ျမန္မာစာသတ္ပံုသင္တန္း ဖြင့္မည္

[ Zawgyi ]

ပထမအႀကိမ္ ျမန္မာစာသတ္ပံုသင္တန္းကို ဇူလုိင္ ၂၀ ရက္၊ Moon Art Gallery မွာ ဖြင့္လွစ္ သင္ၾကားေပးသြားမယ္လုိ႔ သိရပါတယ္။

သင္တန္းကုိ ျမန္မာႏိုင္ငံ စာေပထုတ္ေ၀သူႏွင့္ ျဖန္႔ခ်ိသူမ်ားအသင္းက ႀကီးမွဴး ဖြင့္လွစ္တာျဖစ္ၿပီး ျမန္မာစာဆရာႀကီး ဦးထြန္းတင့္က အဓိကသင္ၾကား ပို႔ခ်ေပးမွာျဖစ္သလို ျမန္မာစာဆရာႀကီး ဂုဏ္ထူးဦးသိန္းႏိုင္၊ ျမန္မာစာပါေမာကၡ ေဒါက္တာဦးခင္ေအး (ေမာင္ခင္မင္-ဓႏုျဖဴ)၊ ဆရာႀကီး အကယ္ဒမီၿငိမ္းမင္း၊ ဆရာႀကီး ဦးရဲျမင့္ေဖတုိ႔ကလည္း ပါ၀င္သင္ၾကားေပးသြားမွာျဖစ္ပါတယ္။

သင္တန္းမွာ ျမန္မာအေျခခံ ဗ်ည္း/သရမ်ားအေၾကာင္း၊ အေျခခံသတ္ပံုစစ္ျခင္း အတတ္ပညာမ်ားကို အေျခခံက်က် သင္ၾကားေပးမွာျဖစ္ၿပီး သင္တန္းကာလမွာ တစ္လခြဲၾကာျမင့္မွာပါ။ သင္တန္းၿပီးဆံုးပါက သင္တန္းေအာင္လက္မွတ္ ခ်ီးျမႇင့္ေပးသြားမွာျဖစ္ၿပီး သင္တန္းကို အပတ္စဥ္ စေန၊ တနဂၤေႏြ နံနက္ ၉ နာရီမွ ၁၁ နာရီအထိ ဖြင့္လွစ္မွာျဖစ္ပါတယ္။

သင္တန္းေၾကး ၃၀,၀၀၀ က်ပ္ျဖစ္ၿပီး ဇူလိုင္ ၁၅ ရက္ ေနာက္ဆံုးထားကာ ျမန္မာႏိုင္ငံ စာေပထုတ္ေ၀သူႏွင့္ ျဖန္႔ခ်ိသူမ်ား ႐ံုးခန္း ဖုန္း ၀၉-၃၀၀၀၂၃၁၁ သို႔ ဆက္သြယ္ေမးျမန္း စာရင္းေပးသြင္းရမွာ ျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

ပထမအကြိမ် မြန်မာစာသတ်ပုံသင်တန်းကို ဇူလိုင် ၂၀ ရက်၊ Moon Art Gallery မှာ ဖွင့်လှစ် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကို မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက ကြီးမှူး ဖွင့်လှစ်တာဖြစ်ပြီး မြန်မာစာဆရာကြီး ဦးထွန်းတင့်က အဓိကသင်ကြား ပို့ချပေးမှာဖြစ်သလို မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်၊ မြန်မာစာပါမောက္ခ ဒေါက်တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဆရာကြီး အကယ်ဒမီငြိမ်းမင်း၊ ဆရာကြီး ဦးရဲမြင့်ဖေတို့ကလည်း ပါ၀င်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းမှာ မြန်မာအခြေခံ ဗျည်း/သရများအကြောင်း၊ အခြေခံသတ်ပုံစစ်ခြင်း အတတ်ပညာများကို အခြေခံကျကျ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလမှာ တစ်လခွဲကြာမြင့်မှာပါ။ သင်တန်းပြီးဆုံးပါက သင်တန်းအောင်လက်မှတ် ချီးမြှင့်ပေးသွားမှာဖြစ်ပြီး သင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်မှာဖြစ်ပါတယ်။

သင်တန်းကြေး ၃၀,၀၀၀ ကျပ်ဖြစ်ပြီး ဇူလိုင် ၁၅ ရက် နောက်ဆုံးထားကာ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ ရုံးခန်း ဖုန်း ၀၉-၃၀၀၀၂၃၁၁ သို့ ဆက်သွယ်မေးမြန်း စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။