ျမန္မာသတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္မွ ဘြဲ႕ႀကိဳသင္တန္း ဖြင့္လွစ္မည္

[ Zawgyi ]

ျမန္မာသတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္ (MIIT) ရဲ႕ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ဘြဲ႕ႀကိဳ သင္တန္းေတြကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၃ ရက္မွာ စတင္ဖြင့္လွစ္မယ္လုိ႔ သိရပါတယ္။

သင္တန္းကာလမွာ ၅ ႏွစ္ျဖစ္ၿပီး B.E.(Hons) ဘြဲ႕ကိုရရွိမွာျဖစ္ပါတယ္။ Computer Science and Engineering (CSE) နဲ႔ Electronics and Communications Engineering (ECE) ဘာသာရပ္ေတြကို အဓိကဘာသာရပ္အေနနဲ႔ သင္ၾကားေပးသြားမွာပါ။ ဘာသာရပ္တစ္ခုကို သင္တန္းသားဦးေရ ၆၀ စီ လက္ခံသင္ၾကားေပးသြားမွာျဖစ္ၿပီး တက္ေရာက္လုိသူေတြဟာ အဂၤလိပ္ဘာသာနဲ႔ သင္ၾကားပို႔ခ်မႈကို နားလည္ႏုိင္ရမွာ ျဖစ္ပါတယ္။

ေလွ်ာက္ထားလုိသူေတြဟာ (၁) ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ေဘာဂေဗဒ၊ ႐ူပေဗဒ၊ ဓာတုေဗဒ (၂) ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ သမိုင္း၊ ႐ူပေဗဒ၊ ဓာတုေဗဒ (၃) ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ စိတ္ႀကိဳက္ျမန္မာစာ ၊ ႐ူပေဗဒ၊ ဓာတုေဗဒ (၄) ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထ၀ီ၀င္၊ ႐ူပေဗဒ၊ ဓာတုေဗဒ (၅) ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဇီ၀ေဗဒ၊ ႐ူပေဗဒ၊ ဓာတုေဗဒ အစရွိတဲ့ ဘာသာတြဲေတြနဲ႔ ေအာင္ျမင္သူေတြျဖစ္ရပါမယ္။

ဝင္ခြင့္ေလွ်ာက္လႊာေတြကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၃ ရက္မွစတင္ကာ ေက်ာင္းသားေရးရာဌာနမွာ ထုတ္ယူႏုိင္မွာျဖစ္ၿပီး ေအာက္တုိဘာလ ၅ ရက္ေနာက္ဆံုးထားကာ MIIT သုိ႔ တုိက္ရိုက္ေလွ်ာက္ထားႏုိင္ပါတယ္။ ၀င္ခြင့္စာေမးပြဲကိုေတာ့ ေအာက္တိုဘာလ ၁၆ ရက္မွာ ျမန္မာသတင္းအခ်က္အလက္ နည္းပညာတကၠသိုလ္စာစစ္ဌာန (သို႔) ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္ စာစစ္ဌာန တစ္ခုခုမွာ ေျဖဆုိရမွာပါ။ အေသးစိတ္အခ်က္အလက္ေတြကို ဒီေနရာမွာ ဝင္ေရာက္ၾကည့္႐ႈႏုိင္သလုိ ဖုန္း – ၀၉ ၇၈၅၅၅၇၇၀၆ နဲ႔ ၀၉ ၇၈၅၅၅၇၇၀၉ မွာ ေမးျမန္း စံုစမ္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) ရဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘွဲ့ကြို သင်တန်းတွေကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သင်တန်းကာလမှာ ၅ နှစ်ဖြစ်ပြီး B.E.(Hons) ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။ Computer Science and Engineering (CSE) နဲ့ Electronics and Communications Engineering (ECE) ဘာသာရပ်တွေကို အဓိကဘာသာရပ်အနေနဲ့ သင်ကြားပေးသွားမှာပါ။ ဘာသာရပ်တစ်ခုကို သင်တန်းသားဦးရေ ၆၀ စီ လက်ခံသင်ကြားပေးသွားမှာဖြစ်ပြီး တက်ရောက်လိုသူတွေဟာ အင်္ဂလိပ်ဘာသာနဲ့ သင်ကြားပို့ချမှုကို နားလည်နိုင်ရမှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေဟာ (၁) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ (၂) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ (၃) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ စိတ်ကြိုက်မြန်မာစာ ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ပထဝီဝင်၊ ရူပဗေဒ၊ ဓာတုဗေဒ (၅) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ အစရှိတဲ့ ဘာသာတွဲတွေနဲ့ အောင်မြင်သူတွေဖြစ်ရပါမယ်။

ဝင်ခွင့်လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်မှစတင်ကာ ကျောင်းသားရေးရာဌာနမှာ ထုတ်ယူနိုင်မှာဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နောက်ဆုံးထားကာ MIIT သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ ၀င်ခွင့်စာမေးပွဲကိုတော့ အောက်တိုဘာလ ၁၆ ရက်မှာ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်စာစစ်ဌာန (သို့) ရန်ကုန်ကွန်ပျူတာတက္ကသိုလ် စာစစ်ဌာန တစ်ခုခုမှာ ဖြေဆိုရမှာပါ။ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်သလို ဖုန်း – ၀၉ ရ၈၅၅၅၇၇၀၆ နဲ့ ၀၉ ရ၈၅၅၅၇၇၀၉ မှာ မေးမြန်း စုံစမ်းနိုင်ပါတယ်။