
[ Zawgyi ]




-အောင်သက်ကို

============

[ Unicode ]

ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ တစ်မိနစ် ၅၀ ကျပ်ဖြင့် ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ် MPT ပြုလုပ်

============

ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ သက်သာစွာ ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ် ကို MPT က အသစ်ပြောင်းလဲ ခဲ့တယ်လို့ သိရပါတယ်။

မူလနှုန်းထားထက် ၅၀ ရာခိုင်နှုန်းလျော့ကျ သွားတယ်လို့သိရပြီးအရင် နှစ်နိုင်ငံကနေ ၁၂ နိုင်ငံအထိ တိုးချဲ့ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်ကို ၄၉၉ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ကာ တစ်မိနစ်ကို ၅၀ ကျပ် ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။*2050# နဲ့ *106# တို့ကို ဖုန်းခေါ်ဆိုကာ အဲ့ဒီအစီအစဉ်ကိုအ သုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ “ကျွန်တော်တို့အနေနဲ့ ပြည်တွင်း၊ ပြည်ပက သုံးစွဲသူတွေကို ဆက်သွယ်ပြောဆိုဖို့အတွက် နိုင်ငံတကာဖုန်းခေါ်ဆိုမှု Package ကိုပြန်လည်မွမ်းမံ လိုက်ပါတယ်။ အခုဆိုရင် တစ်မိနစ် ၅၀ ကျပ်တည်းနဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံကိုဖုန်းခေါ်ဆိုနိုင်ပါပြီ” လို့ MPT KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါတယ်။

ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ဂျပန်၊ သြစ တြေးလျ၊ ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါ စတဲ့ နိုင်ငံတကာ ၁၂ နိုင်ငံကိုဖုန်းခေါ် ဆိုနိုင်မှာ ဖြစ်ပါတယ်။

-အောင်သက်ကို