ျမန္မာယူနီကုဒ္စံစနစ္သို႔ ကူးေျပာင္းေရးလုပ္ငန္းစဥ္အခမ္းအနား

[Zawgyi]

ႏိုင္ငံေတာ္အစိုးရမူဝါဒလမ္းညႊန္မႈနဲ႔ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ ဦးေဆာင္မႈျဖင့္ ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္အပါအဝင္ ပညာ႐ွင္ေတြပူးေပါင္းကာ လာမယ့္ ေအာက္တိုဘာ ၁ ရက္မွာ ျမန္မာယူနီကုဒ္စံစနစ္ကိုတစ္ၿပိဳင္တည္းကူးေျပာင္းေရးလုပ္ငန္းစဥ္ စတင္တဲ့ အထိမ္းအမွတ္အခမ္းအနားကိုျပဳလုပ္ခဲ့ပါတယ္။

 

အဆိုပါအခမ္းအနားကို ရန္ကုန္ၿမိဳ႕၊ MICT Park Main Building မွာျပဳလုပ္ခဲ့ျခင္းျဖစ္ကာ ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရးပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသန္႔စင္ေမာင္တက္ေရာက္ခဲ့ပါတယ္။

“ယူနီကုဒ္ဆိုတာက အကၡရာတစ္ခုကို ကုဒ္တစ္ခုစီနဲ႔ စံအျဖစ္သတ္မွတ္တယ္လို႔ေျပာရမွာ ဘဲ၊ တစ္ကယ္တမ္း ယူနီကုဒ္ဟာ ႏိုင္ငံတကာကသတ္မွတ္ထားတဲ့ ႏိုင္ငံတကာစံ၊ အဲ့ဒီေတာ့ ႏိုင္ငံတကာစံကိုအသံုးခ်ၿပီးေတာ့ သြားေစခ်င္တယ္၊ အခုေလာေလာဆယ္ ကၽြန္ေတာ္တို႔ဟာ ႏိုင္ငံတကာစံကို အသံုးမခ်တဲ့ႏိုင္ငံ၊ ယူနီကုဒ္ကိုအျပည္အဝ မသံုးတဲ့ႏိုင္ငံဆိုလို႔ ကၽြန္ေတာ္တို႔ တစ္ႏိုင္ငံဘဲ က်န္ခဲ့တာျဖစ္ပါတယ္” လို႔ ၎ကေျပာၾကားခဲ့ပါတယ္။

အဆိုပါ အခမ္းအနားကို ျပည္တြင္းအႏုပညာရွင္မ်ားလည္းတက္ေရာက္ခဲ့ၾကာၿပီး ယူနီကုဒ္ ေျပာင္းလဲေဖာ္ေဆာင္ေရးသံတမန္အျဖစ္ခန္႔အပ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

 

-ေအာင္သက္ကို

[Unicode]

နိုင်ငံတော်အစိုးရမူဝါဒလမ်းညွှန်မှုနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အပါအဝင် ပညာရှင်တွေပူးပေါင်းကာ လာမယ့် အောက်တိုဘာ ၁ ရက်မှာ မြန်မာယူနီကုဒ်စံစနစ်ကိုတစ်ပြိုင်တည်းကူးပြောင်းရေးလုပ်ငန်းစဉ် စတင်တဲ့ အထိမ်းအမှတ်အခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို ရန်ကုန်မြို့၊ MICT Park Main Building မှာပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တက်ရောက်ခဲ့ပါတယ်။

“ယူနီကုဒ်ဆိုတာက အက္ခရာတစ်ခုကို ကုဒ်တစ်ခုစီနဲ့ စံအဖြစ်သတ်မှတ်တယ်လို့ပြောရမှာ ဘဲ၊ တစ်ကယ်တမ်း ယူနီကုဒ်ဟာ နိုင်ငံတကာကသတ်မှတ်ထားတဲ့ နိုင်ငံတကာစံ၊ အဲ့ဒီတော့ နိုင်ငံတကာစံကိုအသုံးချပြီးတော့ သွားစေချင်တယ်၊ အခုလောလောဆယ် ကျွန်တော်တို့ဟာ နိုင်ငံတကာစံကို အသုံးမချတဲ့နိုင်ငံ၊ ယူနီကုဒ်ကိုအပြည်အဝ မသုံးတဲ့နိုင်ငံဆိုလို့ ကျွန်တော်တို့ တစ်နိုင်ငံဘဲ ကျန်ခဲ့တာဖြစ်ပါတယ်” လို့ ၎င်းကပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ပြည်တွင်းအနုပညာရှင်များလည်းတက်ရောက်ခဲ့ကြာပြီး ယူနီကုဒ် ပြောင်းလဲဖော်ဆောင်ရေးသံတမန်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

-အောင်သက်ကို