ျပန္လည္သန္႔စင္ႏိုင္တဲ့ စြမ္းအင္စီမံကိန္းကို Samsung မိတ္ဆက္

[ Zawgyi [

Samsung ဟာ အေမရိကန္၊ ဥေရာပနဲ႔ တ႐ုတ္ႏိုင္ငံအတြင္းက စက္႐ုံနဲ႔ ႐ုံးေတြအားလုံးမွာ ၁၀၀ ရာခိုင္ႏႈန္း ျပန္လည္သန္႔စင္ႏိုင္တဲ့ စြမ္းအင္ကုိ အသုံးျပဳသြားမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ Samsung အေနနဲ႔ ျပန္လည္သန္႔စင္ႏိုင္တဲ့စြမ္းအင္အတြက္ အစီအစဥ္ကို လူသိရွင္ၾကား ထုတ္ျပန္သြားခဲ့ပါတယ္။

Greenpeace နဲ႔ သဘာဝပတ္ဝန္းက်င္ တက္ႂကြလႈပ္ရွားသူေတြက နည္းပညာ ကုမၸဏီေတြမ်ားစြာလို Samsung ျပန္လည္သန္႔စင္ႏိုင္တဲ့ စြမ္းအင္ကုိ ေျပာင္းလဲအသုံးျပဳဖို႔ ေတာင္းဆိုေနတာ လေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။

Samsung အေနနဲ႔ အလြယ္တကူထိန္းခ်ဳပ္ႏိုင္တဲ့ အဖြဲ႕အစည္း အစိတ္အပိုင္းေတြျဖစ္တဲ့ အေဆာက္အအုံေတြ၊ စက္႐ုံေတြနဲ႔ ႐ုံးေတြကို စတင္ေျပာင္းလဲသြားမွာပါ။ Samsung ရဲ႕အေဆာက္အအုံ ၃၈ ခုအနက္ ၁၇ ခုဟာ အေမရိကန္၊ ဥေရာပနဲ႔ တ႐ုတ္ႏိုင္ငံမွာ တည္ရွိတယ္လုိ႔ Greepeace ရဲ႕ထုတျ္ပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Samsung ရဲ႕အေဆာက္အအုံေတြမွာ ၂၀၂၀ ခုႏွစ္က်ရင္ ျပန္လည္သန္႔စင္ႏိုင္တဲ့စြမ္းအင္ လည္ပတ္သြားမွာ ျဖစ္ပါတယ္။ Samsung အေနနဲ႔ အျခားတိုင္းျပည္ေတြမွာလည္း ျပန္လည္သန္႔စင္ႏိုင္တဲ့စြမ္းအင္ကို တိုးျမႇင့္သုံးစြဲသြားႏိုင္တယ္လုိ႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ Samsung ဟာ ေတာင္ကုိရီးယားႏိုင္ငံအတြင္း Gyeonggi စီရင္စုမွာလည္း ဆိုလာျပားေတြ တပ္ဆင္သြားမွာ ျဖစ္ပါတယ္။

အျခားနည္းပညာကုမၸဏီေတြလုိပဲ Samsung ဟာ supplier ေထာင္ေပါင္းမ်ားစြာနဲ႔ လက္တြဲေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ Samsung အေနနဲ႔ ကုိယ္ပုိင္စက္႐ုံေတြအတြက္ ျပန္လည္သန္႔စင္ႏိုင္တဲ့ စြမ္းအင္အသုံးျပဳဖုိ႔ မလုံေလာက္တဲ့အတြက္ Carbon Disclosure Project Supply Chain Program နဲ႔ ပူးေပါင္းသြားမွာ ျဖစ္ပါတယ္။

