မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်အတွက် GrabPlatform အစီအစဉ်မိတ်ဆက်
[ Zawgyi ]
“လာမယ့် ၂၀၅၀ ခုနှစ်မှာ အရှေ့တောင်အာရှက လေးခုမြောက် အကြီးဆုံး စီးပွားရေးနယ်ပယ်တစ်ခု ဖြစ်လာမှာပါ၊ လူအများစုဟာ လူလတ်တန်းစား အဆင့်ကို ရောက်ရှိလာပြီး နည်းပညာ အခြေခံ ဗဟုသုတ တွေကိုလည်း အမီလိုက်နိုင်လာမယ်၊ အဲဒီအခါမှာ ကုမ္ပဏီလုပ်ငန်းတွေ အနေနဲ့လည်း ပြောင်းလဲထွက်ပေါ်လာတဲ့ ဈေးကွက်အခွင့်အလမ်းတွေကို မြန်မြန်ဆန်ဆန် ရယူအသုံးချနိုင်အောင် မဖြစ်မနေ ကြိုးပမ်းလာရလိမ့်မယ်၊ Grab မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ နယ်ပယ်အသီးသီးက ကျွန်တော်တို့ မိတ်ဖက်လုပ်ငန်းတွေရဲ့ ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းလိုက်တဲ့အတွက် အရှေ့တောင်အာရှမှာရှိတဲ့ အသုံးပြုသူတွေကို နေ့စဉ် ဝန်ဆောင်ပေးရာမှာ Grab ရော၊ မိတ်ဖက်လုပ်ငန်းတွေပါ နှစ်ဖက်လုံး ပိုမို မြန်မြန်ဆန်ဆန်နဲ့ အကျိုးရှိရှိ တိုးတက်ကောင်းမွန်လာစေပါတယ်” လို့ Anthony Tan ကဆိုပါတယ်။
-ထွန်းထွန်း
[ Unicode]
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေအတွက် ရည်ရွယ်ပြီး GrabPlatform အစီအစဉ်တစ်ခုကို Grab က မိတ်ဆက်လိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံအသီးသီးက မီဒီယာတွေကို စင်ကာပူနိုင်ငံကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဇူလိူင် ၁၀ ရက်မှာ စတင်မိတ်ဆက်လိုက်တဲ့ အဲဒီ GrabPlatform ဆိုတာကတော့ သယ်ယူပို့ဆောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ငွေပေးချေခြင်း၊ အသုံးပြုသူ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ စာပေးပို့ခြင်း၊ မြေပုံရေးဆွဲခြင်း စတာတွေပါဝင်တဲ့ Grab ရဲ့ နည်းပညာ အစိတ်အပိုင်းအချို့ကို ဝင်ရောက်အသုံးပြုနိုင်ခွင့် ပေးအပ်လိုက်တဲ့ APIs နည်းပညာ အစုအဝေး တစ်ခု ဖြစ်ပါတယ်။
တက္ကစီမောင်းတဲ့ အဆင့်တစ်ခုတည်းတင် မဟုတ်တော့ဘဲ Grab application ကိုသုံးပြီးပီး GrabPlatform ပေါ်ကနေ စျေးဝယ်တာ အိမ်အရောက်ပစ္စည်းမှာတာတွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ လတ်တလောမှာ GrabPlatform သုံးပြီး အိမ်အရောက် ပစ္စည်းမှာတဲ့ ဝန်ဆောင်မှုကို ဂျာကာတာမြို့မှာ စမ်းသပ်နေပြီး အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာပါ အဆင့်ဆင့်တိုးချဲ့ သွားမယ်လို့ Grab ရဲ့ Group CEO နဲ့ တွဲဖက်တည်ထောင်သူ Anthony Tan က ပြောပါတယ်။
“လာမယ့် ၂၀၅၀ ခုနှစ်မှာ အရှေ့တောင်အာရှက လေးခုမြောက် အကြီးဆုံး စီးပွားရေးနယ်ပယ်တစ်ခု ဖြစ်လာမှာပါ၊ လူအများစုဟာ လူလတ်တန်းစား အဆင့်ကို ရောက်ရှိလာပြီး နည်းပညာ အခြေခံ ဗဟုသုတ တွေကိုလည်း အမီလိုက်နိုင်လာမယ်၊ အဲဒီအခါမှာ ကုမ္ပဏီလုပ်ငန်းတွေ အနေနဲ့လည်း ပြောင်းလဲထွက်ပေါ်လာတဲ့ စျေးကွက်အခွင့်အလမ်းတွေကို မြန်မြန်ဆန်ဆန် ရယူအသုံးချနိုင်အောင် မဖြစ်မနေ ကြိုးပမ်းလာရလိမ့်မယ်၊ Grab မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ နယ်ပယ်အသီးသီးက ကျွန်တော်တို့ မိတ်ဖက်လုပ်ငန်းတွေရဲ့ ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းလိုက်တဲ့အတွက် အရှေ့တောင်အာရှမှာရှိတဲ့ အသုံးပြုသူတွေကို နေ့စဉ် ဝန်ဆောင်ပေးရာမှာ Grab ရော၊ မိတ်ဖက်လုပ်ငန်းတွေပါ နှစ်ဖက်လုံး ပိုမို မြန်မြန်ဆန်ဆန်နဲ့ အကျိုးရှိရှိ တိုးတက်ကောင်းမွန်လာစေပါတယ်” လို့ Anthony Tan ကဆိုပါတယ်။
လတ်တလောမှာတော့ GrabPlatform ကနေ လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံမှာ မရရှိသေးပေမယ့် နိုင်ငံအလိုက် အဆင့်ဆင့်ဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။
-ထွန်းထွန်း