မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆက်သွယ်ရေးကွန်ရက် ဈေးနှုန်းသည် ဖွံ့ဖြိုးပြီး နိုင်ငံများထက် သုံးဆကျော်ပိုမို များပြားနေဟုဆို

[ Zawgyi ]

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အင်တာနက်ဆ က်သွယ်ရေးကွန်ရက် (Spectrum) ဈေးနှုန်း ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ဈေးနှုန်းတွေထက် သုံးဆကျော် ပိုမိုများပြားနေကြောင်း သိရပါတယ်။

GSMA အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက် ဆက်သွယ်ရေး ကွန်ရက်ဈေးနှုန်း သတ်မှတ်ချက်များ အမည်ရှိ အစီရင်ခံစာအရ သိရတာဖြစ်ပါတယ်။ အဲဒီလိုဈေးနှုန်းမြင့်မာမှုဟာ မိုဘိုင်းချိတ်ဆက် ထိုးဖောက်မှုအတွက် အတားအဆီးဖြစ်နေကြောင်း၊ အခြေခံအဆောက်ဦ လိုအပ်ချက်မှာ မြန်မာနိုင်ငံအနေနဲ့ အကြီးမားဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ပါက မြန်မာနိုင်ငံက ရမှတ် ၃၆၊ ထိုင်းနိုင်ငံက ရမှတ် ၆၂ ရှိနေပြီး နှစ်ဆနီးပါး ကွာဟလျက်ရှိနေ ကြောင်းဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကုန်ထိ နိုင်ငံလူဦးရေရဲ့ ၈၅% ခန့် (၄၅ သန်းခန့်) အတွက် 4G ကွန်ရက်ဖြန့်ကျက် လွှမ်းခြုံထားခြင်း မရှိသေးကြောင်း၊ 4G ကွန်ရက်ဖြန့်ကျက်နိုင်မှုမှာ မြန်မာနိုင်ငံအနေနဲ့ ရမှတ် ၁၄ မှတ်သာရှိပြီး ထိုင်းနိုင်ငံမှာ ရမှတ် ၉၈ မှတ်အထိ ရရှိထားကြောင်း ဖော်ပြထားပါတယ်။

-ထွန်းထွန်း

[ Unicode ]

မြန်မာနိုင်ငံအပါအဝင် ဖွ့ံဖြိုးဆဲနိုင်ငံတွေရဲ့ အင်တာနက်ဆ က်သွယ်ရေးကွန်ရက် (Spectrum) စျေးနှုန်း ဟာ ဖွ့ံဖြိုးပြီးနိုင်ငံတွေရဲ့ စျေးနှုန်းတွေထက် သုံးဆကျော် ပိုမိုများပြားနေကြောင်း သိရပါတယ်။

GSMA အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ဖွ့ံဖြိုးဆဲနိုင်ငံများ၏ အင်တာနက် ဆက်သွယ်ရေး ကွန်ရက်စျေးနှုန်း သတ်မှတ်ချက်များ အမည်ရှိ အစီရင်ခံစာအရ သိရတာဖြစ်ပါတယ်။ အဲဒီလိုစျေးနှုန်းမြင့်မာမှုဟာ မိုဘိုင်းချိတ်ဆက် ထိုးဖောက်မှုအတွက် အတားအဆီးဖြစ်နေကြောင်း၊ အခြေခံအဆောက်ဦ လိုုအပ်ချက်မှာ မြန်မာနိုုင်ငံအနေနဲ့ အကြီးမားဆုုံး ရင်ဆိုုင်ရတဲ့ အခက်အခဲဖြစ်ပြီး အိမ်နီးချင်း ထိုုင်းနိုုင်ငံနဲ့ နှိုင်းယှဉ်ပါက မြန်မာနိုုင်ငံက ရမှတ် ၃၆၊ ထိုုင်းနိုုင်ငံက ရမှတ် ၆၂ ရှိနေပြီး နှစ်ဆနီးပါး ကွာဟလျက်ရှိနေ ကြောင်းဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုုနှစ်ကုုန်ထိ နိုင်ငံလူဦးရေရဲ့ ၈၅% ခန့် (၄၅ သန်းခန့်) အတွက် 4G ကွန်ရက်ဖြန့်ကျက် လွှမ်းခြုံထားခြင်း မရှိသေးကြောင်း၊ 4G ကွန်ရက်ဖြန့်ကျက်နိုုင်မှုမှာ မြန်မာနုုိင်ငံအနေနဲ့ ရမှတ် ၁၄ မှတ်သာရှိပြီး ထိုုင်းနိုုင်ငံမှာ ရမှတ် ၉၈ မှတ်အထိ ရရှိထားကြောင်း ဖော်ပြထားပါတယ်။