ျမတ္ဗုဒၶ၏ ဓမၼတရားဆုိင္ရာ Android App မ်ား

[ Zawgyi ]

ဗုဒၶဘာသာ၀င္မ်ားအေနနဲ႔ ဖုန္းထဲမွာထည့္သြင္းထားသင့္တဲ့ ျမတ္ဗုဒၶရဲ႕ ဓမၼတရားဆုိင္ရာ App ေတြကို စုစည္းေဖာ္ျပေပး လိုက္ပါတယ္။ Android OS စနစ္သုံး Application ေတြျဖစ္ၿပီး PlayStore မွာ အခမဲ့ အေနနဲ႔ Download ျပဳလုပ္အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Online နဲ႔သာမကဘဲ Offline အေနနဲ႔လည္း အသုံးျပဳႏုိင္ေအာင္ ဖန္တီးထားတဲ့ App ေတြ ျဖစ္ၿပီး ျမန္မာဘာသာနဲ႔ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Myanmar Tripitaka

သုတၱန္၊ ၀ိနည္း၊ အဘိဓမၼာ ပိဋကတ္သုံးပုံကို ပါဠိေတာ္ ျမန္မာျပန္အေနနဲ႔ ေလ့လာႏုိင္မယ့္ App ျဖစ္ပါတယ္။ ၀ိနည္းပိဋက၊ သုတၱန္ပိဋက နိကာယ္ငါးရပ္၊ သုတၱန္ပိဋက အဂၤုတၱရနိ ကာယ္၊ သုတၱန္ပိဋက ခုဒၵကနိ ကာယ္နဲ႔ အဘိဓမၼာပိဋက ျမန္မာျပန္ေတြကို က႑အလိုက္ ခြဲျခားထားၿပီး PDF ဖုိင္ကိုလည္း ဖုန္းထဲကို Download ျပဳလုပ္ကာ ေလ့ လာႏုိင္မွာျဖစ္ပါတယ္။ App ကို Android version 2.3.3 နဲ႔ အထက္မွာ သံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာက တစ္ဆင့္ Download လုပ္ပါ။

Viggaha Nirutti (၀ိဂၢဟနိ ႐ုတိၱ)

၀ိဂၢဟနဲ႔ နိ႐ုတၱိဒီပနီ က်မ္းစာ အုပ္ကို ဖတ္႐ႈေလ့လာႏိုင္မယ့္ App ျဖစ္ပါတယ္။ သာမေဏေက်ာင္းႏွင့္ ဓမၼာစရိယစာေမးပြဲ၀င္ အရွင္ျမတ္မ်ားအတြက္ ျမစၾကာပဓာန နာယကဆရာ ေတာ္ တီထြင္စီစဥ္ထားတဲ့ စာအုပ္ကို Android application အျဖစ္ ဖန္တီးထားျခင္းျဖစ္ၿပီး မူရင္းက်မ္း စီစဥ္သူရဲ႕ အမွာစကားေတြကိုလည္း က႑အလုိက္ ခြဲျခားေပးထားပါတယ္။ မိမိသိရွိလိုတဲ့ အေၾကာင္းအရာကို အလြယ္တကူ ႐ိုိက္ႏွိပ္ရွာေဖြႏုိင္မွာလည္း ျဖစ္ပါတယ္။ App ကို Android version 2.2 နဲ႔အထက္မွာ သံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

Dhamma Thitsar

ဗုဒၶဓမၼေတြကို မိုဘုိင္းဖုန္းကေန အလြယ္တကူ နာၾကား၊ ေလ့လာဖတ္႐ႈႏုိင္မယ့္ App ျဖစ္ပါတယ္။ စင္ကာပူ သစၥာပါရမီအဖြဲ႕မွ ဖန္တီးထားတဲ့ App ျဖစ္ၿပီး ဓမၼပို႔ခ်ခ်က္ တရားေတာ္ေတြကို mp3 အေနနဲ႔ နာယူႏုိင္မွာျဖစ္သလို ဓမၼစာအုပ္ေတြကိုလည္း ရွာေဖြဖတ္႐ႈႏုိင္မွာ ျဖစ္ပါတယ္။ အသံဖုိင္နဲ႔ စာအုပ္ေတြကို ဖုန္းထဲကို download ျပဳလုပ္ကာ Offline အေနနဲ႔ နာယူဖတ္႐ႈႏုိင္မွာ ျဖစ္သလို Online အေနနဲ႔လည္း နာယူႏုိင္မွာ ျဖစ္ပါတယ္။ ႏုိင္ငံေက်ာ္ဓမၼကထိက ဆရာေတာ္ႀကီးမ်ားရဲ႕ တရားေတာ္ေတြကို ဆရာေတာ္ဘြဲ႔အလိုက္၊ အကၡရာစဥ္ အလိုက္ရွာေဖြ နာယူႏုိင္ေအာင္ ဖန္တီးထားပါတယ္။ App ကို Android version 4.0.3 နဲ႔အထက္မွာ သံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

