ျမန္မာအပါအဝင္ အာရွပစိဖိတ္ေဒသအတြင္း နည္းပညာႏွင့္ သုေတသနစင္တာမ်ား Huawei တည္ေဆာက္မည္

[Zawgyi]

Huawei က ျမန္မာႏိုင္ငံအပါအဝင္ အာရွပစိဖိတ္ ေဒသေတြမွာ နည္းပညာနဲ႔သုေတသနစင္တာေတြတည္ေဆာက္သြားမယ္လို႔သိရပါတယ္။

အေရွ႕ေတာင္အာရွ Developer Enablement Plan အျဖစ္ေဆာင္ရြက္ေနတာျဖစ္ၿပီး အဲဒီ စင္တာေတြမွာ အစီအစဥ္သံုးခုေဆာင္ရြက္မွာျဖစ္ေၾကာင္း၊ သုေတသနခန္းေတြတည္ေဆာက္မယ့္ေဆာင္ရြက္ ခ်က္၊ Developer ေတြအတြက္ဦးစားေပးတဲ့ ေဆာင္ရြက္ခ်က္၊ ICT ဆိုင္ရာအရည္အေသြးျပည့္ လူငယ္ေတြကိုေမြးထုတ္ေပးတဲ့ေဆာင္ရြက္ခ်က္တို႔ ျဖစ္ေၾကာင္း Huawei ရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ ဥကၠဌ James Wu ကေျပာပါတယ္။ လာ မယ့္သံုးႏွစ္အတြင္းမွာ ေဆာင္ရြက္သြားမွာျဖစ္ၿပီး အဲဒီစီမံကိန္းအတြက္ ေဒၚလာ ၈၁ သန္းစတင္ရင္းႏွီးျမဳပ္ႏွံသြားမယ္လို႔ သိရပါတယ္။

အစီအစဥ္ သံုးခုထဲကပထမဆံုးတစ္ခုျဖစ္တဲ့ သုေတသနခန္းေတြတည္ေဆာက္မယ့္ OpenLab အစီအစဥ္ကို ထိုင္းႏိုင္ငံဘန္ေကာက္နဲ႔အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕တို႔မွာစတင္အေကာင္အထည္ေဖာ္ ေနၿပီးစီမံကိန္းကာလ သံုးႏွစ္အတြင္းေဒၚလာ ၂၃ သန္းရင္းႏွီးျမဳပ္ႏွံသြားမယ္လို႔ သိရပါတယ္။ တီထြင္ဖန္တီးမႈေတြ ၊ Ecosystem ဖြံၿဖိဳးမႈေတြ၊ နည္းပညာဆိုင္ရာပလက္ေဖာင္းေတြကို OpenLab မွာေဆာင္ရြက္မွာျဖစ္ေၾကာင္းသိရပါ တယ္။ Developer ေတြအတြက္ေဆာင္ရြက္တဲ့ Huawei Cloud Developer Program မွာေတာ့ သံုးႏွစ္အတြင္းေဒၚလာသန္း ၅၀ ရင္းႏွီးျမဳပ္ႏွံသြားမွာျဖစ္ၿပီး ျမန္မာအပါအဝင္အေရွ႕ေတာင္အာရွ ေဒသတစ္ဝန္းက Developer ေပါင္း ၅၀၀၀၀ ကေန ၁၀၀၀၀၀ အထိေမြးထုတ္သြားမယ္လို႔သိရပါတယ္။ Startup ေတြအတြက္ပေရာဂ်က္ေတြလည္းပါဝင္တယ္လို႔ James Wu ကေျပာပါတယ္။

ICT talent development program မွာေတာ့ သံုးႏွစ္အတြင္း ေဒၚလာ ရွစ္သန္းရင္းႏွီးျမဳပ္ႏွံသြားမွာျဖစ္ေၾကာင္း၊ training center ေတြဖြင့္လွစ္ျခင္း၊ နည္းပညာတကၠသိုလ္ေက်ာင္းဆင္းေတြ အတြက္အစီအစဥ္ေတြျပဳလုပ္ေပးျခင္း၊ ICT ကြ်မ္း က်င္လူငယ္ေတြေမြးထုတ္ေပးျခင္း အစရွိတဲ့အစီ အစဥ္ေတြပါဝင္ေၾကာင္းသိရပါတယ္။

