်ပြောရရင်တော့ လုပ်ငန်းရှင်တွေဘက်က လုပ်ငန်း အဆင့်တွေ အလုပ်ရှုပ်သက်သွားတာပေါ့။ လုပ်ရ ကိုင်ရ သက်သာ သွားတာပေါ့။ အခွန်လည်း မလျှော့သွားဘူး။ အဆင့်တွေသာ သက်သာသွားတာပါ။

ဒီလိုအခွန်ကောက်ပုံစံ ပြောင်းလဲလိုက်တဲ့အတွက် နောက်ထပ်အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသေးလား။

ဒီထက်ပိုပြီးကြီးမားတဲ့ သက်ရောက်မှုတွေလည်း ရှိပါတယ်။ မိုဘိုင်းဖုန်း တင်သွင်းမှုအများစုက ပြီးခဲ့တဲ့ လပိုင်းအထိ တရားမဝင်တင်သွင်းမှုတွေ အရမ်းများတယ်။ အဲ့ဒီတော့ တရားဝင်တင်သွင်းတဲ့သူတွေက အရမ်းနစ်နာပါတယ်။ အခုဟာကျတော့ ဗူးခွံပေါ် တံဆိပ်ခေါင်း ကပ်ရမယ်။ အဲ့တံဆိပ်ခေါင်း ဘယ်ကရမလဲ။ ၀ယ်ရမယ်။ ၀ယ်ရမယ်ဆိုတော့ ဒီအတိုင်းဝယ်လို့ မရဘူးလေ။ တရားဝင် တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေနဲ့ ခုနှိမ်ပြီး လိုတာကိုဝယ်ရတယ်။ အခု ဒီစနစ်သုံးလိုက်တော့ တရားမဝင် တင်သွင်းတဲ့ကိစ္စတွေပါ ပပျောက်ကုန်ပါမယ်။ တစ်ရာရာခိုင်နှုန်း ပပျောက်မယ်လို့တော့ မဆိုလိုပါဘူး။ အင်မတန်သေးငယ်တဲ့ ပမာဏလောက်တော့ ကျန်မှာပေါ့။ စျေးကွက်ဝေစုတွေ အများဆုံးရယူထားတဲ့ Brand ကြီးတွေ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်တဲ့အတွက် နိုင်ငံတော်အတွက် အရမ်းအကျိုးကျေးဇူး ရှိပါလိမ့်မယ်။ နိုင်ငံတော်ကလည်း မိုဘိုင်းဖုန်းရောင်းချမှုနဲ့ ပတ်သတ်ပြီးရလာမယ့် အခွန်မှာ အရင်ကာလတွေနဲ့ လုံးဝမတူတဲ့အခွန်ငွေကို ရရှိပါလိမ့်မယ်။