Buddhist Way

ဗုဒၶအဆုံး အမတရားေတာ္ ေတြကို ျမန္မာဘာသာနဲ႔ ရွင္းလင္းေဟာၾကားထားတဲ့ ႏုိင္ငံေက်ာ္ ဓမၼကထိက ဆရာေတာ္ေတြရဲ႕ မိန္႔ၾကားခ်က္ေတြကို ေန႔စဥ္ နာယူမွတ္သားႏုိင္ေစမယ့္ App ျဖစ္ပါတယ္။ ဒါ့အျပင္ ဘုရားပုထိုးေတြရဲ႕ သမိုင္းေၾကာင္းေတြကိုလည္း ျမန္မာလို ဖတ္႐ႈေလ့လာ ႏုိင္မွာျဖစ္ၿပီး ပရိတ္ႀကီး၊ ဓမၼစႀကၤာေဒသနာေတာ္၊ ဂုဏ္ေတာ္ကြန္ခ်ာစတဲ့ တရားေတာ္ေတြရဲ႕ ပါဠိလိုေတြကိုလည္း App ကေန ၾကည့္႐ႈ ရြတ္ဖတ္ပူေဇာ္ႏုိင္မွာ ျဖစ္ပါတယ္။ အြန္လုိင္းအေျချပဳ App ျဖစ္ၿပီး App ကို အသုံးျပဳဖို႔အတြက္ Gmail (သို႔မဟုတ္) Facebook အေကာင့္ (သုိ႔မဟုတ္) ဖုန္းနံပါတ္နဲ႔ အေကာင့္ျပဳလုပ္ကာ အသုံးျပဳရမွာျဖစ္ပါတယ္။ မိမိႏွစ္သက္တဲ့ အေၾကာင္းအရာေတြကို App ထဲမွာ မွတ္သားထားႏုိင္သလို လူမႈမီဒီယာေပၚသို႔လည္း အလြယ္တကူ မွ်ေ၀ႏုိင္မွာျဖစ္ပါတယ္။ App ကို Android version 4.2 နဲ႔အထက္မွာ ထည့္သြင္းအသုံးျပဳ ႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

Abhidhamma Question Bank

ျမန္မာႏုိင္ငံေတာ္အစိုးရ အဘိဓမၼာစာေမးပြဲ ေျဖဆိုမယ့္သူေတြ ေဆာင္ထားသင့္တဲ့ App ျဖစ္ပါတယ္။ ေမးခြန္းေဟာင္းနဲ႔ အေျဖေတြကို အလြယ္တကူ ဖုန္းကေန ေလ့လာက်က္မွတ္ႏုိင္မွာ ျဖစ္သလို အဘိဓမၼာေမးခြန္းေတြကိုလည္း အေျဖမ်ားနဲ႔တကြေလ့လာ ႏုိင္မွာျဖစ္ပါတယ္။ မိမိေလ့လာ ထားတာေတြကိုလည္း အစမ္းေျဖဆိုျခင္း၊ ေမးခြန္းနဲ႔အေျဖကို ျပန္ၾကည့္ရန္ သီျခားခြဲမွတ္ထားျခင္း ေတြကိုလည္း App မွာပင္ ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။ App ကို Android version 3.0 နဲ႔ အထက္မွာ ထည့္သြင္းအသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

