မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ကြည့်ရှုနိုင်မည့် Shwe stream movie application ကို မိတ်ဆက်

[ Zawgyi ]




-အောင်သူ

[ Unicode ]

မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများ၊ ကိုရီးယားဇာတ်လမ်းတွဲများကို ကြည့်ရှုနိုင်မယ့်Shwe Stream Movie Application ကို မိတ်ဆက်လိုက်ပါတယ်။

MPT ဖုန်းနံပါတ်နဲ့ 8202 ကို ON လို့ SMS ပေးပို့ပြီးShwe Stream ၀န်ဆောင်မှုကို ရယူကာ အင်တာနက်ချိတ်ဆက်ထားတဲ့ Smartphone၊ Tablet နဲ့ Laptop ပေါ်မှာ အလွယ်တကူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Shwe Stream ၀န်ဆောင်မှုကို နေ့စဉ်ကြေး ၉၉ ကျပ် ပေးဆောင်ရုံနဲ့ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ဇာတ်လမ်းတွဲတွေကို စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ PPV ကားကြီးများ ကြည့်ရှုလိုတဲ့ ပရိသတ်တွေအတွက်လည်း ရုပ်ရှင်ကားကောင်းတွေကို ပံ့ပိုးတင်ဆက်ပေးထားတယ်လို့ သိရပါတယ်။

Shwe stream movie application ကနေတစ်ဆင့် ရုပ်ရှင်ကြည့်ရင်း ရွှေဒင်္ဂါးတွေနဲ့ MPT ဖုန်းငွေဖြည့်ကတ်တွေ ကံထူးနိုင်မယ့် အခွင့်အရေးကိုလည်း ပြုလုပ်ထားပြီး ကံစမ်းခွင့်ကာလမှာ မေ ၃၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ဖြစ်ပါတယ်။ ပါ၀င်ကံစမ်းမယ့် သူတွေအနေနဲ့ ကံစမ်းမဲကာလအတွင်း Shwe Stream ၀န်ဆောင်မှုကို ရယူထားရုံသာဖြစ်ကြောင်း၊ ပါ၀င် ကံစမ်းလိုသူတွေအနေနဲ့ MPT ဖုန်းနံပါတ်နဲ့ 8202 ကို ON လို့ SMS ပေးပို့ကာ ၀န်ဆောင်မှု ရယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။