ျမန္မာသတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္ (MIIT) မွ ပထမႏွစ္သင္တန္းသားေလွ်ာက္လႊာ ေခၚယူ

[ Zawgyi ]

ျမန္မာသတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္ရဲ႕ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ဘဲြ႕ႀကိဳသင္တန္းမ်ားကုိ ဒီဇင္ဘာ ၂ ရက္မွ စတင္ဖြင့္လွစ္သြားမယ္လုိ႔ သိရပါတယ္။

သင္တန္းကာလမွာ (၅) ႏွစ္ျဖစ္ၿပီး Computer Science and Engineering(CSE) နဲ႔ Electronics and Communications Engineering (ECE) အဓိကဘာသာရပ္ ၂ ခုကုိ သင္ၾကား ေပးမွာျဖစ္ပါတယ္။ B.E (Hons) ဘြဲ႕ရရွိမွာျဖစ္ၿပီး ဘာသာရပ္တစ္ခုလွ်င္ စုစုေပါင္းေက်ာင္းသား၊ ေက်ာင္းသူ ဦးေရ (၆၀) ဦးစီ လက္ခံသင္ၾကားေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

တက္ေရာက္လုိသူေတြအေနနဲ႔ ျမန္မာတစ္ႏုိင္ငံလံုးရွိ တကၠသိုလ္၀င္စာေမးပြဲ ေျဖဆုိခဲ့တဲ့ စာစစ္ဌာနအားလံုးမွ ၂၀၁၉ ခုႏွစ္၊ တကၠသိုလ္၀င္စာေမးပြဲမွာ ( ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ေဘာဂေဗဒ၊ ႐ူပေဗဒ၊ ဓာတုေဗဒ)၊ (ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ သမုိင္း၊ ႐ူပေဗဒ၊ ဓာတုေဗဒ)၊ ( ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ စိတ္ႀကိဳက္ျမန္မာစာ၊ ႐ူပေဗဒ၊ ဓာတုေဗဒ) ၊ ( ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထ၀ီ၀င္၊ ႐ူပေဗဒ၊ ဓာတုေဗဒ) ၊ (ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဇီ၀ေဗဒ၊ ႐ူပေဗဒ၊ ဓာတုေဗဒ) အစရွိတဲ့ ဘာသာရပ္ေတြနဲ႔ ေအာင္ျမင္ထားသူေတြ တက္ေရာက္ႏုိင္ပါတယ္။

ေလွ်ာက္ထားသူေတြဟာ ျမန္မာႏုိင္ငံသားျဖစ္ရမွာျဖစ္ၿပီး အဂၤလိပ္ဘာသာျဖင့္ သင္ၾကားပို႔ခ်မႈကို နားလည္ႏုိင္တဲ့ အရည္အခ်င္းရွိရမွာ ျဖစ္ပါတယ္။ ျမန္မာသတင္းအခ်က္အလက္ နည္းပညာ တကၠသိုလ္သုိ႔ သတ္မွတ္ထားတဲ့ ေလွ်ာက္လႊာပံုစံနဲ႔ တိုက္႐ိုက္ေလွ်ာက္ထားရမွာျဖစ္ၿပီး ၀င္ခြင့္ေလွ်ာက္လႊာေတြကို ဇူလုိင္ ၈ ရက္မွစတင္ကာ ျမန္မာသတင္းအခ်က္အလက္ နည္းပညာ တကၠသိုလ္ရဲ႕ ေက်ာင္းသားေရးရာဌာနမွာ စတင္ထုတ္ယူႏုိင္ပါတယ္။ ၾသဂုတ္ ၁၆ ရက္ေနာက္ဆံုးထားကာ ေလွ်ာက္လႊာေတြကို ျပန္လည္ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကို www.miit.edu.mm အျပင္ ဖုန္း – ၀၉၇၈၅၅၅၇၇၀၆၊ ၀၉၇၈၅၅၅၇၇၀၉ ကို ဆက္သြယ္ေမးျမန္း စံုစမ္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်ရဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများကို ဒီဇင်ဘာ ၂ ရက်မှ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းကာလမှာ (၅) နှစ်ဖြစ်ပြီး Computer Science and Engineering(CSE) နဲ့ Electronics and Communications Engineering (ECE) အဓိကဘာသာရပ် ၂ ခုကို သင်ကြား ပေးမှာဖြစ်ပါတယ်။ B.E (Hons) ဘွဲ့ရရှိမှာဖြစ်ပြီး ဘာသာရပ်တစ်ခုလျှင် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ဦးရေ (၆၀) ဦးစီ လက်ခံသင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့တဲ့ စာစစ်ဌာနအားလုံးမှ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ ( မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ)၊ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ)၊ ( မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ စိတ်ကြိုက်မြန်မာစာ၊ ရူပဗေဒ၊ ဓာတုဗေဒ) ၊ ( မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ပထဝီဝင်၊ ရူပဗေဒ၊ ဓာတုဗေဒ) ၊ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ) အစရှိတဲ့ ဘာသာရပ်တွေနဲ့ အောင်မြင်ထားသူတွေ တက်ရောက်နိုင်ပါတယ်။

လျှောက်ထားသူတွေဟာ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချမှုကို နားလည်နိုင်တဲ့ အရည်အချင်းရှိရမှာ ဖြစ်ပါတယ်။ မြန်မာသတင်းအချက်အလက် နည်းပညာ တက္ကသိုလ်သို့ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံနဲ့ တိုက်ရိုက်လျှောက်ထားရမှာဖြစ်ပြီး ၀င်ခွင့်လျှောက်လွှာတွေကို ဇူလိုင် ၈ ရက်မှစတင်ကာ မြန်မာသတင်းအချက်အလက် နည်းပညာ တက္ကသိုလ်ရဲ့ ကျောင်းသားရေးရာဌာနမှာ စတင်ထုတ်ယူနိုင်ပါတယ်။ သြဂုတ် ၁၆ ရက်နောက်ဆုံးထားကာ လျှောက်လွှာတွေကို ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို www.miit.edu.mm အပြင် ဖုန်း – ၀၉၇၈၅၅၅၇၇၀၆၊ ၀၉၇၈၅၅၅၇၇၀၉ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။