မြန်မာတွင်အဖြစ်များဆုံး Cyber Crime များမှာ ဆိုရှယ်မီဒီယာကို အသုံးပြု၍ဆောင်ရွက်ခြင်းဖြစ်

မြန်မာနိုင်ငံမှာ အဖြစ်များဆုံး Cyber Crime တွေဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီးဆောင်ရွက်ခြင်းဖြစ်တယ်လို့ အောက်တိုဘာ ၂၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ Cyber Space ဆွေးနွေးပွဲကနေ သိရပါတယ်။

မြန်မာမှာအဖြစ်အများဆုံး Cyber Crime တွေဟာ ဆိုရှယ်မီဒီယာကိုအသုံးပြုပြီး အခြားသူတွေကိုအ သရေပျက်စေတဲ့စာသားတွေ၊ ပုံတွေတင်ပြီးအသရေဖျက်ခြင်းတို့ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ရဲမှူးကျော်သူဝင်းက ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ယနေ့ခေတ် လူမှုကွန်ရက်မီဒီယာတွေ ပေါ်လာတဲ့အခါ သတင်းတွေမြန်ဆန်စွာ ဆက်သွယ်ဖြန့်ချိနိုင်ကြောင်း၊ အင်တာနက်အသုံးပြုသူ ၁၅ သန်းမှာဖေ့စ်ဘုတ် အသုံးပြုသူ ၁၅ သန်းရှိတဲ့အတွက် အင်တာနက် အသုံးပြုသူတိုင်း ဖေ့စ်ဘုတ်သုံးတာကို တွေ့ရကြောင်း၊ အများစုရဲ့အချိန်တွေဟာဖေ့စ်ဘုတ် အသုံးပြုရင်ကုန် လွန်နေတာကို တွေ့ရကြောင်း၊ ထိုသို့သုံးစွဲရာမှ ၅၃ ရာခိုင်နှုန်းမှာ လူမှုမီဒီယာသုံးစွဲမှုဟာ အကျင့်တစ်ခုအဖြစ်ကို ပြောင်းလဲသွားကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လူမှုမီဒီယာအသုံးပြုပြီး လူမျိုးရေး၊ ဘာသာရေး ထိပါးပုတ်ခတ်မှုတွေ ရေးသားရာကနေ ပဋိပက္ခဖြစ်လာစေဖို့ လှုံ့ဆော်နိုင်ကြောင်း၊ ဖေ့စ်ဘုတ်ကို အကောင်းကို ဦးတည်အသုံးပြုသူတွေရှိသလို အဆိုးကိုဦးတည် အသုံးပြုတာတွေလည်းရှိကြောင်း၊ ဆိုက်ဘာလုံခြုံရေး ထိခိုက်နိုင်တဲ့ဖြစ်စဉ် တွေဖြစ်ပွားလို့ရှိရင် သက်ဆိုင်ရာဆိုင်ဘာလုံခြုံရေးအဖွဲ့ကို ချက်ချင်း အကြောင်းကြားရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့တယ် လို့သိရပါတယ်။ နည်းပညာအခေါ်အဝေါ်တွေကို နိုင်ငံတကာ အလိုက်သတ်မှတ်ထားပြီး Cyber attack, client attack စသည်ဖြင့်ဖြစ်ကြောင်း၊ Hacking မှာကျယ်ကျယ်ပြန့်ပြန့် မရှိတော့ကြောင်း၊ DOS DTS ဆိုတာက လူတစ်ယောက်ကို ဖုန်းနဲ့နှောင့်ယှက်ခြင်းစတဲ့ ပုံစံမျိုးဖြစ်ကြောင်း၊ အဲဒါကို နည်းပညာအရ ကာကွယ်ဖို့ blacklist လုပ်လို့ရကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း