မြန်မာ့အကောင်းဆုံး အလုပ်ရှင်ဆု ရရှိသူများကို ဒီဇင်ဘာ ၉ ရက်တွင် ကြေညာမည်

Myanmar Employer Awards 2017 ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ဆုရရှိသော ကုမ္ပဏီများကို ဒီဇင်ဘာလ ၉ ရက်ညတွင် ကြေညာပေး သွားမည်ဖြစ်ပြီး ရန်ကုန်မြို့ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ဆုများချီးမြှင့်သွားမယ်လို့ Jobnet.com.mm က သတင်းထုတ်ပြန် ထားပါတယ်။

အဆိုပါဆုတွေကို ပြည်တွင်းကုမ္ပဏီများအပြင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်နေသော ပြည်ပကုမ္ပဏီများကိုပါ ချီးမြင့်ပေး သွားမည်ဖြစ်ပြီး ဆုအမျိုးအစားတွေကတော့ Overall Best of the Best ၊ People’s Choice Award ၊ Best Learning & Development ၊ Excellence in Workplace Environment ၊ Best Use of Internal Marketing for Company Pride ၊ Best Career Advancement Program နှင့် Best Use of Rewards & Recognition စတဲ့ ဆုတွေဖြစ်ပြီး ၄၄ ဆု ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

“အခုလို ဆုတွေကို ရရှိတော့မယ့် ကုမ္ပဏီတွေအတွက် ဂုဏ်ယူမိပါတယ်။ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံးကိုလည်း ကျေးဇူးတင်ပါ။ Myanmar Employer Awards ပွဲက နိုင်ငံအတွင်းရှိ ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်တွေ၊ နိုင်ငံတော်အစိုးရနဲ့ Community တစ်ခုလုံးကြားမှာ မြန်မာနိုင်ငံ တိုးတက်မှု အရှိန်အဟုန်နှင့် စီးပွားရေး အကျိုးအမြတ် ရရှိနိုင်မှုများပိုမို ကောင်းမွန်အောင် မောင်းနှင်နိုင်ဖို့အတွက် Talent Management ရဲ့အရေးပါမှုကို သိရှိလာစေမှာ ဖြစ်ပါတယ်” လို့ Jobnet.com.mm ရဲ့ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca ကပြောပါတယ်။

-အောာင်သူ