ပထမဆုံးအေနနဲ႔ ထိပ္တန္း supplier ၁၀၀ က လိုအပ္တဲ့ ရွာေဖြၿပီး ျပန္လည္သန္႔စင္ႏိုင္တဲ့ စြမ္းအင္ကုိ ေျပာင္းေရႊ႕ဖို႔ အကူအညီ ေပးလိုက္တယ္လို႔ သိရပါတယ္။ အခုစီမံကိန္းဟာ ႏွစ္ေပါင္းမ်ားစြာ လုပ္ကုိင္ရမွာ ျဖစ္ၿပီး Samsung ရဲ႕တိုးတက္မႈႏႈန္းကို ေျခရာခံဖို႔ အေရးပါလာမယ္လုိ႔ သိရပါတယ္။

စိုးထက္
Ref: TechCrunch

[ Unicode ]

Samsung ဟာ အမေရိကန်၊ ဥရောပနဲ့ တရုတ်နိုင်ငံအတွင်းက စက်ရုံနဲ့ ရုံးတွေအားလုံးမှာ ၁၀၀ ရာခိုင်နှုန်း ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင်ကို အသုံးပြုသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Samsung အနေနဲ့ ပြန်လည်သန့်စင်နိုင်တဲ့စွမ်းအင်အတွက် အစီအစဉ်ကို လူသိရှင်ကြား ထုတ်ပြန်သွားခဲ့ပါတယ်။

Greenpeace နဲ့ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေက နည်းပညာ ကုမ္ပဏီတွေများစွာလို Samsung ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင်ကို ပြောင်းလဲအသုံးပြုဖို့ တောင်းဆိုနေတာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

Samsung အနေနဲ့ အလွယ်တကူထိန်းချုပ်နိုင်တဲ့ အဖွဲ့အစည်း အစိတ်အပိုင်းတွေဖြစ်တဲ့ အဆောက်အအုံတွေ၊ စက်ရုံတွေနဲ့ ရုံးတွေကို စတင်ပြောင်းလဲသွားမှာပါ။ Samsung ရဲ့အဆောက်အအုံ ၃၈ ခုအနက် ၁၇ ခုဟာ အမေရိကန်၊ ဥရောပနဲ့ တရုတ်နိုင်ငံမှာ တည်ရှိတယ်လို့ Greepeace ရဲ့ထုတြ်ပန်ချက်မှာ ဖော်ပြထားပါတယ်။

Samsung ရဲ့အဆောက်အအုံတွေမှာ ၂၀၂၀ ခုနှစ်ကျရင် ပြန်လည်သန့်စင်နိုင်တဲ့စွမ်းအင် လည်ပတ်သွားမှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ အခြားတိုင်းပြည်တွေမှာလည်း ပြန်လည်သန့်စင်နိုင်တဲ့စွမ်းအင်ကို တိုးမြှင့်သုံးစွဲသွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Samsung ဟာ တောင်ကိုရီးယားနိုင်ငံအတွင်း Gyeonggi စီရင်စုမှာလည်း ဆိုလာပြားတွေ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

အခြားနည်းပညာကုမ္ပဏီတွေလိုပဲ Samsung ဟာ supplier ထောင်ပေါင်းများစွာနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ Samsung အနေနဲ့ ကိုယ်ပိုင်စက်ရုံတွေအတွက် ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင်အသုံးပြုဖို့ မလုံလောက်တဲ့အတွက် Carbon Disclosure Project Supply Chain Program နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ထိပ်တန်း supplier ၁၀၀ က လိုအပ်တဲ့ ရှာဖွေပြီး ပြန်လည်သန့်စင်နိုင်တဲ့ စွမ်းအင်ကို ပြောင်းရွှေ့ဖို့ အကူအညီ ပေးလိုက်တယ်လို့ သိရပါတယ်။ အခုစီမံကိန်းဟာ နှစ်ပေါင်းများစွာ လုပ်ကိုင်ရမှာ ဖြစ်ပြီး Samsung ရဲ့တိုးတက်မှုနှုန်းကို ခြေရာခံဖို့ အရေးပါလာမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TechCrunch