MMDamma

ျမန္မာဘာသာနဲ႔ ေရးသားထားတဲ့ ဓမၼစာအုပ္ေတြကို ရွာေဖြဖတ္႐ႈႏုိင္မယ့္အျပင္ ဖုန္းထဲကို Download ျပဳလုပ္ထားႏုိင္မယ့္ App ျဖစ္ပါတယ္။ မိမိဖတ္႐ႈထားတဲ့အထဲက အႀကိဳက္ဆုံး စာအုပ္ကို သီးသန္႔မွတ္သား ထားႏုိင္မွာျဖစ္သလို လူမႈမီဒီယာမ်ားသို႔လည္း App ကေန အလြယ္တကူ မွ်ေ၀ႏုိင္ေအာင္ ဖန္တီးထားပါတယ္။ အြန္လုိင္းအေျချပဳ App ျဖစ္ၿပီး အြန္လိုင္း Offline ပုံစံ ၂ မ်ဳိးနဲ႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ App ကို Android version 4.1 နဲ႔အထက္မွာ ထည့္သြင္းအသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

MyanTube – တရားေတာ္မ်ား

Myanmar Tayardaw Mp3 ဆရာေတာ္ေပါင္းမ်ားစြာရဲ႕ ပရိတ္၊ ပဌာန္း၊ ၀ိပႆနာတရား ေတာ္ေတြကို စုစည္းေပးထားတဲ့ App ျဖစ္ပါတယ္။ ဆရာေတာ္တစ္ပါးစီအလုိက္ က႑မ်ားခြဲျခား ထားၿပီး မိမိႏွစ္သက္ရာ တရားေတာ္ေတြကို နာယူႏုိင္မွာျဖစ္ပါတယ္။ App ကို အြန္လုိင္း Offline ပုံစံႏွစ္မ်ဳိးနဲ႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ App ကို Android version 4.1 နဲ႔အထက္မွာ ထည့္သြင္း အသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

Buddha DaMa MM

ဆရာေတာ္ႀကီးမ်ားရဲ႕ တရားေတာ္ေတြကို မုိဘုိင္းဖုန္းကေန အလြယ္တကူ ဖတ္႐ႈႏုိင္မယ့္ App ျဖစ္ပါတယ္။ က႑အလိုက္ဗုဒၶစာေပဆုိင္ရာ၊ ေ၀ါဟာရ ဆိုင္ရာ၊ ဗုဒၶ၀င္ဆုိင္ရာစတဲ့ တရားေတာ္ေတြကို ျမန္မာဘာသာျဖင့္ ဖတ္႐ႈႏုိင္မွာျဖစ္ၿပီး အြန္လုိင္းအေျချပဳ App ျဖစ္ကာ အြန္လုိင္း၊ Offline ပုံစံ ႏွစ္မ်ဳိးနဲ႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ App ကို Android version 4.0 နဲ႔အထက္မွာ ထည့္သြင္း အသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

Tayartaw

ပရိတ္တရားေတာ္၊ ပဌာန္းတရားေတာ္ေတြကို ပါဠိ-ျမန္မာႏွစ္ဘာသာနဲ႔ ရြတ္ဆိုႏိုင္အသုံးျပဳ ႏုိင္မယ့္ App ျဖစ္ပါတယ္။ တရားေတာ္ေတြအျပင္ တရားဓမၼနဲ႔ပတ္သက္တဲ့ ဗဟုသုတဆုိင္ရာေတြကိုလည္း ေလ့လာဖန္႐ႈႏုိင္မွာ ျဖစ္ပါတယ္။ App ကို Android version 4.3 နဲ႔အထက္မွာ ထည့္သြင္းအသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

Dhamma Payeik

ဓမၼဒါနအေနနဲ႔ ဖန္တီးထားတဲ့ ဗုဒၶဓမၼဆိုင္ရာ App ျဖစ္ပါတယ္။ ပရိတ္ႀကီး ၁၁ သုတ္၊ ဓမၼစၾကာ၊ အနတၱလကၡဏာသုတ္၊ အဘိဏွ သုတ္၊ ပရိမိတၱဇာလသုတ္၊ ဆဒိသာပါလသုတ္၊ ရာဟုေလာ၀ါဒ သုတ္၊ ဓာရဏပရိတ္ေတာ္၊ ပဌာန္းေဒသနာေတာ္၊ မဟာသမ ယသုတ္စတာေတြကို ပါဠိ -အသံထြက္ – ျမန္မာျပန္အေနနဲ႔ အသုံးျပဳႏုိင္မွာျဖစ္သလို အသံဖိုင္ကိုလည္း App ကေန နာယူႏုိင္မွာ ျဖစ္ပါတယ္။ App ကို Android version 4.1 နဲ႔အထက္မွာ ထည့္သြင္း အသုံးျပဳႏုိင္မွာျဖစ္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာမွာ Download လုပ္ပါ။