[Unicode]

Huawei က မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ် ဒေသတွေမှာ နည်းပညာနဲ့သုတေသနစင်တာတွေတည်ဆောက်သွားမယ်လို့သိရပါတယ်။

အရှေ့တောင်အာရှ Developer Enablement Plan အဖြစ်ဆောင်ရွက်နေတာဖြစ်ပြီး အဲဒီ စင်တာတွေမှာ အစီအစဉ်သုံးခုဆောင်ရွက်မှာဖြစ်ကြောင်း၊ သုတေသနခန်းတွေတည်ဆောက်မယ့်ဆောင်ရွက် ချက်၊ Developer တွေအတွက်ဦးစားပေးတဲ့ ဆောင်ရွက်ချက်၊ ICT ဆိုင်ရာအရည်အသွေးပြည့် လူငယ်တွေကိုမွေးထုတ်ပေးတဲ့ဆောင်ရွက်ချက်တို့ ဖြစ်ကြောင်း Huawei ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဥက္ကဌ James Wu ကပြောပါတယ်။ လာ မယ့်သုံးနှစ်အတွင်းမှာ ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီစီမံကိန်းအတွက် ဒေါ်လာ ၈၁ သန်းစတင်ရင်းနှီးမြုပ်နှံသွားမယ်လို့ သိရပါတယ်။

အစီအစဉ် သုံးခုထဲကပထမဆုံးတစ်ခုဖြစ်တဲ့ သုတေသနခန်းတွေတည်ဆောက်မယ့် OpenLab အစီအစဉ်ကို ထိုင်းနိုင်ငံဘန်ကောက်နဲ့အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တို့မှာစတင်အကောင်အထည်ဖော် နေပြီးစီမံကိန်းကာလ သုံးနှစ်အတွင်းဒေါ်လာ ၂၃ သန်းရင်းနှီးမြုပ်နှံသွားမယ်လို့ သိရပါတယ်။ တီထွင်ဖန်တီးမှုတွေ ၊ Ecosystem ဖွံဖြိုးမှုတွေ၊ နည်းပညာဆိုင်ရာပလက်ဖောင်းတွေကို OpenLab မှာဆောင်ရွက်မှာဖြစ်ကြောင်းသိရပါ တယ်။ Developer တွေအတွက်ဆောင်ရွက်တဲ့ Huawei Cloud Developer Program မှာတော့ သုံးနှစ်အတွင်းဒေါ်လာသန်း ၅၀ ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပြီး မြန်မာအပါအဝင်အရှေ့တောင်အာရှ ဒေသတစ်ဝန်းက Developer ပေါင်း ၅၀၀၀၀ ကနေ ၁၀၀၀၀၀ အထိမွေးထုတ်သွားမယ်လို့သိရပါတယ်။ Startup တွေအတွက်ပရောဂျက်တွေလည်းပါဝင်တယ်လို့ James Wu ကပြောပါတယ်။

ICT talent development program မှာတော့ သုံးနှစ်အတွင်း ဒေါ်လာ ရှစ်သန်းရင်းနှီးမြုပ်နှံသွားမှာဖြစ်ကြောင်း၊ training center တွေဖွင့်လှစ်ခြင်း၊ နည်းပညာတက္ကသိုလ်ကျောင်းဆင်းတွေ အတွက်အစီအစဉ်တွေပြုလုပ်ပေးခြင်း၊ ICT ကျွမ်း ကျင်လူငယ်တွေမွေးထုတ်ပေးခြင်း အစရှိတဲ့အစီ အစဉ်တွေပါဝင်ကြောင်းသိရပါတယ်။