ျမန္မာေနရွင္နယ္လိဂ္ (MNL) ေဘာလုံးအက္ပလီေကးရွင္းကို စတင္မိတ္ဆက္

[ Zawgyi ]

ျမန္မာႏုိင္ငံတစ္ဝွမ္းရွိ အမာခံေဘာလုံး အားကစားပရိသတ္မ်ားအတြက္ ျမန္မာေနရွင္နယ္လိဂ္ (MNL) အသင္းမ်ားရဲ႕ ေနာက္ဆုံးရ သတင္း၊ ဂိုးရလဒ္မ်ား၊ ပြဲစဥ္အေျခအေနမ်ားကို ၾကည့္႐ႈႏုိင္မယ့္ MPT MNL ေဘာလုံးအက္ပလီေကးရွင္းကို ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္း MPT နဲ႔ MNL တို႔ပူးေပါင္းကာ စတင္ျဖန္႔ခ်ိလိုက္ပါတယ္။

အဆိုပါ အက္ပလီေကးရွင္းျဖင့္ MNL ရဲ႕ ထိပ္တန္းလိဂ္ပြဲစဥ္မ်ား၊ ေနာက္ဆုံးရသတင္းမ်ား၊ ပြဲစဥ္မ်ား၊ ဂိုးရလဒ္နဲ႔ ပြဲစဥ္သုံးသပ္ခ်က္ေတြကို က႑အလိုက္ ၾကည့္႐ႈႏုိင္မွာျဖစ္ၿပီး MPT ဆင္းကတ္သုံးစြဲသူေတြ အတြက္ သီးသန္႔အစီအစဥ္အျဖစ္ ေပ်ာ္ရႊင္စိတ္လႈပ္ရွားဖြယ္ ေမးခြန္းေတြကို အက္ပလီေကးရွင္းေပၚမွာ အပတ္စဥ္ပါဝင္ေျဖဆိုကာ MPT MNL အထူးထုတ္ေငြျဖည့္ကတ္မ်ား၊ အသင္းအက်ၤီမ်ားနဲ႔ အျခားစိတ္ဝင္စားဖြယ္ရာ ဆုလက္ေဆာင္ေတြကို ရယူႏုိင္မယ့္ Quizzes and Games က႑ေတြလည္း ပါဝင္တယ္လုိ႔ သိရပါတယ္။

“MPT MNL ေဘာလုံးအက္ပလီေကးရွင္းက ျမန္မာေဘာလုံး ဝါသနာရွင္ေတြ အေနနဲ႔ မိမိတို႔ ႏွစ္သက္တဲ့ ကလပ္အသင္းေတြနဲ႔ ကစားသမားေတြကို အားေပးရာမွာ ပိုၿပီးအဆင္ေျပေခ်ာေမြ႔ေစဖို႔နဲ႔ လြယ္ကူေစဖုိ႔ ဖန္တီးထားတာျဖစ္ၿပီး ျပည္တြင္းအားကစားလႈပ္ရွားမႈနဲ႔ ပတ္သက္လို႔ ကစားသမားေတြရဲ႕ ႀကိဳးစားပုံေတြနဲ႔ ေနာက္ဆုံးရ သတင္းအခ်က္အလက္ေတြကို မိုဘုိင္းဖုန္းေပၚကေန ၾကည့္႐ႈခံစားႏုိင္မွာ ျဖစ္ပါတယ္။ MPT သုံးစြဲသူေတြအတြက္ အပတ္စဥ္တုိင္းမွာ MNL အမွတ္တံဆိပ္ပါတဲ့ လက္ေဆာင္ ပစၥည္းေတြရႏုိင္မယ့္ ေပ်ာ္စရာဉာဏ္စမ္းပေဟဠိ အစီအစဥ္ေတြလည္း ပါဝင္ပါတယ္” လုိ႔ MPT-KSGM Joint Operations မွ Chief Commercial Officer ျဖစ္သူ Mr. Reizo Umeda က ေျပာပါတယ္။

အဆိုပါ MPT MNL အက္ပလီေကးရွင္းကို Android ဖုန္းမ်ားမွာသာ အသံုးျပဳႏိုင္ဦးမွာျဖစ္ၿပီး iOS ဖုန္းေတြမွာ အသံုးျပဳႏိုင္ရန္နဲ႔ အဂၤလိပ္ဘာသာနဲ႔ပါ အသံုးျပဳႏိုင္ဖို႔ ဆက္လက္ေဆာင္ရြက္ သြားမယ္လို႔ သိရပါတယ္။ MPT MNL App ကို ရယူလိုသူေတြ အေနနဲ႔ Google PlayStore နဲ႔ MPT လိုတရ ဝက္ဘ္ဆိုက္မွတစ္ဆင့္ download ရယူႏိုင္႐ံုသာမက *3101# သို႔ေခၚဆို၍လည္း download link ရယူႏိုင္မွာျဖစ္ပါတယ္။