Dhammapada (ဓမၼပဒ)

ဓမၼပဒကို ပါဠိ-ျမန္မာျပန္-အဂၤလိပ္သံုးဘာသာနဲ႔ ေလ့လာဖတ္႐ႈႏုိင္မယ့္ App ျဖစ္ပါတယ္။ ဗုဒၶစာေပကို လူတိုင္းလြယ္ကူ စြာ ဖုန္းမွပင္ ဖတ္႐ႈေလ့လာႏိုင္ ေအာင္ဖန္တီးထားၿပီး App မွ တျခားသူမ်ားသို႔ ျပန္လည္ မွ်ေ၀ႏုိင္မွာလည္း ျဖစ္ပါတယ္။ App ကို Android version 3.2 နဲ႔အထက္မွာ သံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

Dhamma School Songs

ဓမၼစကူးလ္ေဖာင္ေဒးရွင္းရဲ႕ ေတးသီခ်င္းနဲ႔ ေတးကဗ်ာေတြကို စုစည္းေပးထားတဲ့ App ျဖစ္ပါတယ္။ ကေလးဗဟိုျပဳ သင္ၾကား ေသာ စနစ္ျဖင့္ ကေလးငယ္မ်ား ယဥ္ေက်းလိမၼာလာေစၿပီး အေတြးအေခၚအယူအဆမ်ား ဖြံ႔ၿဖိဳးတိုးတက္လာေစမယ့္ ဓမၼစကူးလ္ ေတးသီခ်င္း၊ ေတးကဗ်ာ က႑ အလိုက္ ေတးသီခ်င္းေတြကို အသံထြက္နဲ႔ တကြ အလြယ္တကူ နားဆင္ႏုိင္မယ့္အျပင္ ကေလးငယ္ေတြကို ျပန္လည္ သင္ၾကား ေပးႏုိင္မွာျဖစ္ပါတယ္။ App ကို Android version 4.1 နဲ႔အ ထက္မွာသံုးႏိုင္ၿပီး Download လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဒီေနရာ ကတစ္ဆင့္ Download လုပ္ပါ။

-ရဲထြဋ္ဝင္း

[ Unicode ]

ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဖုန်းထဲမှာထည့်သွင်းထားသင့်တဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မတရားဆိုင်ရာ App တွေကို စုစည်းဖော်ပြပေး လိုက်ပါတယ်။ Android OS စနစ်သုံး Application တွေဖြစ်ပြီး
PlayStore မှာ အခမဲ့ အနေနဲ့ Download ပြုလုပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Online နဲ့သာမကဘဲ Offline အနေနဲ့လည်း အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ App တွေ ဖြစ်ပြီး မြန်မာဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Myanmar Tripitaka

သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ ပိဋကတ်သုံးပုံကို ပါဠိတော် မြန်မာပြန်အနေနဲ့ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ၀ိနည်းပိဋက၊ သုတ္တန်ပိဋက နိကာယ်ငါးရပ်၊ သုတ္တန်ပိဋက အင်္ဂုတ္တရနိ ကာယ်၊ သုတ္တန်ပိဋက ခုဒ္ဒကနိ ကာယ်နဲ့ အဘိဓမ္မာပိဋက မြန်မာပြန်တွေကို ကဏ္ဍအလိုက် ခွဲခြားထားပြီး PDF ဖိုင်ကိုလည်း ဖုန်းထဲကို Download ပြုလုပ်ကာ လေ့ လာနိုင်မှာဖြစ်ပါတယ်။ App ကို Android version 2.3.3 နဲ့ အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာက တစ်ဆင့် Download လုပ်ပါ။

Viggaha Nirutti (၀ိဂ္ဂဟနိ ရုတ္တိ)

၀ိဂ္ဂဟနဲ့ နိရုတ္တိဒီပနီ ကျမ်းစာ အုပ်ကို ဖတ်ရှုလေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ သာမဏေကျောင်းနှင့် ဓမ္မာစရိယစာမေးပွဲဝင် အရှင်မြတ်များအတွက် မြစကြာပဓာန နာယကဆရာ တော် တီထွင်စီစဉ်ထားတဲ့ စာအုပ်ကို Android application အဖြစ် ဖန်တီးထားခြင်းဖြစ်ပြီး မူရင်းကျမ်း စီစဉ်သူရဲ့ အမှာစကားတွေကိုလည်း ကဏ္ဍအလိုက် ခွဲခြားပေးထားပါတယ်။ မိမိသိရှိလိုတဲ့ အကြောင်းအရာကို အလွယ်တကူ ရိိုက်နှိပ်ရှာဖွေနိုင်မှာလည်း ဖြစ်ပါတယ်။ App ကို Android version 2.2 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။

