ျမန္မာအဖြဲ႔အစည္းမ်ားအေနျဖင့္ ဒစ္ဂ်စ္တယ္စနစ္ေျပာင္းလဲမႈ လမ္းေၾကာင္းေပၚသို႔ စတင္ဝင္ေရာက္ လာၿပီဟုဆို

[ Zawgyi ]

ျမန္မာႏိုင္ငံရွိ အဖြဲ႔အစည္းေတြအေနနဲ႔ နည္းပညာအေထာက္အပံ့ေတြကို ဖန္တီးေပးႏိုင္ဖို႔နဲ႔ စီးပြားေရး အက်ိဳးအျမတ္ကို ပိုမိုရရွိဖို႔ ဒစ္ဂ်စ္တယ္စနစ္ေျပာင္းလဲမႈ လမ္းေၾကာင္းေပၚကိုစတင္ဝင္ေရာက္လာၾကၿပီ ျဖစ္ေၾကာင္း VMware က ထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံမွာ အင္တာနက္ အသံုးျပဳသူေပါင္း ၄၆.၃၉ သန္းခန္႔နဲ႔ အင္တာနက္ ဝန္ေဆာင္မႈရရွိႏႈန္းဟာ လူဦးေရရဲ႕ ၈၉ ရာခိုင္ႏႈန္းကို ေရာက္ရွိလာၿပီျဖစ္ေၾကာင္း၊ တစ္စတစ္စတိုးပြားေနတဲ့ ခ်ိတ္ဆက္သံုးစြဲမႈႏႈန္းကို ဝန္ေဆာင္မႈေပးႏိုင္ဖို႔ ဒစ္ဂ်စ္တယ္စနစ္ကို ကူးေျပာင္းဖို႔ လိုအပ္လာတာျဖစ္ေၾကာင္း VMware ကထုတ္ျပန္ပါတယ္။ အခ်က္အလက္ေတြကို ၾကည့္ျခင္းအားျဖင့္ စီးပြားေရးလုပ္ငန္းစုေတြဟာ သံုးစြဲသူေတြရဲ႕ devices အမ်ိဳးမ်ိဳးအလိုက္ ခ်ိတ္ဆက္ေပးႏိုင္တဲ့ touch points ေတြ ပိုမိုဖန္တီးေပးႏိုင္ဖို႔ ႀကိဳးစားလာရေၾကာင္း၊ မ်ားျပားလာတဲ့ ကြန္ရက္ခ်ိတ္ဆက္မႈနဲ႔ ခက္ခဲလာတဲ့ လံုၿခံဳေရးစနစ္အရ ေဒတာစင္တာဗဟို ျပဳစနစ္မွ ခ်ိတ္ဆက္ထားတဲ့ စက္ေတြ တစ္ၿပိဳင္နက္ သံုးႏိုင္မယ့္ အဆင္ျမင့္ distributed applications စနစ္၊ ကြန္ရက္အဆံုးရွိ devices ေတြအထိ ဝန္ေဆာင္မႈ ရွိေစမယ့္ စနစ္ေတြကိုပါ ေျပာင္းလဲအသံုးျပဳလာရေၾကာင္း ဆိုပါတယ္။

-ထြန္းထြန္း

[ Unicode ]

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတွေအနေနဲ့ နည်းပညာအထောက်အပံ့တွေကို ဖန်တီးပေးနိုင်ဖို့နဲ့ စီးပွားရေး အကျိုးအမြတ်ကို ပိုမိုရရှိဖို့ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲမှု လမ်းကြောင်းပေါ်ကိုစတင်ဝင်ရောက်လာကြပြီ ဖြစ်ကြောင်း VMware က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူပေါင်း ၄၆.၃၉ သန်းခန့်နဲ့ အင်တာနက် ဝန်ဆောင်မှုရရှိနှုန်းဟာ လူဦးရေရဲ့ ၈၉ ရာခိုင်နှုန်းကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ တစ်စတစ်စတိုးပွားနေတဲ့ ချိတ်ဆက်သုံးစွဲမှုနှုန်းကို ဝန်ဆောင်မှုပေးနိုင်ဖို့ ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းဖို့ လိုအပ်လာတာဖြစ်ကြောင်း VMware ကထုတ်ပြန်ပါတယ်။ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းစုတွေဟာ သုံးစွဲသူတွေရဲ့ devices အမျိုးမျိုးအလိုက် ချိတ်ဆက်ပေးနိုင်တဲ့ touch points တွေ ပိုမိုဖန်တီးပေးနိုင်ဖို့ ကြိုးစားလာရကြောင်း၊ များပြားလာတဲ့ ကွန်ရက်ချိတ်ဆက်မှုနဲ့ ခက်ခဲလာတဲ့ လုံခြုံရေးစနစ်အရ ဒေတာစင်တာဗဟို ပြုစနစ်မှ ချိတ်ဆက်ထားတဲ့ စက်တွေ တစ်ပြိုင်နက် သုံးနိုင်မယ့် အဆင်မြင့် distributed applications စနစ်၊ ကွန်ရက်အဆုံးရှိ devices တွေအထိ ဝန်ဆောင်မှု ရှိစေမယ့် စနစ်တွေကိုပါ ပြောင်းလဲအသုံးပြုလာရကြောင်း ဆိုပါတယ်။

-ထွန်းထွန်း