MPT အေနနဲ႔ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲကို ၂၀၁၈ မွ ၂ဝ၂ဝ ခုႏွစ္အထိ သုံးႏွစ္တာကာလ လက္တြဲပူးေပါင္းရန္ နားလည္မႈ စာခၽြန္လႊာေရးထိုးခဲ့ၿပီး စာခ်ဳပ္သက္တမ္း ျပည့္သြားပါကလည္း ယခု အက္ပလီေကးရွင္းကို ဆက္လက္ဝန္ေဆာင္မႈ ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အမာခံဘောလုံးအားကစားပရိသတ်များအတွက် မြန်မာနေရှင်နယ်လိဂ် (MNL) အသင်းများရဲ့ နောက်ဆုံးရသတင်း၊ ဂိုးရလဒ်များ၊ ပွဲစဉ်အခြေအနေများကို ကြည့်ရှုနိုင်မယ့် MPT MNL ဘောလုံးအက်ပလီကေးရှင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ MNL တို့ပူးပေါင်းကာ စတင်ဖြန့်ချိလိုက်ပါတယ်။

အဆိုပါ အက်ပလီကေးရှင်းဖြင့် MNL ရဲ့ ထိပ်တန်းလိဂ်ပွဲစဉ်များ၊ နောက်ဆုံးရသတင်းများ၊ ပွဲစဉ်များ၊ ဂိုးရလဒ်နဲ့ ပွဲစဉ်သုံးသပ်ချက်တွေကို ကဏ္ဍအလိုက် ကြည့်ရှုနိုင်မှာဖြစ်ပြီး MPT ဆင်းကတ်သုံးစွဲသူတွေ အတွက် သီးသန့်အစီအစဉ်အဖြစ် ပျော်ရွှင်စိတ်လှုပ်ရှားဖွယ် မေးခွန်းတွေကို အက်ပလီကေးရှင်းပေါ်မှာ အပတ်စဉ်ပါ၀င်ဖြေဆိုကာ MPT MNL အထူးထုတ်ငွေဖြည့်ကတ်များ၊ အသင်းအကျင်္ီများနဲ့ အခြားစိတ်ဝင်စားဖွယ်ရာဆုလက်ဆောင်တွေကို ရယူနိုင်မယ့် Quizzes and Games ကဏ္ဍတွေလည်း ပါ၀င်တယ်လို့ သိရပါတယ်။

“MPT MNL ဘောလုံးအက်ပလီကေးရှင်းက မြန်မာဘောလုံးဝါသနာရှင်တွေ အနေနဲ့ မိမိတို့ နှစ်သက်တဲ့ ကလပ်အသင်းတွေနဲ့ ကစားသမားတွေကို အားပေးရာမှာ ပိုပြီးအဆင်ပြေချောမွေ့စေဖို့နဲ့ လွယ်ကူစေဖို့ ဖန်တီးထားတာဖြစ်ပြီး ပြည်တွင်းအားကစားလှုပ်ရှားမှုနဲ့ ပတ်သက်လို့ ကစားသမားတွေရဲ့ ကြိုးစားပုံတွေနဲ့ နောက်ဆုံးရသတင်းအချက်အလက်တွေကို မိုဘိုင်းဖုန်းပေါ်ကနေ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ MPT သုံးစွဲသူတွေအတွက် အပတ်စဉ်တိုင်းမှာ MNL အမှတ်တံဆိပ်ပါတဲ့ လက်ဆောင်ပစ္စည်းတွေရနိုင်မယ့် ပျော်စရာဉာဏ်စမ်းပဟေဠိ အစီအစဉ်တွေလည်း ပါ၀င်ပါတယ်” လို့ MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောပါတယ်။

အဆိုပါ MPT MNL အက်ပလီကေးရှင်းကို Android ဖုန်းများမှာသာ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး iOS ဖုန်းတွေမှာ အသုံးပြုနိုင်ရန်နဲ့ အင်္ဂလိပ်ဘာသာနဲ့ပါ အသုံးပြုနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ MPT MNL App ကို ရယူလိုသူတွေ အနေနဲ့ Google PlayStore နဲ့ MPT လိုတရဝက်ဘ်ဆိုက်မှတစ်ဆင့် download ရယူနိုင်ရုံသာမက *3101# သို့ခေါ်ဆို၍လည်း download link ရယူနိုင်မှာဖြစ်ပါတယ်။

MPT အနေနဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၁၈ မှ ၂ဝ၂ဝ ခုနှစ်အထိ သုံးနှစ်တာကာလ လက်တွဲပူးပေါင်းရန် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး စာချုပ်သက်တမ်းပြည့်သွားပါကလည်း ယခု အက်ပလီကေးရှင်းကို ဆက်လက်ဝန်ဆောင်မှု ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း