Dhamma Thitsar

ဗုဒ္ဓဓမ္မတွေကို မိုဘိုင်းဖုန်းကနေ အလွယ်တကူ နာကြား၊ လေ့လာဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ စင်ကာပူ သစ္စာပါရမီအဖွဲ့မှ ဖန်တီးထားတဲ့ App ဖြစ်ပြီး ဓမ္မပို့ချချက် တရားတော်တွေကို mp3 အနေနဲ့ နာယူနိုင်မှာဖြစ်သလို ဓမ္မစာအုပ်တွေကိုလည်း ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အသံဖိုင်နဲ့ စာအုပ်တွေကို ဖုန်းထဲကို download ပြုလုပ်ကာ Offline အနေနဲ့ နာယူဖတ်ရှုနိုင်မှာ ဖြစ်သလို Online အနေနဲ့လည်း နာယူနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်ကြီးများရဲ့ တရားတော်တွေကို ဆရာတော်ဘွဲ့အလိုက်၊ အက္ခရာစဉ် အလိုက်ရှာဖွေ နာယူနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။

Buddhist Way

ဗုဒ္ဓအဆုံး အမတရားတော် တွေကို မြန်မာဘာသာနဲ့ ရှင်းလင်းဟောကြားထားတဲ့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော်တွေရဲ့ မိန့်ကြားချက်တွေကို နေ့စဉ် နာယူမှတ်သားနိုင်စေမယ့် App ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားပုထိုးတွေရဲ့ သမိုင်းကြောင်းတွေကိုလည်း မြန်မာလို ဖတ်ရှုလေ့လာ နိုင်မှာဖြစ်ပြီး ပရိတ်ကြီး၊ ဓမ္မစင်္ကြာဒေသနာတော်၊ ဂုဏ်တော်ကွန်ချာစတဲ့ တရားတော်တွေရဲ့ ပါဠိလိုတွေကိုလည်း App ကနေ ကြည့်ရှု ရွတ်ဖတ်ပူဇော်နိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး App ကို အသုံးပြုဖို့အတွက် Gmail (သို့မဟုတ်) Facebook အကောင့် (သို့မဟုတ်) ဖုန်းနံပါတ်နဲ့ အကောင့်ပြုလုပ်ကာ အသုံးပြုရမှာဖြစ်ပါတယ်။ မိမိနှစ်သက်တဲ့ အကြောင်းအရာတွေကို App ထဲမှာ မှတ်သားထားနိုင်သလို လူမှုမီဒီယာပေါ်သို့လည်း အလွယ်တကူ မျှဝေနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။

Abhidhamma Question Bank

မြန်မာနိုင်ငံတော်အစိုးရ အဘိဓမ္မာစာမေးပွဲ ဖြေဆိုမယ့်သူတွေ ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။ မေးခွန်းဟောင်းနဲ့ အဖြေတွေကို အလွယ်တကူ ဖုန်းကနေ လေ့လာကျက်မှတ်နိုင်မှာ ဖြစ်သလို အဘိဓမ္မာမေးခွန်းတွေကိုလည်း အဖြေများနဲ့တကွလေ့လာ နိုင်မှာဖြစ်ပါတယ်။ မိမိလေ့လာ ထားတာတွေကိုလည်း အစမ်းဖြေဆိုခြင်း၊ မေးခွန်းနဲ့အဖြေကို ပြန်ကြည့်ရန် သီခြားခွဲမှတ်ထားခြင်း တွေကိုလည်း App မှာပင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 3.0 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။

MMDamma

မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ဓမ္မစာအုပ်တွေကို ရှာဖွေဖတ်ရှုနိုင်မယ့်အပြင် ဖုန်းထဲကို Download ပြုလုပ်ထားနိုင်မယ့် App ဖြစ်ပါတယ်။ မိမိဖတ်ရှုထားတဲ့အထဲက အကြိုက်ဆုံး စာအုပ်ကို သီးသန့်မှတ်သား ထားနိုင်မှာဖြစ်သလို လူမှုမီဒီယာများသို့လည်း App ကနေ အလွယ်တကူ မျှဝေနိုင်အောင် ဖန်တီးထားပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး အွန်လိုင်း Offline ပုံစံ ၂ မျိုးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။

MyanTube – တရားတော်များ

Myanmar Tayardaw Mp3 ဆရာတော်ပေါင်းများစွာရဲ့ ပရိတ်၊ ပဌာန်း၊ ၀ိပဿနာတရား တော်တွေကို စုစည်းပေးထားတဲ့ App ဖြစ်ပါတယ်။ ဆရာတော်တစ်ပါးစီအလိုက် ကဏ္ဍများခွဲခြား ထားပြီး မိမိနှစ်သက်ရာ တရားတော်တွေကို နာယူနိုင်မှာဖြစ်ပါတယ်။ App ကို အွန်လိုင်း Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။

Buddha DaMa MM

ဆရာတော်ကြီးများရဲ့ တရားတော်တွေကို မိုဘိုင်းဖုန်းကနေ အလွယ်တကူ ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ကဏ္ဍအလိုက်ဗုဒ္ဓစာပေဆိုင်ရာ၊ ဝေါဟာရ ဆိုင်ရာ၊ ဗုဒ္ဓဝင်ဆိုင်ရာစတဲ့ တရား
တော်တွေကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်မှာဖြစ်ပြီး အွန်လိုင်းအခြေပြု App ဖြစ်ကာ အွန်လိုင်း၊ Offline ပုံစံ နှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။

Tayartaw

ပရိတ်တရားတော်၊ ပဌာန်းတရားတော်တွေကို ပါဠိ-မြန်မာနှစ်ဘာသာနဲ့ ရွတ်ဆိုနိုင်အသုံးပြု နိုင်မယ့် App ဖြစ်ပါတယ်။ တရားတော်တွေအပြင် တရားဓမ္မနဲ့ပတ်သက်တဲ့ ဗဟုသုတဆိုင်
ရာတွေကိုလည်း လေ့လာဖန်ရှုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.3 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။

Dhamma Payeik

ဓမ္မဒါနအနေနဲ့ ဖန်တီးထားတဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ App ဖြစ်ပါတယ်။ ပရိတ်ကြီး ၁၁ သုတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏာသုတ်၊ အဘိဏှ သုတ်၊ ပရိမိတ္တဇာလသုတ်၊ ဆဒိသာပါလသုတ်၊ ရာဟုလောဝါဒ သုတ်၊ ဓာရဏပရိတ်တော်၊ ပဌာန်းဒေသနာတော်၊ မဟာသမ ယသုတ်စတာတွေကို ပါဠိ -အသံထွက် – မြန်မာပြန်အနေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို အသံဖိုင်ကိုလည်း App ကနေ နာယူနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။

Dhammapada (ဓမ္မပဒ)

ဓမ္မပဒကို ပါဠိ-မြန်မာပြန်-အင်္ဂလိပ်သုံးဘာသာနဲ့ လေ့လာဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဗုဒ္ဓစာပေကို လူတိုင်းလွယ်ကူ စွာ ဖုန်းမှပင် ဖတ်ရှုလေ့လာနိုင် အောင်ဖန်တီးထားပြီး App မှ တခြားသူများသို့ ပြန်လည် မျှဝေနိုင်မှာလည်း ဖြစ်ပါတယ်။ App ကို Android version 3.2 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။

Dhamma School Songs

ဓမ္မစကူးလ်ဖောင်ဒေးရှင်းရဲ့ တေးသီချင်းနဲ့ တေးကဗျာတွေကို စုစည်းပေးထားတဲ့ App ဖြစ်ပါတယ်။ ကလေးဗဟိုပြု သင်ကြား သော စနစ်ဖြင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာလာစေပြီး အတွေးအခေါ်အယူအဆများ ဖွံ့ဖြိုးတိုးတက်လာစေမယ့် ဓမ္မစကူးလ် တေးသီချင်း၊ တေးကဗျာ ကဏ္ဍ အလိုက် တေးသီချင်းတွေကို အသံထွက်နဲ့ တကွ အလွယ်တကူ နားဆင်နိုင်မယ့်အပြင် ကလေးငယ်တွေကို ပြန်လည် သင်ကြား ပေးနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အ ထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကတစ်ဆင့် Download လုပ်ပါ။